Showing posts with label မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး. Show all posts
Showing posts with label မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး. Show all posts

Tuesday, August 14, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၁၄) ဇာတ်သိမ်း

လုံခြုံရေးမှူးက ဦးကောင်းမြတ် ပြောမည့်စကားကို ငံ့လင့်နေ၏။ "သူ့ကို လွှတ်ပေးလိုက်" "အဘိုး" စု က ဟန့်တားလိုက် သည်။ လုံခြုံရေးမှူး က သဘောတဲ့လေ။ သူ့ကို အမှုဖွင့်ထားတာဘဲ"
ဦးကောင်းမြတ် က စုကို ညင်သာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ လုံခြုံရေးမှူးက ကိုမြတ်မင်းကို ထိုင်ခုံ မှ ဆွဲထစေပြီး အခန်းထဲမှ ခေါ်ဆောင်သွားတော့သည်။
ကိုမြတ်မင်း ထွက်ခွာသွားပြီးချိန်တွင် ရုံးခန်း၏အတွင်းဘက်မှ လူတစ်ယောက်ထွက်လာ၏။ အဘိုးက စုကိုကြည့်ရင်း- "အဲဒါ မောင်ဇော်ဟိုးပဲ" ဟု မိတ်ဆက်ပေးလိုက်၏။ ဇော်ဟိုးဟု သိလိုက်ရချိန်တွင် စု ၀မ်းသာ အားရဖြစ်သွားပါတော့သည်။
ကို ဆက်ဖတ်ရန်............

စခန်းရုံး ရှေ့ကွက်လပ်ထဲတွင် ကိုမြတ်မင်း ကြောင်တောင်တောင်ဖြင့် ရပ်နေဆဲ။ သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက် များ ပြည့်နှက်နေသည်။ ၀တ်ထားသော စပို့ရှပ်က စုတ် ပြတ်နေ ၏။ ဘောင်းဘီ မှာ ပေရေညစ်ပတ်နေသည်။ မျက်နှာမှာ ဒဏ်ရာများက မပျောက် သေး။ လူတချို့က သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြ သည်။
သူ ဘာဆက်ရမှန်းမသိ။ စခန်းအပြင်ဘက်သို့ အကဲခတ်လိုက်သည်။ ဂျစ်ကားတစ်စီးပေါ် မှ လူသုံးလေးယောက် က သူ့ကိုကြည့်နေကြသည်။ သူရုတ်တရက် လွတ်မြောက်လာသည့် အတွက် အခြေအနေ က ဆန်းကြယ်နေသည်။

လုံခြုံရေးမှူးနှင့် ဦးကောင်းမြတ်တို့က ရုံးခန်းထဲမှ အကဲခတ်နေ၏။ စုက စားပွဲပေါ်တွင် ထိုင်နေဆဲပင်။
ကိုမြတ်မင်း ခေါင်း မှ ဆံပင်များကို ထိုးသပ်လိုက်သည်။
ကားဟွန်းသံရှည် က စခန်းအပြင်ဘက်မှ ပေါ်ထွက်လာ၏။ ဂျစ်ကားပေါ်တွင် စကားပြော စက်နှင့် ဆက်သွယ်ပြောဆိုနေသူ ကို တွေ့ရသည်။ ကားဟွန်းသံက ကိုမြတ်မင်းကို ဆင့်ခေါ် နေခြင်းပင်။
ကိုမြတ်မင်း က ကားပေါ်မှ လူများကိုလှမ်းကြည့်ပြီး စခန်းအပြင်ဘက် ထွက်သွားသည်။ ဂျစ်ကားပေါ်မှ လူများကို သူဂရုမစိုက်။ ရွှေကုန်သည်များ ငှားရမ်းထားသည့် လူစု ဖြစ်ရမည် ဟုသူတွက်လိုက်သည်။ လောလောဆယ် သူတို့နှင့် မပတ်သက်ချင်သေး။ သူက ကားဂိတ် ဘက်သို့ ဆက်၍ လျှောက်လာခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များ ကလည်း သူ့ကိုစောင့်ကြည့်နေကြသည်။ သူဆက်၍ လျှောက်လာ ခဲ့သည်။ မြစ်ဆုံ မှ ရွှေလုပ်ကွက်မှာ အမှုဖွင့်ခံထားရပြီမို့ သွား၍လည်း အကြောင်းမထူး တော့။ သူက ၀ိုင်းမော်ဘက်သို့ သွားသည့် ကားတစ်စီး ကို ရှာသည်။ သို့ရာတွင် သူ့ကို မည်သူမှ အဖက်မလုပ်ရဲကြ။ အားလုံးက သူ့ကို စိုက်ကြည့်နေရင်း ကပင် သူ့ကိုအကူအညီ မပေးဝံ့ကြ။
ဂျစ်ကား တစ်စီးက သူ့နံဘေးမှာ လာရပ်သည်။
သူက ကားသမားကို ကြည့်လိုက်သည်။

"၀ိုင်းမော် သွားမယ် လိုက်မလား"
"ခင်ဗျား ကို ဘယ်သူလွှတ်လိုက်တာလဲ"
ကိုမြတ်မင်း က မေးခွန်းထုတ်လိုက်သည်။
"လောဟို"
ကားသမား အဖြေ ကို ကိုမြတ်မင်းက မယုံ။ ကားသမားက ဒက်ဘုတ်ကို ဖွင့်ပြလိုက်သည်။ ကိုမြတ်မင်းက ကားဒက်ဘုတ် အနီးသို့ တိုးကပ်၍ ကြည့်လိုက်၏။ သူကျေနပ်သွားသည်။ ကားပေါ်သို့ တက်လိုက်၏။ ကားမှာ တရွေ့ရွေ့မောင်းထွက်လာသည်။

ဂိတ်ရှေ့သို့အရောက်တွင် မည်သူမှ ဟန့်တားခြင်း မရှိ။ လုံခြုံရေးမှူးက မှာကြားထားပြီး ပြီ။ ကိုမြတ်မင်း ကန်ပိုင်တီး မှ မြန်မြန်ထွက်ခွာသွားစေလိုသည်။ နယ်မြေခံများ၏ အကူအညီ မပါဘဲ သူ့နည်းသူ့ဟန်ဖြင့် ထွက်သွား ဖို့ လိုသည်။ သို့မှသာလျှင် ကန်ပိုင် တီးနယ်မြေ ငြိမ်းချမ်းမည်။ ထို့ကြောင့် ကိုမြတ်မင်းပါလာသော ကားကို မည်သူမှ မတား။
ဂျစ်ကား သည် တတ္တရာလမ်းအတိုင်း ဆက်၍မောင်းလာခဲ့သည်။ ထိုကားနောက်မှ ဂျစ်ကား သုံးစီး လိုက်လာသည်။ သို့ရာတွင် ကိုမြတ်မင်းကို အန္တရာယ်မပြု။ ကားလေးစီးမှာ ရှေ့ နောက်စီတန်း၍ ၀ိုင်းမော်ဘက် သို့ မောင်းနှင်လာခဲ့သည်။

တောကြောလမ်းကွေ့တစ်ခုတွင် ဂျစ်ကားသည် တောလမ်းတစ်ခုထဲသို့ ချိုးကွေ့ဝင်လာခဲ့ သည်။ ကိုမြတ်မင်း ကား ဒက်ဘုတ်ထဲမှ ရွှေကျောက်ချပ်လွှာကို ထုတ်ကြည့်လိုက်သည်။ သူ လောဟိုကို သက်သေပြခဲ့ သည့် ရွှေကျောက်ချပ်လွှာပင်။
ကိုမြတ်မင်း သည် နောက်မှ ကားများကို လှည့်ကြည့်လိုက်သည်။ ကားသုံးစီးက ဆက်၍ပါ လာခဲ့သည်။ ကားသည် တောလမ်းခရီးအတိုင်း ဆက်၍မောင်းလာခဲ့သည်။ ထို့နောက် ကွက်လပ်ကျယ်ကြီးတစ်ခုဆီသို့ ဆိုက်ရောက်လာ သည်။ လောဟိုက သူ့ကို စောင့်ကြိုနေ ၏။

ကိုမြတ်မင်း ၀မ်းသာအားရ ကားပေါ်မှဆင်းလိုက်သည်။ သို့သော် သူချက်ချင်းပင် သတိ ထားမိလိုက် သည်။ လောဟို ခြေရင်းတွင် ချထားသည့် ကျောပိုးအိတ်။
သူကားပေါ်မှ ဆင်းပြီး ကျောပိုးအိတ်ကိုပြေးကြည့်ကာ ဖွင့်လိုက်သည်။ ရွှေကျောက်ချပ် များ၊ ရွှေကျောက်ပြား များကို တွေ့လိုက်ရသည်။ သူအငမ်းမရ ကြည့်နေသည်။ သူကိုယ် တိုင်အသက်လုကာ သယ်ယူလာခဲ့သော ပစ္စည်း များ မဟုတ်လော။
လောဟို က ကိုမြတ်မင်း အငမ်းမရဖြစ်နေသည်ကို ကြည့်ရင်း ကျေနပ်နေတော့သည်။

အချိန်မှာ သိပ်မကြာလိုက်။ သူတို့စခန်းနှင့် အနီးတစ်ဝိုက်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင် များအသင့်နေရာ ယူထားပြီးကြပြီ။ အဖွဲ့ခေါင်းဆောင်က ပစ်မိန့်တောင်းလိုက်၏။ စကား ပြောစက်ဆီမှ အသံပေး လာသည်။ လောဟိုသည် သူ့ခါးကြားဆီမှ ထွက်ပေါ်လာသော စကားပြောစက်မှ ပစ်မိန့်ပေးသံကို ကောင်းစွာ ကြားလိုက် ရ၏။ သူ့နှုတ်ဖျားမှ အော်ဟစ် ကာ သတိပေးရန် ပြင်ဆင်ဆဲမှာပင် သူလဲကျသွားသည်။ ကျည်ဆန် များက သူ့တို့ထံသို့ တရစပ်ပြေးဝင်လာ၏။
ကိုမြတ်မင်းသည် ကျောပိုးအိတ်ကို ပွေ့ပိုက်လျက် ပြေးနေရင်းပျော့ခွေကျသွားသည်။ သို့ ရာတွင် သူဆက်၍ပြေးနေ သည်။ သူ့ခန္ဓာကိုယ်က ကျောပိုးအိတ်ကိုပွေ့လျက် မြေပြင်တွင် လဲကျနေသည်။ သူ့စိတ်ဝိဥာဉ် က ပြေးနေသည်။ ဆက်၍ပြေးနေသည်။ ရေကြည်ချောင်း လက်တက်ဆီ မှ ရွှေကြောသစ်ကြီးပေါ် တွင် မနားမနေဆက်၍ ပြေးနေပါတော့သည်။

............................................

မြစ်ကြီးနားလေဆိပ်ဆီသို့ ထိုးဆိုက်လာသော လေယာဉ်ပျံ ရပ်နားပြီးချိန်တွင် ခရီးသည် များဆင်းလာကြသည်။
ဧည့်ကြိုနေရာ တွင် ဇော်ဟိုးနှင့် စုတို့ရင်ခုန်စွာ စောင့်စားနေကြသည်။ လေယာဉ်တံခါးဝ တွင်ပေါ်လာသော ဧည့်သည်များ ဆီသို့ လှမ်းကြည့်နေကြ၏။ ခုနှစ်ဦးမြောက်ခရီးသည်မှာ ဂျိန်းဖောဝတ်စုံနှင့် နူး။ သူ့လက်ထဲတွင် ကလေးငယ် ကို ပွေ့ချီထား၏။
"နူး"
"နူးရေ"
ဇော်ဟိုးနှင့် စုတို့ အော်သံများက ဆူညံသွားတော့သည်။

ဒူးဝါးဇောင်နှင့် ဦးကောင်းမြတ်တို့က ပြုံးပြုံးရွှင်ရွှင်ကြည့်နေကြသည်။ သူတို့မကြာခင် ခွဲခွာ ကြပေဦး မည်။ နူးသည် အပြေးတစ်ပိုင်းဖြင့် ဇော်ဟိုးနှင့် စုထံသို့ လျှောက်လှမ်းလာ၏။ ဇော်ဟိုးက နူးနှင့် ကလေးငယ်ကို ၀မ်းသာ အားရ ဆီးပွေ့ပါသည်။ စုလည်းနူးကို ကြည့်၍ မျက်ရည်ဝဲနေသည်။ သူ့ရင်ထဲမှာ ဖော်ပြ၍မရအောင် ကြည်နူးနေ ပါသည်။
ထို့နောက် စုက ကလေးငယ်ကို ပွေ့ချီလိုက်သည်။ လှိုက်လှဲတုန်ရီစွာ နမ်းရှိုက်လိုက်သည်။ ကလေးငယ်သည် အပြစ်ကင်းစွာ ပြုံးရယ်နေ ပါသည်။
သူတို့အားလုံး စကားလက်ဆုံကျနေချိန်တွင် အမျိုးသမီးတစ်ဦးက စုကို လာရောက်မိတ် ဆက်စကား ပြောလာပါသည်။

"မစုမြတ် မဟုတ်လားဟင်၊ ဂျာနယ်ထဲမှာ ဓာတ်ပုံတွေ့ဖူးလို့ပါ"
စုမြတ် က အမျိုးသမီးကို ပြုံး၍ခေါင်းညိတ်ပြပါသည်။
"ကျွန်မ စုမြတ်ပါ။ ကျေးဇူးတင်ပါတယ်ရှင်"
"ကျွန်မ က မစုမြတ်ရဲ့ ပရိသတ်ပါ။ မစုမြတ်ရေးတဲ့သတင်းတွေကို အမြဲလေ့လာတယ်။ ကျွန်မနာမည် ငြိမ်းနုပါ"
"သြော်...အလည်လာတာလားဟင်၊ ဘယ်သူပါသေးလဲ"
ငြိမ်းက ရယ်ရင်း နောက်သို့ တစ်ချက်လှည့်ကြည့်သည်။

"ကျွန်မတို့ ပျားရည်ဆမ်းခရီးထွက်လာတာ။ မြစ်ဆုံမှာ အမှတ်ရပွဲလေးလုပ်မလို့"
"ဟယ် ကျွန်မကို မဖိတ်ဘူးလား"
"အခု လာဖိတ်တာလေ။ ကျွန်မ အမျိုးသားက ကိုဇော်မင်းတဲ့။ မစုမြတ်ကို အားကိုးရမှာတွေ ရှိတယ်။ အခုမြစ်ဆုံ ကိစ္စအတွက် ကျွန်မတို့ လှုပ်ရှားနေပြီ။ အဲဒါ မစုမြတ်တို့ သတင်း ထောက်တွေရဲ့ ကျေးဇူးပါ"
စုမြတ် ၀မ်းသာသွားသည်။ သူ့နား ကိုပင် သူမယုံချင်။
"တကယ်လားဟင်၊ မြစ်ဆုံကိစ္စ ကို ကြိုးစားမယ်၊ ဟုတ်လား"
ငြိမ်းက စုမြတ်လက်နှစ်ဖက် ကို အားပါးတရ ဆုပ်ကိုင်လိုက်သည်။

"ရန်ကုန်ရော၊ မန္တလေးရော၊ နယ်တွေမှာရော မြစ်ဆုံနဲ့ ဧရာဝတီကိစ္စ အကြီးအကျယ် လှုပ်ရှားနေပြီ။ စာပေသမားတွေရော၊ သတင်းမီဒီယာတွေရော၊ ပညာရှင်တွေရော၊ အရပ်ဘက်က လူတွေပါ အားလုံး ပါလာပြီ။ မြစ်ဆုံနဲ့ ဧရာဝတီအတွက် ပါလာကြပြီ"
စုမြတ် က ငြိမ်းလက်များကို ပြန်၍လှုပ်ခါရင်း မျက်ရည်များဝဲလာပါသည်။ သူက အဘိုးကို အဓိပ္ပာယ်ရှိရှိ လှမ်းကြည့်လိုက်ပါသည်။ ဦးကောင်းမြတ်ကလည်း ခေါင်းညိတ်ပြနေ၏။
လေယာဉ်ခရီးစဉ် သည် ပြန်၍ထွက်ခွာရန် ကြေညာနေလေပြီ။

ဒူးဝါးဇောင်တို့အဖွဲ့သည် ဦးကောင်းမြတ်ကိုနှုတ်ဆက်၍ လေယာဉ်ဆီသို့ထွက်ခွာရန် ပြင်ဆင်နေကြသည်။ ဦးကောင်းမြတ် က အားပေးအကြည့်ဖြင့် ကြည့်နေဆဲပင်။ လွှတ်တော် တွင်ဆွေးနွေးတင်ပြမည့် ကချင်ပြည်နယ် အရေးအတွက် သူတို့ စတင်ခြေလှမ်းပြင်လိုက် ကြလေပြီ။
လေယာဉ်ခရီးစဉ် သည် ကချင်ပြည်နယ်အရေးကိစ္စကို တင်ဆောင်၍ပြလည် ထွက်ခွာသွား ပါလေပြီ။

မြန်မာပြည်အရပ်ရပ်မှ NGO များနှင့်၊ ဘလော့ဂါများ
ဂျာနယ်အသီးသီးမှ သတင်းထောက်မျာ၊ ဆောင်းပါးရှင်များအား
အစဉ်လေးစားစွာဖြင့်
မာန်(တောင်လုံးပြန်)
moekyawthu.1971@gmail.com
.
>>>ဆက်ဖတ်ရန်>>> >>

Monday, August 13, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၁၃)

ဒူးဝါးဇောင် စားပွဲပေါ်မှ ဂျာနယ်ကိုပြန်၍ ယူကြည့်နေမိသည်။ ဖြစ်ပေါ်လာမည့် သမ္မတသစ်နှင့် အစိုးရ သစ်အဖွဲ့ဝင် များကို ဆက်၍ လေ့လာရဦးမည်ဟု တွေးတောနေမိတော့သည်။ ကို ဆက်ဖတ်ရန်.........

အခန်း (၁၁)

ကန်ပိုင်တီးဒေသသည် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဌာနများအနက် ၂၀၀၉ ခုနှစ် တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော ဒေသဖြစ်သည်။ တခြား နယ်စပ်ကုန်သွယ်ရေးဌာန သုံခုရှိသည်။ မူဆယ် ၁၀၅မိုင်၊ လိုင်တာနှင့် လွယ်ဂျယ်တို့ ဖြစ်သည်။
(၂၀၀၂) ခုနှစ် တစ်ကြိမ်ဖွင့်ပြီး လမ်းပန်းဆက်သွယ်ရေးကြောင့် ကန်ပိုင်တီး ကုန်သွယ်ရေးဌာန ကို ပြန်ပိတ်ထားခဲ့သည် ၂၀၀၄ ခုနှစ်တွင် ၁၆၈ ကီလိုမီတာ ရှည်လျားသော မြစ်ကြီးနား-ကန်ပိုင်တီး- တရုတ် နယ်စပ်လမ်းကြောင်း ကို ဖောက်လုပ်ခဲ့သည်။
၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် လမ်းဖွင့်ပွဲ ကျင်းပခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးဌာန ဖွင့်လှစ်ခဲ့ခြင်းကြောင့် ကန်ပိုင်တီးဒေသမှာ စည်ကားဖွံ့ဖြိုးလာခဲ့သည်။ ကုန်သည်မျိုးစုံ၊ အရောင်းအဝယ် သမားမျိုးစုံ၊ သွင်းကုန်ထုတ်ကုန် သယ်ယူပို့ဆောင်ရေးမျိုးစုံဖြင့် လှုပ် ရှားတက်ကြွနေ၏။
နယ်မြေက ငြိမ်းချမ်းရေး ယူထားသော နယ်မြေ။ ကုန်သည်များက လမ်းပိုင်ခရီး ပို၍ တိုတောင်းသဖြင့် သဘောကျ ကြသည်။ ဗန်းမော်ဘက်မှ လာကြသည့် အရောင်းအဝယ်သများများရှိသည်။ မြစ်ကြီးနားမှ ကုန်သည် များ ရှိသည်။ ရေထွက်ကုန်များ ဖြစ်သည့် ငါးရှဥ့်၊ ဂဏန်းများ ကားကြီးကားငယ်တို့ ဆိုက်ရောက် လာကြသည်။ ကန်ပိုင်တီးမှာ ရေလဲရေဖြည့် လုပ်ပေးသော ပွဲရုံများ ရှိလာသည်။
ကျောက်လုပ်ငန်း သမားများလည်း ကန်ပိုင်တီးဘက်သို့ ရောက်လာကြသည်။ ရွှေကုန်သည်များလည်း ဝင်ထွက် လာကြသည်။ မြန်မာပြည်အရပ်ရပ်မှ ကောက်ပဲသီးနှံ၊ ရေထွက်ကုန်ပစ္စည်းမျိုးစုံ၊ သယံဇာတ မျိုးစုံတို့ တရုတ်ပြည် သို့ ရောင်းချသည်။ တရုတ်ပြည်ဘက်မှ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အထည်အလိပ်၊ ပလတ်စတစ် ကုန်မာပစ္စည်း များ သွင်းယူလာကြသည်။

မုဆိုးကိုစိုင်သင် ဆိုသကဲ့သို့ ဒေသခံများလည်း အရောင်းအဝယ် နားလည်လာကြသည် နား မျက်စိ ပွင့် လာကြသည်။
ကန်ပိုင်တီးသည် အခွန်ငွေများစွာကို ဖြည့်ဆည်းပေးသော ဒေသတစ်ခု အဖြစ် အချိန်တိုတို ကာလအ တွင်း အရေးပါလာ ခဲ့သည်။ ထို့အတူ နယ်စပ်ဒေသ ကုန်သွယ်ရေးဌာနတို့၏ သဘောသဘာဝ အတိုင်း ပြဿနာ များလည်း ရှိနေစမြဲပင်။
ကန်ပိုင်တီးဒေသ သို့ ယခုရောက်ရှိသော မျက်နှာစိမ်းအုပ်စုများက သူ့အစုနှင့် သူ ရှိနေကြသည်။ မည်သူ တွေ မှန်း သဲသဲကွဲကွဲ မသိနိုင်သေး။

ပထမတစ်ခုက တောင်ပေါ်ဒေသသုံး ဂျစ်ကားသုံးစီးဖြင့် ရောက်လာကြသည်။ လုံခြုံရေး တာဝန်ခံ များ နှင့် တွေ့ဆုံခိုက်တွင် ငါးရှဥ့်ဈေးနှုန်းများ လေ့လာရန် ဟု အကြောင်းပြချက်ပေးသည်။
ထိုအုပ်စုနှင့် မရှေးမနှောင်းမှာကပင် တရုတ်နယ်စပ်ဘက်မှ အရာရှိ(၂)ဦး ရောက်လာဥည်။ သူတို့ လက်ထဲတွင် အလို ရှိသော တရားခံပြေး တစ်ယောက်၏ ဓာတ်ပုံတစ်ပုံ ပါလာသည်။ သူတို့ပြောစကား အရ ထိုတရားခံပြေး သည် ကန်ပိုင်တီးကို ဖြတ်၍ ဝိုင်းမော်ဘက်သို့သွားမည်ဟု သတင်းရထားကြောင်း ပြောလာသည်။ ထိုတရားခံပြေးက လတ်တလေတွင် တရုတ်-မြန်မာနယ်စပ် တစ်နေရာတွင် ပုန်းခိုနေ ကြောင်း သတင်း ရထားသည် ဟု ဆိုသည်။

သူတို့အုပ်စု ထွက်သွားပြီးနောက် ကန်ပိုင်တီးရှိ ဒေသခံ လုံခြုံရေးမှူးဆီသို့ ဖုန်းသတင်းတစ်ခု ဝင်လာ သည်။ ဒူးဝါးဇောင် ထံမှ ရောက်ရှိလာမည့် ဦးကောင်းမြတ်တို့အဖွဲ့ကို အပြည့်အဝ အကူအညီပေးရန် ဖြစ်သည်။ တနေ့က ပင် ထိုကိစ္စအတွက် ရှာဖွေရေးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့၍ ကန်ပိုင်တီးနယ်စပ် တစ်လျှောက် သို့ စေလွှတ်ထားပြီးပြီ။ လက်နက်ကိုင်အဖွဲတစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းထောက် အမျိုးသမီးတစ်ဦး ကို ကယ်ဆယ်ရန်ပင်။

တရုတ်အရာရှိမှ အလိုရှိနေသော တရားခံပြေးနှင့် ဦးကောင်းမြတ်၏ မြေးမသတင်းထောက် စုမြတ်ကို ဖမ်းဆီး ထားသူမှာ တစ်ဦးတည်းဖြစ်သည်။ လောဟိုကို အမိအရ ဖမ်းချင်နေကြသည်။ ထိုနှစ်ဖွဲ့ ပူးပေါင်း မိစေရန် လုံခြုံရေးအရာရှိ က စီစဉ်ပေးထားသည်။ လောဟို၏ ပြစ်မှုများက မသေးလှ။ လူသတ်မှု၊ ဘိန်း မှောင်ခိုမှု၊ တံတား ဖျက်ဆီးမှု၊ ပြန်ပေးဆွဲမှု၊ နယ်စပ်ဖြတ်ကော်မှုများ အပြင် လက်နက်မှောင်ခိုများနှင့် ဆက်စပ်နေသည်။
တောနင်းကာ ရှာဖွေနေသော တပ်ဖွဲ့ဝင်များထံမှ သတင်းကို စောင့်စားရင်း နားနေဆောင်တွင် ဦးကောင်းမြတ်နှင့် တရုတ်အရာရှိတို့ စကားပြန်နှင့်အတူ စကားလက်ဆုံကျနေသည်။ အစိုးရသစ် လက်ထက် တွင် နယ်စပ် ရောင်းဝယ်ဖောက်ကားမှုများ ပို၍ ဖွံ့ဖြိုးတိုးတက်လာသည်မို့ နှစ်ဖက်အမြင် များကို ဆွေးနွေးမိကြခြင်းပင်။

ကိုမြတ်မင်းက လက်နှစ်ဖက်မြောက်၍ မတ်တတ်ရပ်လိုက်သည်။ ကျည်တစ်ထောင့်က သူ့အနားမှ ဖြတ် သန်းကာ နောက်ဘက်ရှိ ကျောက်တုံး ကို လာမှန်၏။ ကိုမြတ်မင်း ဘုရားတ လိုက်ရင်း အော်ဟစ် လိုက် သည်။ ဇော်ဟိုး က ခပ်လှမ်းလှမ်းကျောက်တုံးများအကွယ်မှ အခြေအနေကို အကဲခတ်နေ၏။ ကို မြတ်မင်းက လက်မြောက် လျက် ရပ်နေရင်းကပင် ချောင်းထဲသို့ ကျောပိုးအိတ်ကို ခြေဖြင့် ထိုးကာထိုး ကာ ကန်ချနေသည်။
လောဟိုက ကိုမြတ်မင်း ကို သေနတ်ဖြင့် ချိန်ရွယ်ရင်း စုကို ကြိုးပြစ်ပေးရင်း အမိန့်ပေးနေသည်။
"အဲဒီကောင်ကို ကြိုးတုပ်ပြီး သွားခေါ်လာခဲ့၊ သွား"
စုက ပုန်းကွယ်နေရာမှ ထွက်ရပ်လိုက်သည်။ အကယ်၍ တစ်ဖက်မှ ပစ်ခက်လာပါက စုကိုသာ ကျည် သင့် လိမ့်မည်။ ဇော်ဟိုးက ချောင်းကြည့်နေရင်း ချောင်းထဲသို့ တရွှေ့ရွှေ့ တွားသွားကာ ဆင်းလိုက်၏ ကိုမြတ်မင်း ကန်ချသော ကျော်ပိုးအိတ်မှာ ရေစီးကြောင့် တစ်လှိမ့်ချင်း မျောပါလာသည်။

"ဇော်ဟိုး မင်း ထွက်ခဲ့မလား၊ မထွက်ဘူးလား"
လောဟို က လှမ်း၍ အော်ဟစ်လိုက်၏ စုက ကိုမြတ်မင်း ရပ်နေသော ကျောက်တုံးများဆီသို့ လျှောက် လာသည်။ သူတို့နှင့် မလှမ်းမကမ်း၌ လောဟို တပည့်များက စောင့်၍ ကြည့်နေသည်။ ဘယ်လိုမှ ပြေး၍ လွတ်နိုင်သော အခြေအနေမရှိ။
စုက ကိုမြတ်မင်း ကို နောက်ပစ်ခိုင်းပြီး လောဟို မှာကြားသည့်အတိုင်း ကြိုးတုပ်လိုက်သည်။ သူတို့ နှစ်ယောက် ကို လောဟို အာရုံစိုက်နေစဉ်မှာပင် ဇော်ဟိုးက ချောင်းရေစီးအတိုင်း မျှောချသွားတော့ သည်။ သို့သော် လောဟို က တပည့်တစ်ယောက်က ဇော်ဟိုးကို မြင်လိုက်ရသဖြင့် ချောင်းထဲသို့ လှမ်း၍ ပစ်ခတ်တော့သည်။ ရေစီးက သန် လှ၏။  ကျန်လူများလည်း ဇော်ဟိုးနောက်သို့ ကမ်းစပ်မှ လိုက်လံ ပစ်ခတ်ကြသည်။ ဇော်ဟိုး က ရေစီးနှင့် ပါလာသော ကျောပိုးအိတ်ကို ဖမ်းယူကာ ကျည် ဆန်များကို ကာကွယ်နေ၏။ ချောင်းရေစီးက ကျဉ်းမြောင်း လာပြီး ကျောက်တုံး ကျောက်ခဲများကြား သို့ရောက် လာသည်။ ချောင်းရေ မှာ ကျောက်တန်း များကြား သို့ ရောက်သွားပြီးမို့ လောဟို တပည့် များက ဆက်၍ မလိုက်နိုင်တော့။

စုနှင့် ကိုမြတ်မင်းတို့ ချောင်းစပ် ကျောက်တုံးများကြားမှ တက်လာသည်။ လောဟိုက ကိုမြတ်မင်း ကိုကြည့် ရင်း ခေါင်းညိတ်နေသည်။
"ခင်ဗျား တော်တော်သတ္တိကေင်းတာပဲ။ ဘယ်မှာလဲ မြေပုံ"
လောဟို စကားဆုံးသည်နှင့် ရိုင်ဖယ်သေနတ်ဒင်ဖြင့် တစ်ချက်ထုလိုက်သည်။ ကိုမြတ်မင်း ခွေခနဲ ပုံကျ သွားသည်။ လက်နှစ်ဖက်ကို ကြိုးချည်ထားသည်မို့ ပုံကျနေရာမှ ပြန်မထနိုင် သေး။
"ရွှေကြောမြေပုံ ဘယ်မှာလဲ"
"ထွီ"
ကိုမြတ်မင်း က ပါးစပ်ထဲမှ စီးလာသည့် သွေးများကို ထွေးထုတ်ရင်း လောဟိုအမေးကို ဖြေလိုက်သည်။ ကိုမြတ်မင်း အဖြေက လောဟို ဒေါသကို ပိုဆွပေးလိုက်သည်။
သေနတ်ဒင်ဖြင့် ကိုမြတ်မင်း ကျောကုန်းကို ထုလိုက်ပြန်၏။

"ရိုင်းဦးလေ၊ ခင်ဗျား ကျုပ်ကို ထမင်းဆိုင် စားပွဲထိုး ထင်နေတုန်းလား"
ကိုမြတ်မင်း မြေပြင်ပေါ်သို့ ပုံကျသွားပြန်သည်။
လောဟို က သူ့တပည့်နှစ်ယောက်ကို မန်ဒရင်းဘာသာစကားဖြင့် အမိန့်ပေးလိုက်၏။ သူ့တပည့်နှစ်ယောက် က ကိုမြတ်မင်းကို ပက်လက်လှန်လိုက်ပြီး ရှာဖွေပါတော့သည်။ မြေပုံ က မရှိပါချေ။
လောဟို သေနတ်ကို မောင်းတင်၍ ကိုမြတ်မင်း မျက်နှာကို ချိန်ရွယ်ကာ မေးခွန်းထုတ် လိုက်ပြန်သည်။ အဖြေကား မရ။ ကိုမြတ်မင်း ထပ်မံ၍ အနှိပ်စက်ခံရပြန်သည်။ မျက်နှာတစ် ခုလုံး သွေးအလိမ်းလိမ်း ဖြစ်နေပြီ။ စုက လှမ်း၍ အော်ပြောလိုက်သည်။

"နင်တို့ သူ့ကို သတ်ရင် ဘာမြေပုံမှရမှာမဟုတ်ဘူး။ ရွှေကြောကို သိတာသူပဲရှိတယ်။ မှတ်ထားဟဲ့"
လောဟို က စုကိုဖြတ်၍ ရိုက်ချလိုက်၏။ လက်ပြန်ရိုက်ချက်ကြောင့် စုလည်ထွက်ရင်း ပါးပြင်မှ သွေးတို့ စီးကျလာ သည်။ လောဟို တပည့်တစ်ဦးက စုပြောသည်ကို ထောက်ခံ စကားပြောလာ သည်။ လောဟို က သွေးဒီးဒီးကျနေသည့် ကိုမြတ်မင်းကို ဆွဲထူရင်း-
"ခင်ဗျား ခေါင်းမာနေရင် ဒီနေရာမှာ သင်္ချိုင်းမြေပုံဖြစ်သွားမယ်၊ ကြားလား"
"ခုနှစ်ဆယ်ရာခိုင်နှုန်း" ကိုမြတ်မင်း စကားကြောင့် ဆွဲထူနေသော လောဟိုက မြေကြီးပေါ်သို့ ပြန်တွန်းလှဲလိုက် သည်။ သေနတ်ပြောင်းကို ကိုမြတ်မင်း နဖူးသို့ ချိန်ရွယ်လိုက်သည်။ ကိုမြတ်မင်းက သေနတ်ပြောင်းကို တည့်တည့် ရင်ဆိုင်ရင်း- "ခြောက်ဆယ့်ငါးရာခိုင်နှုန်း"
လောဟိုက သေနတ်မောင်းကို ဆ၍ဆ၍ ဒေါသကို ထိန်းနေသည်။ ကိုမြတ်မင်းက ချိန်ရွယ် ထားသောသေနတ်ပြောင်းကို ရှောင်လိုက်သည်။

"ခြောက်ဆယ်ရာခိုင်နှုန်း" လောဟိုက ခေါင်းခါသည်။
ကိုမြတ်မင်းက အရဲစွန့်ရင်း လောဟိုကို ထပ်၍ပြောသည်။ ကြိုးချည်ထားသောလတ်ကို ပြ၍ ကြိုးဖြေခိုင်းသည်။ လောဟိုက ကြိုးဖြေပေးလိုက်သည်။
"ငါးဆယ့်ငါးရာခိုင်နှုန်း"
ကိုမြတ်မင်း က ပြောရင်း လောဟိုခါးကြားမှ ရေဘူးကို ဆွဲဖြုတ်လိုက်သည်။ လောဟို မဟန့်တားဝံ့တော့။
"ခင်ဗျားကို အချိန်မရွေး သတ်လို့ရတယ်" လောဟိုက ခြိမ်းခြောက်လိုက်သည်။

"မင်းရွှေကုန်သည်တွေ ကို ဘယ်လို ပြန်ရှင်းပြမလဲ"
ကိုမြတ်မင်းက မေးခွန်းထုတ်လိုက်သည်။ ထို့နောက် စီးထားသော ဖိနပ်ကိုချွတ်၍ ခါချ လိုက်သည်။ ရွှေကျောက်ချပ်တစ်ချပ် က ထွက်ကျလာ၏။ "အဲဒါ ကွာလတီ အပြည့်ရှိတဲ့ သဘာဝရွှေနော်။ ကမ္ဘာ့ရွှေဈေးကွက် မှာ ပြိုင်ဘက်မရှိတဲ့ ကွာလတီရွှေမျိုး၊ ငါတောင်းတဲ့ ငါးဆယ့်ငါးရာခိုင်နှုန်းက မများဘူး။ မင်းတို့ ပိဿာနဲ့ချီပြီး ရမှာ" လောဟို က ထွက်ကျလာသော ရွှေကျောက်ချပ်ကို ကောက်ယူကြည့်လိုက်သည်။ ငါးဆယ့် ငါးရာခိုင်နှုန်း ဟု ပါးစပ်မှ သံယောင်လိုက်၍ပြောလိုက်ပြန်သည်။
သူတို့ အာရုံမစိုက်မိသည်က ချောင်းစပ်မှ ၀ပ်တွား၍တက်လာသော လူတစ်စုကိုဖြစ်သည်။ ထိုလူစုက ရှစ်ယောက်တိတိ။ အားလုံး မောင်းပြန်သေနတ်များကိုင်ဆောင်ထားကြသည်။ ချောင်းစပ်ဆီမှပင် လူစု ခွဲလိုက်ပြီး လောဟို တို့ကို ၀ိုင်းထားကြသည်။ အဖွဲ့ခေါင်းဆောင်က သူ့လူများ နေရာယူပြီး သည်အထိ စောင့်ကြည့်နေပြီးအချက်ပေးလိုက်၏။ ငှက်တစ်ကောင် ၏အော်မြည်သံ က ချောင်းစပ်မှ ထွက်ပေါ်လာသည်။

ထို ငှက်အော်သံမှာ တိုးတိုးလျလျမျှသာ။ လောဟိုက ချက်ချင်းပင် နောက်ဘက်သို့ဝပ်ချ လိုက်သည်။ သေနတ်သံများ ဆူညံစွာ မြည်ဟည်းလာ၏။ လောဟိုတပည့်များက ပြန်၍ပစ် ခတ်ချိန်မရလိုက်။ ခြေထောက်၊ လက်မောင်းများကို ထိမှန်ရင်းလဲကျကုန်တော့သည်။
လောဟို က မြေပြင်ပေါ်မှာပင် တွားသွားလျက် တောစပ်သို့ ပြေးဝင်သည်။ စုက ၀ပ်တွားနေရာ မှ လောဟို ကို ပြေးဖက်ကာ နပန်းလုံးသည်။ လောဟိုလက်ထဲမှ သေနတ်လည်း လွတ်ကျသွားလေပြီ။ စုက သိုင်းဖက်ထား ရာမှ လောဟို ၏ ရုန်းကန်မှု ကြောင့်လွင်ထွက်သွား၏။ သူတို့နှစ်ဦး လုံးထွေးနေသည်မို့ ပစ်ခတ်နေသူ များက ဆက်၍ မပစ်ဝံ့တော့။ လောဟိုက ကိုယ်တစ်ပတ်လှည့်င်း တောစပ်သို့ ပြေးဝင်သည်။ သူ့ကို မည်သူ မျှ မတားနိုင်တော့။ စုက သေနတ်ကိုကောက် ၍ လှမ်းပစ်ခတ်ပါသော်ငြား ကျည်ဆန်က မထွက်။ ကိုမြတ်မင်း က မြေပြင်တွင် ပြားပြားဝပ်နေသည်။
လောဟို တပည့်လေးဦးမှာ ဒဏ်ရာကြောင့် အော်ဟစ်ညည်းတွားနေကြ၏။ ချောင်းစပ်မှ တက်လာသူများက ကိုမြတ်မင်းနှင့်စုထံသို့ ရောက်လာသည်။ အဖွဲ့ခေါင်းဆောင်က လဲကျ နေသူများထံမှ သေနတ်များကို သိမ်းဆည်း ခိုင်းလိုက်သည်။

"ကျွန်တော်တို့က ဒူးဝါးဇောင်အဖွဲ့ကပါ။ ခင်ဗျားအဘိုးလည်း ကန်ပိုင်တီးမှာစောင့်နေ တယ်။ ခင်ဗျားကို ကယ်ဖို့ လိုက် လာတာလေ"
အဖွဲ့ခေါင်းဆောင်၏ စကားကြောင့် စုက လက်ထဲမှသေနတ်ကို ကမ်းပေးလိုက်သည်။ လူတစ်ယောက်က ကိုမြတ်မင်းကို ဆွဲထူပေးလိုက်၏။
အဖွဲ့ခေါင်းဆောင်က စကားပြောစက်ကို ဖွင့်၍ ကန်ပိုင်တီးမှ ဦးကောင်းမြတ်တို့ထံ ဆက်သွယ်လိုက်သည်။ သတင်းထောက် စုမြတ် ကို ပြန်၍ကယ်ဆယ်နိုင်ပြီမို့ ကန်ပိုင်တီး သို့ အမြန်ဆုံးပြန်လာရန် ညွှန်ကြားလာ၏။ အဖွဲ့ခေါင်းဆောင် က ဒဏ်ရာရနေသော လောဟို တပည့်များကို နောက်မှ လိုက်လာစေရန် သူ့တပည့်သုံးဦးကို တာဝန်ပေးလိုက် သည်။ တပည့်နှစ်ဦးကို လောဟို နောက်သို့ လိုက်စေသည်။ သူတို့အဖွဲ့က ကန်ပိုင်တီး သို့အမြန်ဆုံး ထွက်ခွာ လာကြတော့သည်။

ကိုမြတ်မင်းက လုံခြုံရေးအရာရှိ မေးမြန်နေသည်ကို ခွန်းတုံ့မပြန်။ ဦးကောင်းမြတ်နှင့် စုမြတ်က စားပွဲတစ်ဖက်မှာ ရပ်လျက် အကဲခတ်နေသည်။
"ခင်ဗျား မပြော လည်း အမှုက ဖွင့်ရမှာပဲ ကိုမြတ်မင်း။ ခင်ဗျားတို့ ကုမ္ပဏီကို လူပြန်ပေးဆွဲ မှုနဲ့ အရေးယူမှာပဲ။ ရန်ကုန် မှာလည်း အမှုဖွင့်ထားပြီးပြီ"
ကိုမြတ်မင်း က စုမြတ်နှင့် ဦးကောင်းမြတ်ကို လှမ်းကြည့်သည်။ နှုတ်က ဘာမှမပြော။ စုမြတ်က အဖြစ်အပျက် အားလုံး ကို သိထားပြီးပြီ။ နူးကိစ္စနှင့် ပတ်သက်၍ အမေ့ကိုရော၊ ဦးသိန်းဇော်ကိုပါ အယ်ဒီတာဦးစိုးအေးတို့က အမှုဖွင့်ထားပြီးဖြစ်သည်။ ယခုကိုမြတ်မင်း ကဘာတစ်ခုမှ ၀န်မခံသေး။

လုံခြုံရေးအရာရှိက ဦးကောင်းမြတ် တို့ စကားပြောခွင့်ရရန် အပြင်သို့ထွက်သွားသည်။ ဦးကောင်းမြတ်က ကိုမြတ်မင်း နံဘေးမှ စားပွဲတွင် ၀င်ထိုင်လိုက်၏။ စုက သူတို့နှစ်ဦကို ကြည့်နေသည်။
"မောင်ရင့် ကို ဦး တကယ်အံ့သြတယ်။ ဒီလောက် လက်ရဲဇက်ရဲနိုင်လိမ့်မယ်လို့ ထင်မ ထားဘူး။ ဘာလို့ ဒီလို လုပ် ရတာလဲကွာ။ ဒီနယ်မြေကို သွေးရောင်လွှမ်းအောင် မောင်ရင် လုပ်နေတာဆိုတာ သိရဲ့လား"
ကိုမြတ်မင်းက တစ်ချက် ရယ်လိုက်သည်။ သူ့မျက်နှာပေးနှင့် ရယ်သံမှာ ဒေါ်သီရိ ပါဝင်စွက် ဖက်နေသည်ကို သိထား၍ သရော်လိုက်ခြင်းပင်။ စုက ခံပြင်းစိတ်ဖြင့် ကိုမြတ်မင်း အနားသို့ အရောက်သွားကာ လက်ကို ရွယ်လိုက်၏။ "မလုပ်နဲ့ မြေး၊ မလုပ်နဲ့။ အဘိုးမကြိုတ်ဘူး" "ဟွန်း၊ အဲဒါ မင်းအမေကို မင်းပြောပါလား" "ရှင်" "တောတော့်မြေး၊ တော်တော့"

"ဘာလဲ ဦးကောင်းမြတ်၊ ခင်ဗျား အခုမှ သူတော်ကောင်းလုပ်မနေနဲ့၊ နူးကို ပြန်ပေးဆွဲတာ ခင်ဗျား မပါဘူးလို့ ငြင်း လို့ရချင်ရမယ်၊ ဒေါ်သီရိ လုပ်သမျှ ဘာမှမသိပါဘူးလို့ ခင်ဗျား မငြင်းနဲ့။ ခင်ဗျား မြစ်ဆုံ ကိုလိုက်လာတာ ရွှေကြောသစ်ကိစ္စဆိုတာ ၀န်ခံစမ်းပါ။ အခုမှ သူတော်ကောင်း လုပ်မနေပါနဲ့"
ဦးကောင်းမြတ် က ငေးကြည့်နေသည်။ ကိုမြတ်မင်း စကားများက သူ့ကို စော်ကားလွန်းနေ ပြီ။ သို့သော် သူက ဒေါသ ကို ထိန်းလိုက်သည်။
"မောင်ရင် တွေ့ခဲ့တဲ့ ရွှေကြောက ရေကြည်ချောင်း လက်တက်မှာမို့လား"
သူ့စကားကြောင့် ကိုမြတ်မင်း အံ့အားသင့်သွားသည်။

"ချောင်းရေ က ကြည်လင်နေတယ်။ ကျောက်တုံးကျောက်ခဲတွေက ရွှေရောင်တောက်နေ တယ်။ ရေက ဒူးဆစ်သာသာ စီးနေတယ်။ မျောလာ တဲ့ ရွှေမှုန်တွေကြောင့် ကျောက်ပြား ကျောက်ချပ်တွေ က ရွှေနဲ့ လုပ်ထားသလို ဖြစ်နေတယ်။ ချောင်းအထက်မှာ ကျောက် တောင်အမြင့်ကြီးရှိတယ်။ နောက်ထပ် မောင်ရင် ဘာတွေ့ခဲ့သေး လဲ။ တော်လဲသံတွေ၊ ရေကြီးတာတွေ၊ တောင်ပြိုတာတွေ ကြုံခဲ့သေးလား"
"ခင်ဗျား....ခင်ဗျား"
"မအံ့သြပါနဲ့ မောင်ရင်။ မောင်ရင် လူးလားမမြောက်ခင်ကတည်းက အဲဒီရေကြည်ချောင်း လက်တက် ကို ရောက်ဖူး ပါတယ်။ အဲဒါတွေ ကြုံဖူးပါတယ်။ မောင်ရင်သိထားဖို့က ကျုပ် လောဘသမား မဟုတ်ဘူး။ အဲဒီနေရာ ကို ဘယ်တော့မှ မဖော်ထုတ်ဘူး။ ဘာဖြစ်လို့လဲ သိလား။ အဲဒီနေရာက ကျိန်စာသင့်နေ တဲ့နေရာ ဖြစ်နေလို့လဲ။ ကျုပ်အဘိုး လည်း သေခဲ့ရ တယ်။ နောက်ထပ်လူပေါင်းစွာ အသက်တွေ စတေးခဲ့ကြရပြီးပြီ။ ကျုပ် ဘာကို သိထား တယ်ဆိုတာ မောင်ရင် နားလည်ဖို့ လိုမယ်"
ဦးကောင်းမြတ် စကား ကို စုပါ စူးစူးစိုက်စိုက် နားထောင်နေမိသည်။

"ဒါကြောင့် မောင်ရင် ကံဆိုးမိုးမှောင်မကျချင်ရင် ဒီအလုပ်ကို ရပ်တန်းက ရပ်လိုက်ဖို့ ပြော ချင်တယ်။ ဒီကချင်ပြည်နယ် မှာ ထပ်ပြီး သွေးရောင်လွှမ်းမှာမျိုး အဖြစ်မခံနိုင်ဘူး။ မောင်ရင့်နောက်ကို ရွှေမုဆိုးတွေ လိုက်နေပြီ။ ဟိုကောင်လေး လောဟို ကလည်း အလွတ် ပေးမှာမဟုတ်ဘူး။ ပြဿနာတွေ ဆက် မကြီးထွားခင် မောင်ရင် ကိုယ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို ၀န်ခံပြီး ဒီနယ်မြေက ထွက်သွားရင် ကောင်းမယ်"

ကိုမြတ်မင်း က မျက်နှာလွှဲသွားသည်။ သူ့အနေနဲ့ ဘာကိုမှ ၀န်မခံ၍မဖြစ်။ သူနှင့် လောဟို တို့ သဘောတူညီမှု ယူထားပြီးပြီ။ လောဟိုမှာ နောက်ခံရွှေကုန်သည်အဖွဲ့တွေ ရှိနေပြီး ပြီ။ ငွေ၊ လူအင်အား၊ လက်နက် ဘာမဆို ရနိုင် သည်။ ထို့ကြောင့် ဘယ်သူ့ကိုမှ သူမ ကြောက်။ လောလောဆယ် သူ့ကို နူးတို့သားအမိ အား ပြန်ပေးဆွဲမှုဖြင့် ခေါင်းစဉ်တပ်၍ အရေးယူရန် ဘာအထောက်အထားမှ မရှိ။ နူးတို့ကို တန်ဖဲ မှ မြစ်ကြီးနားဆေးရုံသို့ ပို့ပေးခဲ့သည်။ သူ့ဘက်က စေတနာ ဗရပွဖြင့် ကူညီပေးခဲ့သည်ဟု အသံကောင်းလွင့် လို့ ရနေသည်။ သူ့ကို အပ်ကျမတ်ကျ တရားစွဲနိုင်မည့် တရားလြိုများ မည်သူမှ မရှိနေ။ သူ့အနေဖြင့် တားမြစ်နယ်မြေ သို့ သွားခဲ့သည့် ပြစ်မှုသာ ရှိသည်။ ဘာဥပဒေမှ ဖောက် ဖျက်ထားခြင်းမရှိ။ စုကတော့ ကိုမြတ်မင်း ကို စက်ဆုပ်ရွံရှာနေသည်။ ကိုမြတ်မင်းကြောင့် စု အမေကိုယ်တိုင် ရန်ကုန်မှာ တရားစွဲဆိုခံနေရပြီကော။ အဓိကတရားခံ ကိုမြတ်မင်း က ပြစ် မှုမကြောက်ဘဲ လွတ်နေခြင်းကို စု ခံပြင်း လှသည်။

သူတို့ ထိုင်နေသော အခန်းထဲသို့ နယ်မြေလုံခြုံရေးမှူး ၀င်လာသည်။ သူ့လက်ထဲမှာ လောဟို၏ ဓာတ်ပုံကို ကိုင်ထားသည်။ သူက ဦးကောင်းမြတ်ထံသို့ ဓာတ်ပုံကမ်းပေးလိုက် သည်။
"ကန်ပိုင်တီးမှာတော့ ပြဿနာတွေ စုပြုံနေပြီဗျ။ ဒီကောင့်ရဲ့ အဖွဲ့တွေ နဲ့ ကြေးစား အဖွဲ့ တွေကန်ပိုင်တီး မှာ ခြေရှုပ်နေပြီ။ ဒေသခံတွေလည်း ဘာဖြစ်မလဲလို့ တထိတ်ထိတ်ပဲ။ နယ်မြေလုံခြုံရေး ကလည်း သိပ် အင်အားကောင်းတာ မဟုတ် ဘူးဗျ။ အဓိကက ငြိမ်းချမ်း ရေးနယ်မြေ ကို ကြေညာ ထားတာ။ ပြဿနာတွေ ဖြစ်ရင် ကုန်သည်တွေ စိတ်ပျက်ကုန် မယ်"
"ဘယ်သူတွေ ခြေရှုပ်နေလို့လဲ" ဦးကောင်းမြတ်က မေးခွန်းထုတ်လိုက်သည်။

"ဒီလူ့နောက်ကို ရွှေကုန်သည်တွေငှားထားတဲ့ ကြေးစားလက်နက်ကိုင်တွ လိုက်နေတာ၊ အခုဒီမှာ ရှိနေတာ သိသွားပြီ။ ဒီလူ့ကို စောင့်နေတဲ့လူတွေ အများကြီးပဲ။ အားလုံးက လက်မရွံ့တွေချည်းပဲ။ ကျုပ်တို့ လည်း ခေါင်းကြိမ်းနေပြီ။ ကန်ပိုင်တီး မှာ ဘာပြဿနာမှ မဖြစ်ချင်ဘူး"
လုံခြုံရေးမှူး က ကိုမြတ်မင်းကို ကြည့်ပြီး ပြောလိုက်ခြင်းပင်။
ကိုမြတ်မင်း သည် အရေးကြီးပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီ။ ရွှေကြောသစ်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သူအဖြစ် အားလုံး အလိုရှိနေကြပြီ။ ယခုပင် ကန်ပိုင်တီးနယ်မြေတွင် ရွှေကြော သစ်ပြဿနာက လူတိုင်းနီးပါး သိနေကြပြီ။
ဦးကောင်းမြတ် က စိတ်မသက်မသာ ဖြစ်ရင်းခေါင်းတညိတ်ညိတ်ဖြင့် ဆုံးဖြတ်ချက်တစ်ခု ကိုစဉ်းစားနေတော့ သည်။

လုံခြုံရေးမှူးက ဦးကောင်းမြတ် ပြောမည့်စကားကို ငံ့လင့်နေ၏။ "သူ့ကို လွှတ်ပေးလိုက်" "အဘိုး" စုက ဟန့်တားလိုက် သည်။ လုံခြုံရေးမှူး က သဘောတဲ့လေ။ သူ့ကို အမှုဖွင့်ထားတာဘဲ"
ဦးကောင်းမြတ် က စုကို ညင်သာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ လုံခြုံရေးမှူးက ကိုမြတ်မင်းကို ထိုင်ခုံမှ ဆွဲထစေပြီး အခန်းထဲမှ ခေါ်ဆောင်သွားတော့သည်။
ကိုမြတ်မင်း ထွက်ခွာသွားပြီးချိန်တွင် ရုံးခန်း၏အတွင်းဘက်မှ လူတစ်ယောက်ထွက်လာ၏။ အဘိုးက စုကိုကြည့်ရင်း- "အဲဒါ မောင်ဇော်ဟိုးပဲ" ဟု မိတ်ဆက်ပေးလိုက်၏။ ဇော်ဟိုးဟု သိလိုက်ရချိန်တွင် စု ၀မ်းသာ အားရဖြစ်သွားပါတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, August 12, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၁၂)

"လမ်းမှာ ၀ါးတံတားတွေ မိုင်းခွဲတာ၊ မင်းတို့ မြင်လား" "မြင်တယ် ခင်ဗျ။ လောဟိုတို့မှာ မိုင်းတွေ ရှိသေးတယ်" အဖွဲ့ခေါင်းဆောင် က စကားပြောစက်ကို ဖွင့်၍ ဒူးဝါးဇောင်ထံသို့ ဆက်၍သတင်းပို့ပေး သည်။ ဒူးဝါးဇောင်း တို့ ပြဿနာအလုံးစုံကို ရိပ်စားမိလာခဲ့ပြီ။
ကိုမြတ်မင်း ဘာကြောင့် နူးကို မြစ်ကြီးနားဆေးရုံမှတစ်ဆင့် ရန်ကုန်သို့ ပိုခဲ့သည်ကိုလည်း ရိပ်စားမိ လာပြီ။ စုကို လောဟို ဘာကြောင့် ဖမ်းထားသည်ကိုလည်း သိရပြီ။ သူတို့အားလုံး တရုတ်နယ်စပ်မှ ဆဒုံ-ကန်ပိုင်တီးဘက်သို့ သွားကြသည်ကိုလည်း သိရပြီ။ ဤပြဿနာအားလုံး ၏ အဓိကဖြစ်ရပ်မှာ ရွှေကြောသစ် ရှာဖွေခြင်းမှ စခဲ့ခြင်းပင်။
ကို ဆက်ဖတ်ရန်............

ဒူးဝါးဇောင်က ဦးကောင်းမြတ်နှင့် ဆွေးနွေးရင်း ပြဿနာများကို တိုင်ပင်နေပါတော့သည်။
"ဒီပြဿနာက မသေးဘူး သူငယ်ချင်း၊ မြစ်ဆုံးမျာ ရွှေလုပ်ကွက်ကုမ္ပဏီတွေရှိနေသရွေ့ ဒီ ပြဿနာက ရှိနေမှာပဲ။ ကြာရင် ပြဿနာတွေ ပိုဆိုးလာလိမ့်မယ်။ မြစ်ဆုံးက ကုမ္ပဏီတွေ၊ ရွှေကုန်သည်တွေကို ငါတို့သတိပေးတာအခါခါပဲ။ တားမြစ်နယ်မြေထဲကို မသွားပါနဲ့။ ခဏ ခဏ ပြောတာလည်းမရပါဘူးဟာ။ သူတို့ တအားလောဘကြီးတာပဲ။ ဆည်ဆောက်တာက တစ်မျိုး၊ ဒီရွှေမုဆိုးတွေကတစ်မျိုးနဲ့ကြာရင် ဘယ်သူမှ သည်းခံမှာ မဟုတ်ဘူး။ ဟိုတစ်လော က တောထဲမှာသေသွားတဲ့ ငါ့လူ သုံးယောက်စလုံး သူတို့မိသားစုတွေက မကျေနပ်ဘူး။

လောဟိုတို့ကို ပြန်သတ်ချင်နေပြီ။ ရွှေမုဆိုးတွေကိုပါ ရှင်းချင်နေကြပြီ။ ဒီမြစ်ဆုံမှာ သွေးစီး ဦးမှာ ငါ မမြင်ချင်ဘူးဟာ"
ဒူးဝါးဇောင်၏ စကားကို ဦးကောင်းမြတ် ဘာမှမပြောလိုတော့။ ယခု ဖြစ်ပျက်နေသော ပြဿနာက တစ်စစဖြင့် ကျယ်ပြန့်ရှုပ်ထွေးလာခဲ့ပြီ။ တရုတ်ပြည်ဘက်မှ အလိုရှိနေသော လောဟို၊ တားမြစ်နယ်မြေသို့ တိုးဝင်သွားသော ကိုမြတ်မင်းတို့ကြောင့် လူတွေ သေခဲ့ရပြီ။ ကိုမြတ်မင်းတို့ ကုမ္ပဏီမှာ ဦးကောင်းမြတ်၏ချွေးမက ရှယ်ယာဝင်ထားသည်။ ဂျိန်းဖောသူ မလေး နူးတို့ သားအမိ ရန်ကုန်တွင် သတင်းပျောက်နေသည်။ တခြားသော ရွှေကုန်သည် များထံမှလည်း ကိုမြတ်မင်းနောက် သို့ ကြေးစားလက်နက်ကိုင် များ စေလွှတ် ရှာဖွေခိုင်းရန် ကြံစည်နေကြပြီ။

" ငါတို့က ငြိမ်းချမ်းရေးရဖို့ အမျိုးမျိုး စည်းရုံးနေကြတယ်။ ငါတို့ပဲ အရူးဖြစ်တာပဲဟာ။ ဒီလူတွေ ဘာလို့ ဒီလောက်လောဘကြီး ရတာလဲ။ တခြားလူတွေ ဘယ်လောက်များ ဒုက္ခရောက်မလဲ။"
ဒူးဝါးဇောင် က ဆက်၍ သည်းသွားလိုက်ပါသည်။ ပြီးတော့..
"အေးလေ တရုတ်ပြည်ဘက်ကိုတော့ အကြောင်းကြားထားတာ အကောင်းဆုံးပဲ။ သူတို့ဆီက လူတွေ ခဏခဏ ဝင်လာကြတယ်။" သစ်တွေ လာခုတ်တယ်။ ဖမ်းမိတော့ ဒဏ်ငွေတပ်ပြီး ပြန်လွှတ်ပေးတယ်။ သူတို့ဆီမှာ သစ်ပင် ခုတ်ရင် သိပ်အပြစ်ကြီးတာပဲ။ ငါတို့ကတော့ ဘာပြဿနာမဖြစ်ချင်ဘူး။ သစ်တောက လူတွေလည်း သူတို့ကို ဖမ်းတာပဲ။ မိရင် ပြန်ပို့ပေးတာပဲ။ ရွှေလာရှာတာလည်း အများကြီးပဲ။ နယ်စပ် ဆိုတော့ပြဿနာတွေက ပြည့်နေတာပေါ့။ ဒီနယ်မြေမှာ ဥပဒေမစိုးမိုးသရွေ့ ဒီလိုပဲ ဖြစ်နေကြမှာပဲဟေ့။

"ငါနားလည်ပါတယ်ဟ။ ကဲ၊ ငါလည်း ကန်ပိုင်တီးကို လိုက်သွားချင်တယ်။ ငါ့မြေးမကို တရုတ်ပြည်ထဲကျန်ခဲ့မှာ စိုးရိမ် တယ်ဟာ။ မိန်းကလေးတွေ ရောင်းစားနေတာ ကြားနေရတယ်။ ငါ့ကို နင်ကူညီပါဦး သူငယ်ချင်း"
    ဦးကောင်းမြတ် စကားကိုဒူးဝါးဇောင်က လက်ခံပါသည်။ ဦးကောင်းမြတ်ခရီးသွား ဖို့အတွက် သူ့လူများကို ထည့်ပေးလိုက်ပါသည်။ သူ့တပ်ဖွဲ့များကိုလည်း လက်နက် မသုံးရန် ညွှန်ကြားလိုက်သည်။ ကန်ပိုင်တီးဘက်တွင် တခြား အဖွဲ့များ ရှိနေသောကြောင့် ပြဿနာမကြီးထွားလိုခြင်းပင်။ ကိုမြတ်မင်း တို့ ရွှေကြောသစ် ရှာဖွေတွေ့ရှိသွားပြီး  ဟူ၍ မြစ်ဆုံတွင် သတင်းထွက်လာပြီမို့ ဝိုင်းမော်ဘက်မှ အဖွဲ့များ သိကြမည် သာ။ ရွှေကုန်သည်များ ငှားရမ်းစေလွှတ်သော လက်နက်ကိုင်များကလည်း ဝိုင်းမော်ဘက်သို့ သွားကြ မည်သာ။ လောဟိုတို့ တပ်ဖွဲ့ကလည်း ကိုမြတ်မင်းတို့ကို အလွတ်ပေးမည်မဟုတ်။

ပြဿနာအားလုံးသည် ကန်ပိုင်တီးသို့ ဦးတည်နေကြသည်။
တရုတ်ပြည်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့များကလည်း လောဟိုကို ဖမ်းဆီးရန် ပြင်ဆင် ပေဦးမည်။ အကယ်၍ တိုက်ပွဲဖြစ်ပွား ပါက ပို၍ ဖြေရှင်းရခက်တော့မည်။ တရုတ်ပြည် သည်အင်အားကြီးနိုင်ငံ ဖြစ်သည့်အပြင် နယ်စပ် စီးပွားရေး၊ ပြည်တွင်း စီးပွားရေးကိုပါ ရင်းနှီးမြှပ်နှံနေသည်။ ဘာပြဿနာမှ မဖြစ်လျှင် အကောင်းဆုံးဟု နားလည်ထားကြသည်။

အခန်း(၁၀)


မန္တလေးမြို့ခံ ပရိသတ်များ၏ အင်အားမှာ မသေးလှ။ ခန်းမထဲ၌ ချထားသော ထိုင်ခုံများအပြင်၊ ခန်းမ အပြင်ဘက် ဝရန်တာတစ်လျှောက်မှာလည်း ထိုင်ခုံများ ထပ်၍ ချထားနေရသည်။ အခမ်းအနားမှူးက ငြိမ်းနု ထံသို့လျှောက်လာရင်း နာရီကိုသာ ကြည့်ကာ ပွဲစတော့မည့်အချိန်ကို သတိပေးလာ၏။
နေ့လည်(၁)နာရီ ထိုးရန် ဆယ်မိနစ်သာ လိုတော့သည်။ ပရိသတ်များက စိတ်အား ထက်သန်စွာ ခန်းမအပြည့် ဝရန်တာ တစ်လျှောက် ရောက်ရှိနေပြီ။ ဟောပြော မည့်ပုဂ္ဂိုလ်သုံးဦးကလည်း အဆင်သင့်နေပြီ။  NGO အဖွဲ့များ လည်း ရောက်ရှိနေကြသည်။

ငြိမ်းနုက အခမ်းအနားမှူးကို ခေါင်းညိတ်ပြလိုက်သည်။ အခမ်းအနားမှူးက ပါးစပ်ထဲမှ ကွမ်း ကို ထွေးထုတ်လိုက်ပြီး မိုက်စတန်း ပြင်ထားသည့်နေရာသို့ လျှောက်သွားသည်။ ပြီးတော့ မိုက်ကို နှစ်ချက် သုံးချက် လက်ညိုးလေးနှင့် ပုတ်ကြည့်သည်။ စောင်းဘောက် များ၌ မိုက်သံက ထွက်ပေါ်လာ၏။
"ကျေးဇူးပြု ၍ နားဆင်ပါခင်ဗျာ၊ မကြာမီ အခမ်းအနား အစီင်္အစသ် စတင်တော့မည် ဖြစ်ပါ ၍ နေရာ ယူပေးကြပါ ရန် လေးစားစွာ တောင်းဆိုအပ်ပါတယ်ခင်ဗျာ"
အခမ်းအနားမှူး က ၂ ကြိမ် နှိုးဆော်လိုက်သဖြင့် ထိုင်ခုံအသီးသီးကို ဝင်ရောက်နေရာယူ လာကြသည်။ ခန်းမထဲမှ  ထိုင်ခုံနှစ်ရာစလုံး လူအပြည့်။ အားလုံးက အခမ်းအနား စတင်မည် ကို စောင့်စား နားထောင်နေကြ သည်။

အခမ်းအနားမှူးက အစီအစဉ်ကို စတင်၍ ဖတ်ကြားပြပါသည်။ ဧရာဝတီအရေးနှင့် သဘာ ဝ ပတ်ဝန်းကျင် ပြဿနာ များ ဟောပြောဆွေးနွေးပွဲသည် စတင်၍ အသက်ဝင်ခဲ့လေပြီ။ အခမ်းအနား အစီအစဉ် အရ ပါမောက္ခဒေါ်ဝင်းကြည်မှ ရေချို အရင်းအမြစ်များ ပျက်စီးလာ မှု ခေါင်းစဉ်ဖြင့် စတင်ဟောပြောပါသည်။ ပါမောက္ခဒေါ်ဝင်းကြည်သည် အသက် ငါးဆယ် ကျော်၊ ပိန်ပိန်ပါးပါး၊ အရိုးအရပ်  မြင့်မြင့်၊ အသားမှာ အညို ဘက်သို့ သမ်းကာ လေသံက ဆွဲဆောင်အားပါလှသည်။ သူ ဟောပြောသည့် ခေါင်းစဉ်အောက်မှ အကြောင်းအရာကို လက်တန်းပြောနိုင်သည်အထိ ကျွမ်းဝင်နေသည်။
ပရိုဂျက်တာ ဆီမှ ပေါ်ထွက်လာသော ပုံရိပ်များက ပရိသတ်ကို ပို၍ အာရုံညွတ်နူးစေ ပြန် သည်။ ဧရာဝတီမြစ်ကြီး၏ ရေချိုအရင်းအမြစ် စတင်ရာ ရေခဲတောင်များဆီမှ ရေစတင်စီး ဆင်းမှုကို ပုံကားချပ်များနှင့် အတူ ဖော်ပြထားသညါ။ ထို့နောက် ချောင်းငယ်၊ စမ်းငယ်များမှ စိးဆင်းလာသော ပုံကားချပ်များ။

ထိုမှတဆင့် မြစ်အောက်ဘက်များဆီသို့ ရေချို စီးဝင်လာပုံများ၊ မေခနှင့် မလိခ တို့ ပေါင်းဆုံလာပုံများ၊ မြစ်ဆုံဒေသမှ ပုံရိပ်များကို တစ် ကွက်ချင်း ဖော်ပြပါသည်။ မြန်မာနိုင်ငံ၏ အဖိုးတန်ဆုံး သဘာဝ အလှတရား တို့ ပေါ်ထွန်း ရာ ကချင်ပြည်နယ် ပုံရိပ်များ၊ ဒေသခံတို့၏ နေထိုင်ပုံများ၊ သဘာဝဘေးမဲ့တော များ၏ အလှတရားများ၊ သစ်ပင်မျိုးစုံ၊ ပန်းမျိုးစုံ၊ မျိုးစိတ်ကွဲမျိုးစုံ၊ ရှားပါးတိရစ္ဆာန်တို့၏ ပုံများ ကို ရှာ ဖွေတင်ပြထားသည်။
ထို အချိန်ထိ ပါမောက္ခဒေါ်ဝင်းကြည်၏ ဟောပြောချက်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိနေဆဲ။
ပရိုဂျက်တာက ခေတ္တရပ်နားလိုက်သည်။
ပါမောက္ခဒေါ်ဝင်းကြည်က ပရိသတ်ကို မေးခွန်းတစ်ခု စတင်လိုက်ပါသည်။

"အားလုံးကို ကျွန်မဒီနေရာကနေ မေးခွန်းလေးတစ်ခုလောက် မေးချင်ပါသေးတယ်။ အဲဒီမေးခွန်းကတော့ ဒီကနေ့ ဧရာဝတီ  ဖျက်ဆီးခံနေရပါပြီ"
သူ့ အသံက တုန်လှုပ်လှိုက်လှဲေ၏။ နားထောင်နေသော ပရိသတ်များက သူ့စကားသံကို အာရုံစားနေကြဆဲ။ ဖျတ်ခနဲ ပရိုဂျက်တာမှ ပုံရိပ်များ ထွက်ပေါ်လာတော့သည်။
မြစ်ဆုံ.... ရွှေလုပ်ကွက်များ... တွင်းတူး၍ ရွှေရှာနေသူများ
နုန်းမြေများ မြစ်တွင်းသို့ စီးဝင်နေမှုများ ဆည်တည်နေသော မြေတူး မြေသယ် ယာဉ်ကြီးများ... သစ်ပင်သစ်တော သို့ အပိုင်းပိုင်း လဲပြိုခုတ်လဲခံနေသူများ ထိုပုံရိပ်များသည် ဧရာဝတီ၏ ငိုညည်းသံအဖြစ် ရင်ထဲသို့ စီးဝင်စေခဲ့ပြီ။ ပါမောက္ခဒေါ်ဝင်းကြည်က ဆက်၍ ဆွေးနွေးပါသည်။

" ကျွန်မ ဧရာဝတီနဲ့ပတ်သက်ပြီး အင်မတန်မှ အရေးပါတဲ့စာတမ်းတစ်စောင်အကြောင်း အနည်းငယ် ပြောကြား လိုပါတယ်။ စာတမ်းရှင်က ဆရာဘုန်းတင့်ကျော် ဖြစ်ပါတယ်။ သူဟာ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရဲ့သားဖြစ်ပါတယ်။ ကျွန်မ ဒီနေရာမှာ ဘာကြောင့် သူ့စာတမ်းက အကြောင်းအရာတွေကို ကောက်နုတ်ရသလဲ ဆိုတာ ရှင်းပြပါ့မယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်ပြီးတော့ ဖြစ်စေ၊ မြစ်အကြောင်းနဲ့ ပတ်သတ်ပြီးတော့ဖြစ်စေ ဒီကနေ့ ကမ္ဘာပေါ်မှာ နေရာအနှံ့အပြား ပြောဆိုနေကြ၊ ရေးသားနေကြ၊ တဲ့ စာအုပ် စာတမ်းတွေ အများကြီး ပေါ်ထွက်နေပါတယ်။ အဲဒါတွေထဲကမှ ဆရာ့စာတမ်းကို ကျွန်မရွေးချယ်ဖြစ်စေခဲ့တဲ့ အကြောင်းအရင်း ကတော့ ဧရာဝတီမြစ် နဲ့တကွ ပေါ်ထွန်းလာ တဲ့ မြန်မာ့သမိုင်းဝင် မြို့ပြနိုင်ငံတော်တွေ အကြောင်း ပါဝင်နေလို့ပါပဲ။ ဧရာဝတီမြစ်တစ်လျှောက် မှာ ပေါ်ထွန်း ခဲ့တဲ့ မြန်မာ့သမိုင်းဝင် မြို့ပြနိုင်ငံတော်တွေ ဟာ မြန်မာ့ယဉ်ကျေးမှု ရဲ့ ဇာစ်မြစ်တွေဖြစ်ပါတယ်။

ဒီကနေ့ အထင်အရှား ကျန်ရှိသေးတဲ့ပုဂံတို့၊ မန္တလေးတို့၊ စစ်ကိုင်း တို့ တောင်ငူ တို့ဆိုတာ မြစ်ကြီးမြစ်ငယ်တွေ အနီးအနား မှာ အခြေပြုပြီး ပေါ်ထွန်းခဲ့တာလို့ ဆရာက တင်ပြထား ပါတယ်။ ဒီမြို့ပြနိုင်ငံတွေအားလုံး စိုက်ပျိုးရေး၊ စစ်ရေး၊ နိုင်ငံရေးတွေဟာ မြစ်တွေနဲ့ ဆက်သွယ်ခဲ့တယ်ဆိုတာ ဆရာ က အသေးစိတ် တင်ပြ ထားပါတယ်။ ကျွန်မ အဲဒါကြောင့် ဆရာ့ရဲ့စာတမ်းကို ရွေးချယ်မိတာပါ။
ကျွန်မ တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ သမိုင်းအမွေအနှစ်၊ ဘိုးဘွားဘီဘင် အမွေအနှစ်တွေကို တန်ဖိုး ထားတတ်ကြသူတွေ ပါ။ ဆရာက မြစ်ဝှမ်းတစ်လျှောက်က မြန်မာ့ယဉ်ကျေးမှုသမိုင်းကြောင်းတွေ အကြောင်း ရှင်းပြ ပါတယ်။ ထို့အတူပဲ.... ပါမောက္ခဒေါ်ဝင်းကြည်၏ အသံက ခန်းမထဲ၌ လွှမ်းမိုးနေသည်။

နားထောင်နေသော ပရိသတ်က သူညွှန်းဆိုနေသော ဆရာဘုန်းတင့်ကျော်၏ စာတမ်း၌ ပါဝင် သည့် ကောက်နုတ်ချက် များကို ဂရုစိုက်၍ နားထောင်နေကြသည်။
ဧရာဝတီ သည်ပြန်၍ သက်ဝင်နိုးကြားလာခဲ့လေပြီ။
ခေတ်အဆက်ဆက် နှစ်အဆက်ဆက် စီးဆင်းနေခဲ့သော ဧရာဝတီ၏ အရေးအရာများ သည် မန္တလေးမြို့ ရင်ခွင်တွင် သက်ဝင်စီးဆင်းနေလေပြီ။
ပါမောက္ခ ၏ ဟောပြောမျှုအဆုံး၌ ကျေးဇူးတင်စကား ပြောကြားပါသည်။ ဒုတိယအစီအစဉ် ၌ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် NGO အဖွဲ့တစ်ဖဲ့မှ ပညာရှင်တစ်ဦးဖြစ်သူ ဦးလူနောင်မှ ဆက်၍ဟောပြောဆွေးနွေး ပါသည်။ ပရိသတ်က ပို၍ စိတ်ဝင်စားလာခဲ့သည်။

ဦးလူနောင် ဟောပြောသည့် အကြောင်းအရာများက သစ်တောများ မဆင်မခြင် ခုတ်ယူနေမှု များကြောင့်  ဂေဟစနစ် ပျက်စီးလာပုံများကို ပုံကားချပ်များနှင့် တကွဆွေး  နွေးပါသည်။ သစ်တော များပြုန်းတီးလာမှု၊ သစ်ပင်များ မဆင်မခြင်ခုတ်လှဲမှုများကြောင့် မြစ်များ ထိခိုက်လာခြင်းကို အကျိုးအကြောင်း ဆက်စပ် ၍ ရှင်းပြသည်။

စိမ်းစိုသော တောအုပ်များ သစ်တောများမှာ မိုးရေကို ထိန်းသိမ်း စုပ်ယူ ထားကြသည်။ ကြွေကျသောသစ်ရွက်များကလည်း မိုးရေကို စုပ်ယူထားကြသည်။ ထိုသစ်ရွက်ကြွေ များ အောက်မှ မြေလွှာကလည်း မိုးရေကိုထိန်းသိမ်းထားကြသည်။ ထိုအရာများက စမ်းရေ၊ ချောင်းရေများအဖြစ် စီးဆင်းစေ သည်။ကမ္ဘာမြေအတွက် အပူဓါတ်ကို ထိန်းသိမ်းပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ် ကို ချေဖျက်ပေးသည်။ သစ်တော သစ်ပင်များ ခုတ်လှဲသည့် အတွက် မိုးရေကိုမထိန်းသိမ်းနိုင်ကြတော့ဘဲ မိုးရေ သည် မြေလွှာကို တိုက်ရိုက်ထိတွေ့ကာ အပေါ်ယံမြေသားများကို ပွတ်တိုက်သည်။ ထိုရေများ က မြစ်များ ချောင်းများ အတွင်းသို့ နုန်းမြေအဖြစ် စီးဆင်းသည်။ ထို့ကြောင့်မြစ်အတွင်း အနည် ထိုင်ကြသည်။ မြစ်ကြမ်းပြင် မြင့် တက်လာသည်။ သောင်ဖြစ်ထွန်းလာသည်။ ကြာသော အခါ မြစ် လမ်းကြောင်း ပျောက်ဆုံး သွားတော့သည့်အဖြစ်ကို ကြုံတွေ့ည်ဟု ဆွေးနွေးသည်။

ပရိသတ်၏ လက်ခုပ်သံများမှာအားရဖွယ် ကောင်းလှသည်။ ဤသို့သော ဟောပြောဆွေး နွေး မှုမျိုး သည် ခေတ်သစ်၏ ပြဿနာအသစ်များ ဖြစ်သည်။ ကမ္ဘာကြီး အတွက် မည်သူမျှ ဘေးထွက် ရပ်နေ၍မရတော့။
အခမ်းအနားမှူးက ဟောပြောမည့် အစီအစဉ်ကို ကြေညာလိုက်သည်။ ငြိမ်းနုက ထိုင်နေကျထ၍  မိုက်စတန်း ရှိရာသို့လျှောက်လာခဲ့၏။  "ငြိမ်း" ခေါ်သံကြောင့် ငြိမ်းခနဲရပ်၍ ကြည့်လိုက်မိသည်။ သူ့လက်ထဲသို့ ပန်းစည်းလေး တစ်စည်း ကမ်းပေးသူကို တွေ့ရ၏။

"ကိုဇော်"
"ငြိမ်းအတွက်ပါ"
"ကျေးဇူးပဲနော်"
ငြိမ်းက ပန်းစည်းလေးကို ယူ၍ မိုက်စတန်းဆီသို့ ထွက်လာခဲ့သည်။ ရင်ထဲ၌ ရွှင်မြူးစိတ်လေး ကိန်းဝပ် လာမိသည်။ ကိုဇော် ဒီနေရာအထိ လာရောက်အားပေးမည်ဟု ငြိမ်း မယုံကြည်ခဲ့။ မနေ့က  E mail ထဲမှာ ခန်းမ လိပ်စာလေး ထည့်ပေးလိုက်ဖြစ်သည်။ ကိုဇော်မင်း ရောက်လာမည်ဟု ငြိမ်း လုံးဝမယုံကြည်။
ပရိသတ် က ငြိမ်းကို လေ့လာအကဲခတ်နေသည်။

အသားဖြူဖြူ၊ကိုယ်ဟန် ကြော့မော့ပြေပြစ်ပြီး ချစ်စဖွယ်မျက်နှာလေးနှင့်ရင်ဖုံး အင်္ကျီအဖြူ ဖြူနုနု၊ ချိတ်ထဘီ အပြာရင့်ရင့် ကို ဝတ်ထားသည့် မိန်းမပျိုတစ်ဦးမို့ ဤဟောပွဲမျိုးတွင် ဘာပြောမှာပါလိမ့်ဟု စောင့်ကြည့် အကဲခတ်နေကြခြင်းပင်။ ဟောပြောရမည့် အကြောင်း အရာက မြစ်မင်းဧရာနှင့် ပတ်သတ်နေသည် မို့ ငြိမ်းလို နုနုနယ်နယ်မိန်းမချောလေး     တစ်ဦးက ဘာများသိထားပါသလဲဟု သိချင်နေကြသည်။
ငြိမ်းက အဖွင့်စကား ကို သက်သောင့်သက်သာပြောလိုက်သည်။ ဤသို့သော ဟောပြော ဆွေးနွေးမှုမျိုးကို ငြိမ်း မတုန်လှုပ်။ ဝမ်းသာပီတိပင် ဖြစ်မိသည်။ ဝမ်းသာပီတိ ဆိုသည်မှာ လူရှေ့ ထွက်ပြခွင့်ကြောင့် ဖြစ်ရခြင်းမဟုတ်ချေ။ မြစ်မင်းဧရာနှင့် ပတ်သက်၍ မန္တလေးမြို့သူမြို့သား များ ဤမျှ တက်ကြွလှိုက်လှဲမှု ရှိနေသည်ကို မျက်မြင်တွေ့ လိုက်ရသောကြောင့်ပင်။ မြစ်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် စိတ်ပါဝင်စား ရှိလှသည်ကို ငြိမ်း ကျေနပ်သွားနေခြင်းပင်။

" ကျွန်မ တို့ ဒီနေ့ ရောက်ရှိနေတဲ့ခန်းမဟာ ဧရာဝတီမြစ်ကြီးကို ကိုယ်စားပြုပြီး ပြောဆိုကြ၊ ဆွေးနွေးကြတယ် ဆိုပေမယ့် အနာဂတ်မြန်မာနိုင်ငံရဲ့ အရေးကိစ္စဆိုရင်လည်း မှားမယ် မထင်ပါဘူးရှင်။
ရှေ့က ပညာရှင်တွေပြောသွားကြတာကို အားလုံးကြားကြမှာပါ။ ကျွန်မတို့မှာ ဒီထက် ဆိုးဝါးတဲ့ မြစ်အန္တရာယ်ဘေး ဒုက္ခ အချက်အလက်တွေ ရှိနေပါသေးတယ်။ စာရေးဆရာမ ဂျူး၊ ဒီဇိုင်းဆရာ မြင့်မောင်ကျော်၊ ကိုမြင့်ဇော် တို့ စီစဉ်နေတဲ့ မြစ်ဆုံဒေသနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ၊ Weekly Eleven နဲ့ Bi Weekly Eleven ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ သတင်းထောက် ဖြူနု၊ ဆောင်းပါးရှင် ဆရာ ဇော်သက်ထွေး စတဲ့ ဂျာနယ်၊ မဂ္ဂဇင်း၊ မီဒီယာအသီးသီးက တင်ပြနေတဲ့ သတင်းအရင်းအမြစ်တွေလည်း ကျွန်မ တို့မှာ စုဆောင်းပြီးသား ရှိပါတယ်။ နယ်ပယ်အသီးသီးက လူပေါင်း မြောက်မြားစွာဟာ ဒီကနေ့ ဧရာဝတီအရေးကိစ္စမှာ ပါဝင်လာကြပါပြီ။

ဒါဟာ နိုင်ငံရေးလား၊ အစိုးရ မကောင်းကြောင်း ပြောတာလား၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အရေးလား . . . မဟုတ်ပါဘူး။ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးအပြင် သဘာဝ အလှတရားတွေ၊ သက်ရှိသက်မဲ့ သယံဇာတ ပစ္စည်းတွေ၊ ကျေးငှက်သာရကာ၊ တောတွင်း နေထိုင်တဲ့ တိရစ္ဆာန်တွေ အပါအ၀င် ရှင်တို့ ကျွန်မ တို့ရဲ့ နောင် မျိုးဆက်ပေါင်း မြောက်မြားစွာရဲ့ အရေး၊ အနာဂတ်အရေးပဲ ဖြစ်ပါတယ်။

ကျွန်မ ဘာလို့ ဒီစကားကို ပြောရသလဲဆိုရင် ဥပမာလေးတွေ အရင်ပြောပြပါ့မယ်။ မိသားစုတစ်စု ဆိုပါစို့။ သဘာဝဘေးအန္တရယ် ထိခိုက်ခံရတဲ့ မိသားစုတစ်စုမှာ အင်မတန်မှ ဥာဏ်ရည်ကောင်းတဲ့ကလေးတစ်ယောက် ပါလာတယ်။ သူဟာ သဘာဝဘေးအန္တရာယ် ကြေင့် မိသားစု အတိဒုက္ခရောက်ပြီး စာမသင်နိုင်တော့ဘူးဆိုရင် ဒီကလေးကို ကျွန်မတို့ ကမ္ဘာကြီးက ဆုံးရှုံးသွားရတာပါပဲ။ ဒီကနေ့ ဧရာဝတီဟာ ခက်ခဲပင်ပန်းစွာ စီးဆင်းနေပါ တယ်။ ဒါကို ဓာတ်ပုံတွေ၊ သတင်းတွေ၊ ဆောင်းပါးတွေ၊ ရုပ်သံမီဒီယာတွေမှာ မြင်နေရပါ ပြီ။ ကျွန်မမေးခွန်း တစ်ခုလောက် မေးချင်ပါတယ်။ အာဖရိကနိုင်ငံတွေနဲ့ အရှေ့အလယ် ပိုင်းနိုင်ငံတချို့မှာ သောက်ရေ တစ်ဘူး ကို လေးဒေါ်လာ ငါးဒေါ်လာ ပေးနေရပါတယ်။ ဒီကနေ့ ကျွန်မတို့ အထက်မြန်မာပြည်မှာ ရေချို ရှားပါးမှုကြောင့် အဲဒီအခြေအနေ ဆိုက် ရောက်မယ်ဆိုရင် ဘယ်သူမှ နေနိုင်မှာ မဟုတ်ပါဘူး။

ရေချိုနဲ့ သောက်ရေ သုံးရေဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ ရေချိုရှားပါးပြီ၊ စိုက်ပျိုး ရေးရှားပါးပြီဆိုရင် ပုဂံကို ဥပမာကြည့်ပါ။ ဘယ်လိုမှ စိုက်ပျိုးမွေးမြူရေးလုပ်လို့ မရတော့တဲ့အတွက် တောသူတောင်သားတွေ စွန့်ခွာကြရင်း နှစ်ပေါင်းများစွာ လွင်တီး ခေါင်ဖြစ်ရပါတယ်။ မြေတွေဟာ မာကျောကျစ်လျစ်လာတဲ့အတွက် စိုက်ပျိုးလို့ မရတော့ ပါဘူး၊ တကယ်လို့ ဧရာဝတီမြစ်ကြီး ပျက်စီးပြီဆိုတဲ့အခါ တောနေ လူတုဟာ ဘယ်လိုမှ ရပ်တည်နိုင်စွမ်း မရှိပါဘူး၊ အရပ်ဒေသကို စွန့်ခွာကြမယ်။ အဲဒီကနေ မြို့ခန်းခြောက်လာ မယ်။ ပြည်နယ်တွေ ခန်းခြောက် လာမယ်။ နောက်ဆုံး ကန္တရလွင်ပြင် ဖြစ်သွားရပါမယ်။ ရေချိုနဲ့ စိုက်ပျိုးရေး မရှိတဲ့အရပ်မှာ ဘယ်သူ မှ မနေနိုင်လို့ပါဘဲ။

ဒီအချိန် ဒီအခြေအနေမှာ သဘာဝပတ်ဝန်းကျင် ဘေးဒုက္ခတွေနဲ့ ကင်းဝေးတဲ့ နေရာဒေသ တွင် ကျွန်မ တို့ဆီမှာရှိပါတယ်။ တကယ်လို့ ဧရာဝတီပျက်စီးပြီဆိုရင် အဲဒီနေရာဒေသ တွေလည်းလူဦးရေ ထူထပ်လာမယ်။ အဲဒီအခါ လူတွေ ရဲ့ လိုအပ်ချက် ဖြစ်တဲ့ထင်း၊ ရေ၊ သီးနှံ၊ စပါး၊ အသားငါတွေ အမြောက်အမြား သုံးစွဲပေးရမယ်။ အဲဒီအခါ ရှိနေ တဲ့ သဘာဝ တရားတွေ ရှားပါးလာမှာပါပဲ။
ဒီကနေ့မှာပဲ ဧရာဝတီဟာ ဘေးတွေ့စပြုနေပါပြီ။ ဧရာဝတီဖြစ်တစ်လျှောက်မှာရှိတဲ့ မြို့ ကြီးတွေ၊ တံတားကြီးတွေ ကနေ ကြည့်ရင်ပဲ နှစ်စဉ်နှစ်စဉ် သောင်ထွန်းလာတဲ့ အခြေအနေ ဟာသိသာလာပါတယ်။ အဲဒီ သဲသောင်တွေ၊ နုန်းမြေတွေ ဘယ်ကလာတာလဲ။ မြစ်ဝှမ်း တစ်လျှောက်မှာ ရှိတဲ့ ရွှေကျင်တဲ့ လုပ်ကွက်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ စိုက်ပျိုးရေးတွေက နေလာခဲ့တာပါပဲ။ တစ်နှစ်ကို မက်ထရစ်တန်ပေါင်း ရာ နဲ့ချီအောင် မြစ်ထဲကို အနည်းအနှစ် တွေ၊ သဲတွေ၊ မြေလွှာတွေ စီးဝင်ရာကနေ ဖြစ်လာတာပါပဲ။

ကျွန်မတို့အိမ်က သုံးရေ၊ သောက်ရေအိုးတွေကိုတောင် အနည်ကျရင် သုံး မဖြစ်တာ ကြောင့် သန့်ရှင်းပေး ရပါတယ်။ ဧရာဝတီမှာ အနည်ကျနေတာ နှစ်ပေါင်း ထောင်ချီနေပါ ပြီ။ မြစ်ဆိုတာ ကျယ်ပြန့် လာတာ၊ ပျက်စီးလာတာပါပဲ။ မြစ်ဧရိယာ မျက်နှာပြင် ကျယ်ပြန့်လာ လေလေပျက်စီးလေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပညာရှင်တွေ ပြောပြထားတာ ရှိပါ တယ်။ မြစ်ကြမ်းပြင်ဟာ အနည်ကျမှုတွေ များ လာလေလေ ရေစီးအားလျော့ပါးလေလေ ဖြစ်လာပါတယ်။ မြစ်ဆိုတာ ရေအားသန်သန်၊ နက်နက်ရှိုင်းရှိုင်းရှိမှ အသက်ရှင်ပါတယ်။ နုန်းမြေတွေ ရေထဲစီးဝင်တာ၊ ဆည်တွေ ဆောက်တာ၊ သစ်ပင်ခုတ်တာ၊ သဘာဝလွန် စိုက်ပျိုးမွေးမြူတာ စတဲ့လုပ်ရပ်တွေဟာ မြစ်ကို ပျက်စီးစေတာပါပဲ။

 ဒါတွေကို ဒီကနေ့မှာ မပြုပြင်ရင် ကျွန်မတို့ရင်ဆိုင်ရမယ့် ဘေးဒုက္ခဟာ ခန့်မှန်းလို့မရအောင် ကြီးမားမယ်ဆို တာသေချာပါတယ်။ စောစောက ကျွန်မပြောခဲ့တဲ့ မိသားစုလို သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်ရမယ့် မိသားစုတွေ ဆက်တိုက် ပေါ်ထွန်းလာပါလိမ့်မယ်။ မိသားစုတစ် ခုထဲက ကလေးငယ်တစ်ယောက် ပညာမသင်နိုင်ရင် နောင်အနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ အဲဒီလို ကလေးငယ်ပေါင်း မြောက်မြားစွာ ကြုံတွေ့ရပြီဆိုရင် ကျွန်မ တို့ရဲ့ အနာဂတ်ကမ္ဘာဟာ ဘယ်လိုများ ကောင်းနိုင်ပါ့မလဲ ဆိုတာ စဉ်းစားကြဖို့ တိုက် တွန်းရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်ရှင်"

အပြင်မှ တ၀ုန်းဝုန်းပုတ်၍ ခေါ်နေသော အသံများကြောင့် နွယ်မျိုး အိပ်ခန်းတံခါးကို လာဖွင့်ပေး ရင်း အော် လိုက်သည်။ တံခါးခေါက်နေသူက ညီမဖြစ်သူ ကိုယ်တိုင်ပင်။ ညီမက သူ့အော်သံကို ဂရုမစိုက်။
 "သုံးလွှာ မှာ လူသတ်မှု ဖြစ်နေလို့"
"ဘာ"
"ဟုတ်တယ်၊ ဦးကျော်စိ န်တို့ တံခါးဖက်က ၀င်မလို့တဲ့"
နွယ်မျိုး၏ သွေးကြောများထဲသို့ သတင်းသမားဟူသော သွေးတို့က ရုတ်ခြည်းကူးခတ် လာသည်။ အပေါ်ရုံ အင်္ကျီကို ည၀တ်အင်္ကျီပေါ်သို့ ကေက်တင်ဝတ်လိုက်၏။ လက်နှစ်ဖက် ဆံပင်ဖရိုဖရဲကို စုပြီးမျှော့ကွင်းဖြင့် ပတ်သည်။ ကင်မရာ..ကင်မရာ...။

သူ့နှုတ်ဖျားက တရစပ်ရွတ်ဆိုနေမှုကြောင့် ညီမဖြစ်သူက ဗီရိုတံခါးကို ပြေးဖွင့်ပြီး ကင်မရာ ကိုထုတ်သည်။ ရီကော်ဒါ ဟု နွယ်မျိုးက အော်ရင်း စလွယ်သိုင်းအိတ်ကို ခုတင်ပေါ်မှ ယူ၍ လွယ်သည်။
"ဘယ်တုန်း ကလဲ၊ ဘယ်အချိန်ကလဲ၊ ဘယ်သူတွေလဲ"
"ဘယ်သိမလဲ၊ ငါလည်း ကြားလို့ နင့်ကို လာနှိုးတာ"
"နင် သွားကြည့်ပြီးပြီလား" "သွားစရာလာ၊ ငါနဲ့ဘာဆိုင်လို့လဲ"
နွယ်မျိုးက စကားမဆက်တော့။ ညီမဖြစ်သူ လက်ထဲ မှ ကင်မရာကိုလှမ်းယူပြီး လိုက်ခဲ့ပါ လားဟု ဆွယ်လိုက် သည်။ ညီမက ခေါင်းခါပြသည်။

နွယ်မျိုး တံခါးကို ဖွင့်ချိန်မှပင် အမေက လှမ်းအော်ပါသည်။
"ဟဲ့  လိုက်သွားလိုက်လေ၊ အဖော်ရအောင်"
အမေ့စကား ကို ညီမဖြစ်သူက ခေါင်းကုတ်နေ၏။
"နေပါစေ အမေ။ ဒီကောင်မလေး လူတောတိုးရဲတာမှတ်လို့"
"ဖိနပ် ဖိနပ်"
နွယ်မျိုး ကပျာကယာ ဖြစ်နေသည်မို့ ညီမက သတိပေးလိုက်သည်။ ဖိနပ်က တစ်ဖက်စီ စွပ်လျက် သား။ နွယ်မျိုး က စိတ်မရှည်တော့ဘဲ ဖိနပ်ကို ချွတ်၍ ဒီအတိုင်းထွက်ကာ ၃လွှာဆီသို့ ပြေးဆင်းသွားတော့သည်။

သူတို့နေသော ခုနှစ်လွှာနှင့် သုံးလွှာကြားတွင် တချို့လှေကားများက မီးမထွန်း။ ည(၂)နာရီ အချိန်မို့ မှောင်မည်းနေ ၏။ နွယ်မျိုးက ကဆုန် ပေါက်၍ ဆင်းလာခဲ့သည်။ ငါးလွှာမှ ဒေါ်သိန်းဆွေက တံခါးဝ၌ ရပ်ရင်း... "ဟဲ့ဟဲ့၊ ပြီးရင် ပြန်ပြောဦးနော်။ အထဲမှာ ကလေးလေး အသတ်ခံရလို့တဲ့"
သူ့စကားကို နွယ်မျိုး ခေါင်းညိတ်ပြရင်း ပြေးဆင်းလာခဲ့သည်။ တိုက်ခန်းရှိ လူတော်တော် များများ နိုးနေကြပြီ။ သုံးလွှာ သို့ ရောက်ရှိချိန် တွင် ရပ်ကွက်လူကြီးများပါ တွေ့ရ၏။
"ဖွင့်မယ်ဗျာ"
ဦးကျော်စိန် က သော့ခတ်ထားသော တံခါးကို ကြည့်၍ လှုံ့ဆော်လိုက်၏။ အမျိုးသားနှစ်ဦး ကသံတူရွင်းနှင့် တူ အကြီး တစ်လက်ကို ကိုင်ရင်း ရပ်နေ၏။

"ကယ်ကြပါရှင်၊ ကျွန်မသားလေး သေတော့မယ်၊ ကယ်ကြပါ"
အထဲမှ အော်ဟစ်လိုက်သော အသံကိုကြားရသည်။
"ကလေးမ နောက်ဆုတ်နေပါ။ သော့ကိုဖျက်မယ်၊ နောက်ဆုတ်နေ"
ဦးကျော်စိန်က အသံပေးလိုက်၏။

တံခါးမှာ နှစ်ဆင့်စလုံး သော့ခတ်ထားသည်။ သံတံခါးသော့ကို အရင်ဖျက်ကြသည်။ မျောက်လက်ဖြင့် သစ်သားတံခါး ကို တွဲကာ ဆက်၍ သော့ခတ်ထားပြန်သည်။ တံခါး သော့ဖျက်သံများ ပေါ်လာပြီး သံတံခါး သော့ခလောက်မှာ ပွင့်လာ၏။ မျောက်လက်မှ သော့ကို ဆက်၍ဖွင့်ကြပြန်သည်။ နွယ်မျိုးက တံခါး အပွင့် ကို မြင်သာရန် နောက်ဆုတ်၍ ကင်မရာကို ချိန်ရွယ်ထား၏။ သော့ဖျက်ပြီးချိန်တွင် ရပ်ကွက် လူကြီးက တံခါး ဖွင့်လိုက် သည်။
"ကယ်ကြပါရှင်၊ ကျွန်မကလေးကို ကယ်ကြပါနော်"
အမျိုးသမီးငယ်တစ်ဦး ဒူးထောက်လျက်သား၊ ကလေးငယ်ကို ပွေ့၍ငိုယိုခယတောင်းပန်း နေရှာ၏။ ကလေး မှာ ပျော့၍နေလေပြီ။ အမျိုးသမီးငယ်မှာ ဆံပင်ဖရိုဖရဲ၊ ငိုလွန်း၍နီရဲနေ သောမျက်လုံးများ၊ မိန်းချထား သဖြင့် မှောင်မည်းနေသော တိုက်ခန်းထဲတွင် ကြေကွဲစဖွယ်။ ဦးကျော်စိန်က မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"
"ကျွန်မ နယ် ကပါရှင်။ ကချင်လူမျိုးပါ။ ကျွန်မ ကလေးလေး ဖျားနေလို့ပါရှင်၊ ကျွန်မ ကလေးကို ကယ်ကြပါရှင်၊ ကယ်ကြပါ ရှင်၊ ကလေးခေါ်လို့မရတော့ဘူးရှင့်။ ကျွန်မကို..... ကျွန်မကို...."
"မင်းက ဘယ်သူလဲ"
"ကျွန်မ နယ်ကပါရှင်။ ကချင်လူမျိုးပါ။ ကျွန်မကလေးလေး ဖျားနေလို့ပါရှင်။ ကျွန်မ ကလေးကို ကယ်ကြပါရှင်၊ ကယ်ကြပါ ရှင်။ ကလေးခေါ်လို့မရတော့ဘူးရှင့်။ ကျွန်မကို.... ကျွန်မကို...."
"မနူး လား....ရှင့်နာမည် မနူးလား"
နွယ်မျိုး က ဦးကျော်စိန်တို့ကို တိုးဝှေ့ကာ အမျိုးသမီး၏နံဘေးတွင် ၀င်ထိုင်၍ မေးလိုက် ပါသည်။ အမျိုးသမီးက အံ့အားသင့် စွာ နွယ်မျိုး ကို ကြည့်နေ၏။

"တန်ဖဲရွာက မနူးလား၊ ဟုတ်လားဟင်"
"ဟုတ်ရှင့်"
"ဟင် မနူးရယ်။ ကြည့်စမ်း၊ ကျွန်မ စုမြတ် သူငယ်ချင်းပါ။ သူနဲ့ ဂျာနယ်တိုက်မှာ အတူတူပဲ။ ကလေးက ဘာဖြစ် တာလဲ"
"စုမြတ် ဘယ်မှလဲဟင်၊ ပြောပါရှင်။ မစုမြတ် ဘယ်မှာလဲ။ ကျွန်မကို ဘာလို့ ဒီထဲမှာ ထားတာလဲဟင်။ သူ့အမေပဲ လာတယ်၊ မစုမြတ် မစုမြတ်"
နူးက စကားမဆက်နိုင်တော့။ လက်ထဲမှ ကလေးကို နွယ်မျိုး လက်ထဲသို့ ပေးကာ ပျော့ခွေကျ သွားရှာ တော့သည်။
ဦးကျော်စိန်က ချက်ချင်းပင် ကားခေါ်၍ နူးတို့ကို ဆေးရုံပို့ပေးရန် စီစဉ်သည်။ နူးတစ်ယောက် ကားပေါ် ရောက်ချိန် အထိ သတိမရသေး၊ ဆေးရုံကြီး အရေးပေါ်ဌာနသို့ အမြန်ပို့ပေးကြသည်။ နွယ်မျိုးက အခြေ အနေ ကို ဦးစိုးအေး ထံ ဖုန်းဆက်၍ ရှင်းပြပါသည်။

ပြဿနာ၏ အရင်းအမြစ်ကို သိခဲ့ရလေပြီ။
ဒေါ်သီရိက နူးတို့သားအမိကို ဘယ်မှ သွားခွင့်မပြု။ တိုက်ခန်းထဲမှာပင် သော့ခတ်၍ ဝှက်ထားခဲ့သည်။ မီးသုံးခွင့် ပင် မပြု။ နူးကလည်း ဘာမှမပြောဝံ့။ ဘယ်သူနဲ့မှလည်း ဆက်သွယ်၍ မရရှာ။ ကလေးငယ် ရုတ်တရက် အဖျားတက် လာချိန်တွင် နူး မနေသာတော့။ နောက်ဖေးတံခါးကို ဖွင့်၍ ပတ်ဝန်းကျင်ကို အကူအညီ တောင်း ပါတော့သည်။ အိမ်ဘေးအခန်းဆီတွင် အဘွားအိုတစ်ဦး ရှိသည်။ နူး၏ အော်ဟစ် အကူအညီတောင်းသံကြောင့် မေးမြန်းကြည့်သော အခါ အပြင်မှ တံခါး သော့ခတ်ထားကြောင်း သိရ ၏။ ထိုမှ တစ်ဆင့် သတင်း များက ဆင့်ကားလာတော့သည်။

တိုက်ခန်းတစ်ခန်းအတွင်း ကလေးငယ်တစ်ဦးအတွက် အကူအညီတောင်းခံနေသော အမျိုးသမီး ကြောင့် လူသတ်မှု ဟု သတင်းပျံ့ခဲ့ခြင်းပင်။ နူးက ကလေးငယ် အဖျားတက်ကာ သတိလစ်သွားချိန် တွင် အသံကုန် ဟစ်ခဲ့သည်ကိုး။
ဦးစိုးအေးက ရဲစခန်းတွင် အမှုဖွင့်လိုက်သည်။ ခိုကိုးရာမဲ့နေသော သားအမိနှစ်ဦးအား တိုက်ခန်းတစ် ခန်းတွင် ပိတ်လှောင်ထားမှု ကို ဦးတည်၍ တရားလိုလုပ်ကာ အမှုဖွင့်လိုက်ခြင်းပင်။  ဦးစိုးအေးထံတွင် စုမြတ် ပေးပို့ ထားသော စာက ရှိနေသည်။ ရဲအရာရှိကလည်း ဦးစိုးအေး တင်ပြသည်ကို လက်ခံပါ သည်။ အမှုအခြေအနေကို ချက်ချင်း နားလည်သွားတော့သည်။ နူးတို့သာအမိ၏ လုံခြုံရေးအတွက်ပါ ကူညီဆောင်ရွက်ပေးသည်။ နွယ်မျိုး လည်း မပြန်နိုင်သေး။ ကလေးငယ်ကို ဆရာဝန်များက ချက်ချင်း ရေပတ်တိုက်ပေးသည်။ ကလေးငယ် သတိရ လာအောင် ကုသပေးကြသည်။ နူးကတော့ အားနည်း ကာ ရုတ်တရက် သတိလစ် သွားခြင်းပင်။ ဆေးရုံရောက်ပြီး သိပ်မကြာခင် သတိရလာသည်။

ယခုတော့ နူး အားမငယ်တော့။
ဒေါ်သီရိ နူးတို့ကို ခေါ်ဆောင်ထားသည့် အဖြစ်ကို သိရပြီ။ ဦးစိုအေးတို့က နူးကို အပြည့်အဝ စောင့် ရှောက်နေပြီမို့ နူး အားမငယ်တော့။
ဦးစိုးအေး က ဦးကောင်းမြတ်ဆီသို့ ဖုန်းဆက်သွယ်၍ အကျိုးအကြောင်း ရှင်းပြသည်။ နူးကို သူတို့ ပြန်ခေါ် ထားနိုင်ပြီ ဖြစ်ကြောင်း သတင်းပေးလိုက်၏။ အမှုကိုတော့ ဖွင့်ထားပြီးပြီ။ သို့မှသာလျှင် ဦးသိန်း ဇော်တို့ ကုမ္ပဏီနှင့် ရင်ဆိုင်ရမည်ကိုး။

ဦးကောင်းမြတ်က ဝမ်းသာစကား ဆိုပါသည်။ သူ့ချွေးမ ဖြစ်နေသည့်တိုင် ဤကိစ္စ၌ သင့်ညာ၍ မနေ နိုင်တော့။ ဒေါ်သီရိကို အမှုဖွင့်ပါဟု တိုက်တွန်းလိုက်ပါတော့သည်။
(၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့က နေပြည်တော် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပ။
ဦးသိန်းစိန်နှင့် ဦးစောသိန်းအောင်၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒေါက်တာအေးမောင်တို့အား ဒုတိယ သမတ္တလောင်း များအဖြစ် အဆိုပြု တင်သွင်းထားကြောင်းသိရ)   
    သန်းဇော်ထွန်း
weekly eleven-Feb.4.2011
ဒူးဝါးဇောင်က ဂျာနယ်ကို စားပွဲပေါ်သို့ ပြန်ချထားလိုက်သည်။ ပြည်သူ့လွှတ်တော်တွေ တင်ပြရမည့် ကချင်ပြည်နယ် အရေးကိစ္စများအတွက် မေးခွန်းများစွာ ရရှိခဲ့ပြီးပြီ။ မြစ်ဆုံအရေး၊ ဖားကန့် အရေး၊ ပြောင်း ရွှေ့ခံဒေသခံ များ၏ အရေး၊ နယ်စပ်ဘက်သို့ သစ်ပင်များ ရွှေ့ပြောင်းနေသော အရေး၊ လူမျိုးစုံ အတွင်း ဖြစ်ပွားနေသော အရေးကိစ္စများ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး အခြေခံအဆောက် အအုံများ အရေး၊ ပညာသင်ကျောင်းများ အရေးတို့ကို ဆွေးနွေးခဲ့ကြပြီးပြီ။

ဖြစ်ပေါ်လာမည့် သမ္မတသစ်နှင့် အစိုးရသစ်တို့ကို  လွှတ်တော်တွင် တွေ့ကြရမည်။ ကချင်ပြည်နယ် အတွက် ဆောင်ရွက်ပေး မည့် အစိုးရမျိုးနှင့် စကားပြောခွင့်ရချင်ပြီ။ ခေတ်ပေါင်းဆက်ဆက်၊ နှစ်ပေါင်း အဆက်ဆက်၊ အစိုးရအဆက်ဆက်တို့သည် ကချင် ပြည်နယ်အတွက် သွေးအေးနေခဲ့ကြ၏။ ဒူးဝါးဇောင် တို့ဘက်က ပွင့်ပွင့်လင်းလင်းပြောတော့မည်။ လွှတ်တော်တွင် တင်ပြဆွေးနွေးမည်။ မီဒီယာ များရှေ့မှောက်တွင် လိုလားချက် များကို တောင်းဆိုသည်။

ဒူးဝါးဇောင် စားပွဲပေါ်မှ ဂျာနယ်ကိုပြန်၍ ယူကြည့်နေမိသည်။ ဖြစ်ပေါ်လာမည့် သမ္မတသစ်နှင့် အစိုးရ သစ်အဖွဲ့ဝင် များကို ဆက်၍ လေ့လာရဦးမည်ဟု တွေးတောနေမိတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, August 8, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၁၁)

ငြိမ်းက သက်ပျင်းမောကို ချလိုက်သည်။ ငြိမ်းမှာ ရှေ့ဆက်ရမည့် တာဝန်တွေ ရှိနှင့် နေပြီ။ မြစ်ကြီးဧရာ အတွက် အရေးဆိုဖို့ အထက်မြန်မာပြည်မှာ NGO အဖွဲ့တွေစုရုံးမိနေပြီ။ မိခင်ဧရာဝတီ အတွက် မီဒီယာသမားများ၊ နယ်ပယ်အသီးသီးမှ အတက်ပညာရှင်များ၊ ဓာတ်ပုံသတင်းများ၊ စာပေသမားများ ပါဝင် လာကြပြီ။ ငြိမ်းတို့ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးအဖွဲ့ဝင်များအတွက် မိခင်ဧရာဝတီသည် စိတ်ဓာတ်အသစ် များ စုစည်း ပေးခဲ့ပြီ။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တစ်လျှောက်တွင် ဤကဲ့သို့ တိုင်းချစ်ပြည်ချစ် စိတ်တို့ဖြင့် စုပေါင်းအဖြေရှာရန် ခွန်အားတို့ကို မြစ်မင်းဧရာက ပြန်စုစည်းပေးလေပြီ။ ငြိမ်းဘက် က ပြင်ဆင်ထားခဲ့ပြီးသမျှ ဧရာဝတီရင်နှစ်သည်းချာတို့နှင့် မျှဝေခံစားမည်။ နည်းလမ်းရှာမည်။ တောင်းဆိုမည်။ ငြိမ်းရင်သည် ပြန်၍တည်ငြိမ်လာသည်။ ကိုဇော်မင်း ဆီကို ပြန်လာဖို့အတွက် သူ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေး။ အဖြေမရှိသေး။ ကိုဇော်မင်း က မြစ်မင်းဧရာဘက်သို့ မျက်နှာမူ၍ ပြန်လည်တွေးတော ငေးမောနေ ရှာပြန်တော့ သည်။ ကို ဆက်ဖတ်ရန်..........

...............................................................................................................................................................................................................................
ကိုမြတ်မင်း သူ့မျက်လုံးကိုပင် သူ မယုံနိုင်။
ချောင်းရေသည် သက်သောင့်သက်သာ စီးဆင်းနေသည်။ နေရောင်ခြည်က ချောင်း ကိုဖြတ်၍ တစ်ဖက်ကမ်းမှ သစ်တောအုပ် အစပ်သို့ ထိုးဆင်းနေသည်။ ဤနေရာကာ သဘာဝတရားတို့၏ လှပနက်ရှိုင်းသော နယ်မြေ။ ရေအောက် တွင် ရွှေဝါရောင်ငါးတို့က ကူးခတ်နေသည်။ နေရောင်ကို ပြန်၍ အရောင်ပြန်နေသော ချောင်းေ၇ သည် တလျှပ်လျှပ် ထနေ၏။
ကိုမြတ်မင်းချောင်းစပ် သို့ဆင်းပြီး ချောင်းရိုးအထက်သို့ မျှော်ကြည့်လိုက်သည်။ အထက်မှ စီးဆင်း လာသော ရေတို့က တလျှပ်လျှပ်။ ကိုမြတ်မင်းချောင်းထဲမှာ ရပ်နေရင်းပင် လက်နှစ် ဖက်ဖြင့် ကျောက်ခဲပြားပြား တစ်ချပ် ကို ဆယ်လိုက်သည်။ ရေညှိ တို့ ကပ်လိမ်းနေသည့် ကျောက်ပြားသည် လက်ဖြင့် ပွတ်သပ် လိုက်ရုံဖြင့် ရွှေသား များ ကပ်ငြိနေသည်ကို တွေ့ရသည်။

ကိုမြတ်မင်း ဘောင်းဘီအိတ်ထဲမှ ရွှေကျောက်ချပ်လွှာ အပိုင်းပြတ်လေးကို ထုတ်သည်။ ချောင်းထဲမှ ဆယ် ထားသော ကျောက်ပြားချပ်နှင့် ယှဉ်၍ကြည့်လိုက်သည်။ သူ အတော်ကြီးကျေနပ်သွားတော့သည်။
ချောင်းထဲ မှ ရွှေပါသော ကျောက်ချပ်လွှာများကို ကောက်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီ။ သူ့ကျောပိုး အိတ်ပြည့်နေပြီး ရေစက် တို့ စိုရွှဲနေသည့်တိုင် သူ မမောနိုင်သေး။ ဂျာကင်အင်္ကျီကိုချွတ်၍ အင်္ကျီကိုပွေ့ပြီး ရသမျှကောက်နေ သည်။ ဇော်ဟိုးရပ်နေ သောတောင်ကြောဆီမှ လက်ခေါက်မှုတ်သံ အကြိမ်ကြိမ်ကြားနေ သည်။  သို့ရာတွင် သူ့ ဘက်က မရပ်တန့်နိုင်သေး။ ရွှေကိုလက်ဖြင့် ကောက်ယူနိုင်သော အရပ်ဒေသသို့ သူ တကယ်ရောက်နေပြီ။ ရွှေကျောက်ချပ်၊ ရွှေကျောက်ပြား များက ကောက်၍ပင်မကုန်။ သူက ချောင်းရိုးအတိုင်း ဆက်၍ တက်ရင်း ကောက်နေသည်။ သူ့ကိုယ်သူ အိပ်မက်ထဲရောက် နေသူကဲ့သို့ အငမ်းမရကောက်ယူနေ သည်။ ကျောပိုးအိတ် ကို ကမ်းစပ် တွင်ချ၍ ဂျာကင် အင်္ကျီထဲသို့ ကောက်ထည့်နေသည်။ သူ ဘယ်လောက် ကောက်ကောက် ရွှေကျောက်ချပ် ကျောက်ပြားများက မကုန်နိုင်သေး။

လက်ခေါက်မှုတ်သံ ကို ထပ်၍ကြားရသည်။ သူ ခါးကို မတ်၍ ဇောဟိုးနေရစ်ခဲ့သည့် တောင် ကြောဆီသို့ လှမ်းကြည့် လိုက်သည်။ သူ့နားထဲမှာ အသံပြင်းပြင်း ကြားရသလို ထင်မိ၏။ ရေသံ....ရေစီးပြင်းပြင်းသံ။
သူ ချောင်းရိုး အထက်သို့ မော့ကြည့်လိုက်၏။ သူ့မျက်လုံးကိုပင် သူမယုံနိုင်။ မိုးသားတိမ် လိပ်တို့က မည်းမှောင်လာ၏။ ရေစီသံတ တဖြည်းဖြည်း အသံမြည်ဟည်းလာသည်။ သူ ကမ်းစပ်သို့ ဒရောသောပါး ပြေးသည်။ ပြေးနေရင်းမှာပင် ရေစီးအားက ပို၍ပြင်း ထန်လာ၏။ သူဆက်၍ပြေးသည်။ ဒူးခေါင်းသာသာ ရှိသော ရေစီးသည် ခါးလယ်သို့ တက် လာ၏။ ကမ်းမှာ သူနှင့်ဆယ်လှမ်းခန့် ကျန်သေး၏။ သူက ရေစပ် ဆီသို့ ဂျာကင်အင်္ကျီ ကို လုံးထွေး၍ လှမ်းပစ်လိုက်သည်။ သူကိုယ်တိုင်လည်း ဒိုင်ဗင်ထိုးကာ ကူး တော့သည်။
ရေစီးသံကြီး က ပို၍မြည်ဟည်းလာ၏။

သူကမ်းစပ်သို့ရောလာချိန်တွင် ဆက်၍ပြေးသည်။ ကမ်းစပ်တွင်ချထားသည့် ကျော်ပိုး အိတ်ကို သယ်သည်။ ရေစီးသံနှင့်အတူ မိုးခြိမ်းသံများကြားရသည်။ ကြည်လင်နေသော ၀န်း ကျင်သည် ချက် ချင်းပင် မည်းမှောင်လာသည်။ သူဆက်၍ပြေးပါတော့သည်။ သစ်ပင်ကြီး တစ်ပင်အောက်သို့ ၀င်၍ကျောပိုးအိတ် ကို ဖက်ကာ ပြားပြားဝပ်နေမိသည်။ လေရော မိုးရော မြည်သံဟည်း၍နေရာမှ ချက်ချင်း ရပ်စဲသွားတော့သည်။ သို့ရာတွင် သစ်ပင် အောက်မှ သူပြန်မထွက်ရဲ။

လေတိုက်သံ၊ မိုးထစ်ချုန်းသံများ ငြိမ်သက်သွားပြန်သည်။ ချောင်းရေသည် အသံသွက် သွက်ဖြင့် စီးဆင်းနေ၏။ သူ သစ်ပင်ကြီးအောက်မှ ထွက်လာပြီး ချောင်းထက်သို့ မရဲတရဲ လျှောက်လာသည်။ ကမ်းစပ်မှာ ဂျာကင်အင်္ကျီ ကို မတွေ့ရတော့။ ချောင်းရေပြင်သည် သူ့ကို ပို၍အံ့အားသင့်စေသည်။ သူတွေ့ ခဲ့သော ရွှေကျောက်ချပ် ကျောက်ပြား များ မတွေ့ ရ။ ချောင်းရေသည် ရေစီးသန်သန်ဖြင့် စီးဆင်းနေ သည်။ ချောင်းရေပြင် ၌ သဲနုန်းများဖြင့် စီးဆင်းနေသည်။
သူ အံအား သင့်စွာဖြင့် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လာခဲ့သည်။
ထို့နောက် ကျောပိုးအိတ်ကို လွယ်၍ ဇော်ဟိုး စောင့်စားနေသော တောင်ကြောဆီသို့ ပြေး ထွက်လာတော့ သည်။ သူပြေးနေရင်းမှပင် ကျောပိုးအိတ်ကို စမ်းကြည့်ပြန်သည်။ ရေစက် စက်ကျနေသော ကျောပိုးအိတ် က လေးလံနင့်ပိုးစွာ ပါလာသည်။

သူဆက်၍ပြေးသည်။ သူပြေးနေရင်းနောက်ဘက်မှ တဝေါဝေါမြည်သံများ ကြားရသဖြင့် ရပ်တန့် ၍ လေ့လာကြည့်သည်။ အသံများ တိတ်ဆိတ်နေ၏။ သူအမျှော်လင့်ဆုံး လက်ခေါက် မှုတ်သံကို ကြား ရသဖြင့် ပြန်ပြေး လာသည်။ သူ့နောက်မှ တဝေါဝေါသံများ ကြားရ၏။ သူမရပ်မနား ဆက်၍ပြေး သည်။ ချောင်းကူးဝါးတံတား မှ ကြားရသည်။ ၀ါးတံတား ကိုဖြတ်၍ သူဆက်လျှောက်လာ၏။ နောက်ဘက်သို့ လှည့် မကြည့် ရဲတော့။
ဝါးတံတား မှာ ခြေလှမ်းနှစ်ဆယ်စာမျှ ရှိသည်။ အောက်ဘက်တွင် ရေတိမ်ချောင်းလေးတစ် ခုစီးနေသည်။ ၀ါးတံတားတစ်ဖက် သို့ ရောက်ချိန်တွင် နောက်ဘက် တောအုပ်ဆီမှ တဝေါ ဝေါမြည်သံများ ကြားရပြီး တဖြည်းဖြည်း ဝေးကွာ သွား၏။

သူအမောမဖြေအား။ ဇောဟိုး စောင့်စားနေမည့်နေရာသို့ ဆက်၍ပြေးတက်လာခဲ့သည်။ တာင်ကတုံးက အနည်းငယ်မြင့် သည်။ သူ အားကုန်စိုက်၍ ပြေးတက်နေဆဲမှာပင် ကျောပိုး အိတ်မှ လက်ကိုင်း တစ်ဖက်က ပြုတ် ထွက်သွားတော့သည်။ သူက ကျောပိုးအိတ်ကို ဆွဲပွေ့၍ တောင်ကတုံးပေါ်သို့ တက်ပြေး လာတော့သည်။ ဇော်ဟိုးက သူ့ကို စိုးရိမ်တကြီး ကြည့်နေတော့၏။ ဇော်ဟိုးကို တွေ့လိုက်ရချိန်တွင် သူ့ ဒူးနှစ်ဖက် ညွတ်ကျသွားပါတော့ သည်။ သူမောပန်းလွန်းသဖြင့် အသက်ပင်ကောင်းစွာ မရှူနိုင်တော့။ ကျောပိုးအိတ် ကို ပွေ့လျက်သား သူလဲကျရင်းခက်ခဲပင်ပန်းစွာ အသက်ရှူနေတော့သည်။

ဇော်ဟိုးက ကျောပိုးအိတ်ကို လာကောက်ယူ၏။ ကိုမြတ်မင်းက လက်ထဲမှာ ပွေ့လျက် သား ဖက်ထား ရင်း ဇော်ဟိုး ၏ ဆွဲအားကို မထိန်းနိုင်။ ဇော်ဟိုးက ကျောပိုးအိတ်ကို မ ၍ အလေးချိန်ကို တွက်ဆ သည်။ ပြီးတော့ အိတ်ကို ဖွင့်၍ အထဲမှ ရွှေမှုန်များ ကပ်ငြိနေသည့် ရွှေကျောက်ချပ် ကျောက်ပြားများကို သွန်ချ သည်။ အကုန် သွန်ချသည်တော့မဟုတ်။ ကျော ပိုးအိတ် အလေးချိန်ခံနိုင်ရည်ရှိသည်အထိ ချိန်ဆပြီး ကိုမြတ်မင်း ထံသို့ ပြန်ပေးလိုက်၏။ ကိုမြတ်မင်းက လေးဖက်တွားလျက် ပုံချ ထားသော ရွှေကျောက်ချပ် ကျောက်ပြား များဆီ သို့ တိုးလာပြီး ကျောပိုးအိတ်ထဲသို့ ပြန်ထည့်ရန် ကြိုးစား သည်။ သို့သော် မောပန်းနွမ်း လျသဖြင့် သူ့ဆန္ဒမပြည့်ဝ။

"ဒါတွေ ထားခဲ့လိုက်ပါဗျာ။ ခင်ဗျားနဲ့ ကျုပ်နဲ့ ဒီတောထဲက အသက်မသေဘဲ ထွက်နိုင် ဖို့ ဆိုရင် ဒါတွေ ထားခဲ့မှ ဗျ။ ကျုပ်တို့ နောက်ထပ် ဆက်ရက်ကျော် ခရီးဆက်ရဦးမှာ။ ဒီအိတ်က တစ်လမ်းလုံး သယ်ရမှာ။ ကျုပ်ပြောတာ နားထောင်စမ်း ပါ" သူ့စကား ကို ကိုမြတ်မင်းက ခေါင်းခါသည်။
"ကျုပ်တို့ ဒီကမြန်မြန် ခရီးဆက်မှဖြစ်မယ်။ ဒီရွှေတွေ ဒီနေရာမှပဲ ၀ှက်ထားခဲ့လို့ရတယ်။ ခင်ဗျားအိတ်ထဲမှာ ပါနေပြီပဲဗျာ။ လောဘမကြီးစမ်းပါနဲ့။ ခင်ဗျားဒုက္ခရောက်မှာစိုးလို့ပြော နေတာ။ ဒီတောအကြောင်း ခင်ဗျားမြင်ပြီ မဟုတ်လား"
ကိုမြတ်မင်း က မျက်လုံးစုံမှိတ်လျက်သား ရွှေကျောက်ချပ်များပေါ်တွင် မိန်းမောနေသည်။ ဇော်ဟိုးစကားကို သူဆက်၍ မငြင်းဝံ့။ ကျောပိုးအိတ်ကို သယ်ရမည့်သူက သူသာဖြစ်သည်။ ဇော်ဟိုးမှာ ရိက္ခာအိတ်ကတစ်ဖက်၊ ကြိုးခွေ၊ ကြိုးပုခက် နှစ်လုံး၊ ပေါက်ချွန်း၊ တောင်တက် ခက်ရင်းခွများနှင့် ရေဘူးကို သယ်ထားရသည်။ နဂိုကပင် ကတိ ခံထားသည်က မည်သည့် ရွှေကိုမှ သယ်ပေးမည် မဟုတ်ဟုဇော်ဟိုး ပြောထားပြီးသားပင်။

"ဒီမှာ ၀ှက်ခဲ့ရမှာပေါ့ ဟုတ်လား"
ကိုမြတ်မင်းက မေးမြန်းလိုက်သည်။
ဇော်ဟိုးက ပေါက်ချွန်းကို ပစ်ချပေးပြီး ခပ်ဝေးဝေးသို့ ထွက်သွားပါတော့သည်။ ကိုမြတ်မင်း ပေါက်ချွန်းကို ကြည့်ရင်း ခေါင်းငိုက်စိုက်ကျသွားပါတော့သည်။
သူအင်အားပြန်စုစည်း၍ သစ်ပင်တစ်ပင်အနီးတွင် တူးဆွသည်။ မြေသားက သစ်ရွက်သစ် ခက်အဟောင်း များကြောင့် ရုတ်တရက် တူးဆွ၍မလွယ်။ အတော်လေးကြာတော့မှ မြေ သားကိုတွေ့သည်။
သူအားကုန်သုံး၍ တူးဆွသည်။ ဇော်ဟိုး ပုံချထားသည့် ရွှေကျောက်ချပ်ကျောက်ပြားများ ကို သယ်ယူရန် ကျောပိုးအိတ်ထဲမှ ရွှေများကို အရင်သွန်ချ သည်။ ပြီးမှ ပုံထားသော ရွှေ ကျောက်ချပ်ကျောက်ပြား များကို ထည့်၍တူးထားသော တွင်းဆီသို့ သယ်ကာ တွင်းထဲသို့ ထည့်သည်။ မြေပြန် ဖို့သည်။ ပြီးတော့ ကျောပိုးအိတ် ထဲသို့ သယ်ယူသွားမည့် ရွှေကျောက် ချပ်ကျောက်ပြားများကို ထည့်သည်။

ပတ်ဝန်းကျင်ကို သူသေသေချာချာ မှတ်မိစေရန် သစ်ပင်၏ ပင်စည်တွင် ပေါက်ချွန်းဖြင့် ခပ်နက်နက်ပေါက်သည်။ ထို့နောက် သစ်ပင်နောက်ဘက်သို့သွား၍ ပေါက်ချွန်းရာပေး သည်။ ကျေနပ်လောက်သည်အထိ မှတ်သားပြီး ကာမှ သူ့ပတ်ဝန်းကျင်ကို အကဲခတ်လိုက် သည်။ သစ်ပင်ကြီးက အမြင့်ပေနှစ်ဆယ်လောက် တွင် လေးခွ ဆုံဖြစ်၍ သစ်ကိုင်းများ ဖြာ ထွက်သွားသည်ကို သူမှတ်ထားမိသည်။ နံဘေးတစ်ဝိုက်မှာ ထိုအပင်မျိုး မတွေ့ရချေ။
သူကျေနပ်လောက်အောင် မှတ်သားပြီးမှ ထွက်လာခဲ့တော့သည်။

"ငါ နားမလည်နိုင်ဘူး ဇော်ဟိုး။ ဒါတွေက သဘာဝတရားမှ မဟုတ်တာ။ အကြောင်းရင်း တစ်ခုခုတော့ ရှိရ မှာပေါ့"
"ဒါတွေ ကျုပ် မပြောတတ်ဘူးဗျာ။ ကျုပ်တို့ တရုတ်ပြည်ထဲကို မြန်မြန်ရောက်မှဖြစ်မယ်။ နောက်မှာ ကျုပ်တို့ကို လိုနေတဲ့ အဖွဲ့တွေရှိတယ်။ ခင်ဗျားကို ကန်ပိုင်တီးအထိပို့ပေးမယ်။ ဟိုဘက်ရောက်ရင် ခင်ဗျားဘာသာ သွားတော့"
ဇော်ဟိုးစကားကြောင့် ကိုမြတ်မင်း အံ့အားသင့်သွားသည်။
"တရုတ်ပြည်ကို ဖြတ်သွားရမှာ...ဟုတ်လား"
"ကျုပ်တို့ လွတ်ဖို့ အဲဒီလမ်းပဲ ရှိတယ်။ တရုတ်နယ်စပ်ကနေ ကန်ပိုင်တီးကို သွားမယ်။ ပြီးရင် ၀ိုင်းမော်ကို သွားမယ်။ ၀ိုင်းမော်ရောက်မှ ရန်ကုန်ကိုသွားလို့ ရမှာ။ ဒါပေမယ့် ကျုပ် မလိုက်သေး ဘူး။ နောက်က ကောင်တွေ နဲ့ စာရင်းရှင်းဦးမယ်" "၀ိုင်းမော်ကို သွားမှာ" ကိုမြတ်မင်းက မေးခွန်းထုတ်လာသည်။

"ကျုပ်တို့ အခုဆက်သွားရင် တရုတ်နယ်စပ်ကို ရောက်မယ်။ အဲဒီကနေ တရုတ်နယ်ထဲ ကိုဝင်ပြီး ကန်ပိုင်တီးကို ရောက်အောင်သွားရမှာ။ ဒီလမ်းက ကျုပ်ရောက်ဖူးပါတယ်။ အရေးကြီးတာက တရုတ်နယ် ထဲ မြန်မြန်ရောက်မှ ဖြစ်မှာ။ နောက်က ကောင်တွေက ကျုပ်တို့သွားတဲ့လမ်းကို ရိပ်မိသွားရင် ခက်မယ်ဗျာ။ သူတို့ မှာ စကာပြောစက်တွေပါရင် ကျုပ်တို့ဘယ်လောက် ပြေးပြေးမလွယ်ဘူး"
ဇော်ဟိုး စကားကြောင့် ကိုမြတ်မင်း ပို၍သွေးလန့်လာတော့သည်။ အရင်ကတော့ သူမ ကြောက်။ သူ ကိုယ်တိုင် ရွှေကြောသစ်ကို တွေ့ရပြီးနောက် ကျောပိုးအိတ်ဖြင့် ကောက်ယူ လာခဲ့ပြီးမှ သူတွေး၍ကြောက်လာသည်။ သည်ရွှေကြောမျိုးအတွက် မည်သူမဆို လူ့အ သက်တစ်ချောင်းကို ရှင်းပစ်ရနန် ၀န်လေးမည် မဟုတ်။ သူ့ကျောပိုးအိတ်ထဲမှာလည်း သက်သေက အပြည့်။

"စောစောက ချောင်းက ဘာဖြစ်တာလဲ ဇော်ဟိုး"
သူက အားမလိုအားမရဖြစ်ရင်း ဇော်ဟိုး လက်ကိုဆွဲ၍ မေးခွန်းထုတ်လိုက်သည်။ ဇော်ဟိုးက သူ့ကို စူးစိုက်၍ကြည့်သည်။ ဇော်ဟိုး အကြည့် က စက်ဆုပ်ရွံရှာမှု အပြည့်။
"မင်း ငါ့ကို အဲဒီလိုမကြည့်နဲ့။ ဒါက ငါ့ဘ၀အတွက်တင်မကဘူး။ ငါ့ကုမ္ပဏီအတွက်ပါ အရေးကြီးလို့ ငါလုပ်ရတာ။ မြေပုံကိုလည်း ငါစိတ်မချဘူး။ ဒီရွှေကြော က ရေစီး အတိုင်း လျှောက်မျောနေတာ မို့လား။ ချောင်းရေက ဘာဖြစ်တာလဲလို့ ငါသိချင်တယ်၊ ပြောကွာ"
"ခင်ဗျား အသက်မသေအောင် လို့ ကျုပ်အကြိမ်ကြိမ်တောင်းပန်ခဲ့ရတာ ခင်ဗျားသိလား။ တောင်နတ်သမီးက ခင်ဗျား ကို အသေသတ်ချင်နေတာ။ ကျုပ်က ကျုပ်မိသားစု အတွက် တောင်းပန်ထားလို့ ခင်ဗျားမသေတာ"
ကိုမြတ်မင်း က ရယ်သည်။ အားရပါးရ ရယ်သည်။ သူ့ရယ်သံက ဇော်ဟိုးယုံကြည် ကိုးကွယ်မှုကို ဟားတိုက်လှောင်ရယ်နေ သည်။ ဇော်ဟိုးက ခါးကြားမှတောတက်ဓားကို ထုတ်၍ လက်ထဲမှာ တင်းတင်းဆုပ် ထား၏။ သို့ရာတွင် သူ့အတွေး၌ နူးကိုမြင်ယောင်လာ သည်။

အားဖြင့် လွှဲခုတ်လိုက်သော ဓားချက်ကြောင့် သစ်ပင်ငယ်တစ်ပင် ထက်ပိုင်းပြတ်သံ ထွက်ပေါ်လာ၍ ကိုမြတ်မင်း အံ့အားသင့် စွာ လှည့်ကြည့်မိသည်။ သူ့နံဘေးတွင် ဇော်ဟိုး ကဓားကို ဆုပ်ကိုထားဆဲပင်။
"ခင်ဗျား တို့လို လောဘ သမားတွေကြောင့် ကျုပ်တို့နယ်မြေမှာ သွေးတွေ လွှမ်းခဲ့ရတယ်၊ သေနတ်သံတွေ ညံနေတယ်။ လူတွေ သေနေကြတယ်။ ခင်ဗျားကို ကျုပ်ဘယ်လောက် မုန်းတီးတယ်ဆိုတာ တောင်ပိုင်နတ်သမီး သိတယ်။ ကျုပ်ခင်ဗျား ကို သတ်ချင်နေတာ ဘယ်လောက်တောင်လဲဆိုတာ တောင်ပိုင်နတ်သမီးသိတယ်။ ဒါပေမယ့် ခင်ဗျား ကံကေင်း ပါတယ်။ ကျုပ်မိန်းမနဲ့ ကလေးက ခင်ဗျား လက်ထဲမှာကိုး"
ဇော်ဟိုး က မပြယ်သေးသော ဒေါသဖြင့် သစ်ပင်လက်ကျန်ကို ဆက်၍ခုတ်လိုက်သည်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက်။ သစ်ပင်လက်ကျန် က တစ်ထစ်ပြီး တစ်ထစ် ပြတ်ကျနေ သည်။

"မင်းတို့ ဒုက္ခရောက်နေတာ အဲဒါတွေ စွဲလမ်းလို့ကွ။ မင်းတို့တစ်နယ်လုံး အဲဒီလို အယူသီးနေ လို့ ခေတ်နောက်ကျရတာ၊ ထားပါ။ ငါမင်းနဲ့ ဆက်မငြင်းတော့ဘူး။ မင်းကို ငါ ရန်ကုန်ရောက်အောင် ခေါ် သွားမယ်။ ပြီးရင် မင်းတို့မိသားစုကို ချမ်းချမ်းသာသာ ငါထား ပေးမယ်။ မင်း ဒီနယ် ကို ပြန်လာဖို့ မလိုဘူး"
"ခင်ဗျား ဒီကိုပြန်လာရင် ကိုယ့်သေတွင်းကိုယ်တူးတာပဲ။ ထားပါဗျာ၊ ကျုပ်အပူ မပါပါဘူး။ ခင်ဗျားဟာ အခုလည်း ကပ်ဆိုက်နေပါပြီ။ ဒီနယ်မြေက လွတ်ရင်တောင် ခင်ဗျားဘ၀မှာ ဘယ်တော့မှ စိတ်ချမ်းသာမယ် မထင်နဲ့"

ဇော်ဟိုး ၏ စကားများကို ကိုမြတ်မင်းက ဂရုမစိုက်တော့။ သူ့အတွက် မမြင်ရသော အန္တရာယ်ကို ဂရုစိုက်နေ ဖို့ထက် ဒီနယ်က လွတ်မြောက်ဖို့က ပိုအရေးကြီးသည်။ ၀ိုင်းမော် ကိုရောက်လျှင် သူလွတ်မြောက်ပြီ။ ရန်ကုန်ရောက် လျှင် ရွှေကျောက်ချပ် ကျောက်ပြား နမူနာကိုယူ၍ အစိုးရထံ တင်ပြမည်။ သူလျှောက်ထား မည့် ရွှေကြောသစ် အတွက် လိုက် စင်တောင်းမည်။ အစိုးရဘက်မှ ပူးပေါင်းပါလျှင် သူအတွက်.။
သေနတ်သံ။
တောင်ကြောဆီမှ ပဲ့တင်ထပ်လာသော သေနတ်သံကို ကြားရသည်။
ဇော်ဟိုးက သစ်ပင်တစ်ပင်ပေါ်သို့ တွယ်ဖက်၍တက်သွားသည်။
သေနတ်သံများက အပြန်အလှန်ဆူညံနေသည်။ တောတစ်တောလုံး ပဲ့တင်ထပ်နေသည်။ ဇော်ဟိုးက သစ်ပင်ပေါ်မှ အကဲခတ်နေပြီး ပြင်ဆင်းလာတော့သည်။

"ကျုပ်တို့ ပြေးရအောင်။ အောက်ဖက်မှ တိုက်ပွဲတွေ ဖြစ်နေပြီ။ ချောင်းအောက်ဘက်မှာ ဆိုတော့ ဒီဘက် ရောက်လာ ရင် မလွယ်ဘူး"
"ဘယ်သူတွေလဲ သိလား" "ရွှေမုဆိုးတွေပဲ နေမှာပေါ့ဗျာ"
ဇော်ဟိုးက စကားပြောပြီးသည်နှင့် တောင်ဆင်ခြေလျှောအတိုင်း ထွက်ခွာသွားတော့သည်။ ကိုမြတ်မင်း က ကျောပိုးအိတ်ကို ပွေ့လျက် အပြေးတစ်ပိုင်းလိုက်လာခဲ့တော့၏။

လောဟိုက သူ့လူများကို မိုင်းဗုံးများ ထောင်ခိုင်းပြီး သူကိုယ်တိုင် စနက်တံများကို လိုက် စစ်ဆေးနေ သည်။ စောစောကပင် အပြန်အလှန် ပစ်ခတ်ပြီးပြီမို့ နှစ်ဖက်စလုံး အကဲခတ်၍ ချောင်းမြောင်းနေကြဆဲ။ တစ်ဖက်အုပ်စု က ချောက်ကမ်းပါး တစ်ဖက်မှာ နေရာယူ၍ ပစ် ခတ်နေခြင်းပင်။ ချောက်မှာ မကျယ်ဝန်း လှသော်လည်း တောင်ကြားနှစ်ဖက် ဆက်နေသည် မို့ ၀ါးတံတားကို အသုံးပြုမှ ကူးလို့ရသည်။ လောဟိုတို့က တစ်ဖက်ကမ်း မှာ ရောက်နေပြီ မို့ဝါးတံတားကို မိုင်းထောင်ပစ်ခြင်းပင်။

လောဟိုက တဖြည်းဖြည်း တောအုပ်ဘက်သို့ ရွှေ့ပြောင်း ဆုတ်ခွာလာပြီး သူ့လူများကို အချက်ပေးလိုက်၏။ သူ့လူများ က သေနတ်သံပေး၍ ချောက်တစ်ဖက်သို့ လှမ်းပစ်သည်။ သူတို့ ဆုတ်ခွဲခဲ့ကြသည်။ စနက်တံကြိုးစ ကို အဆုံးအထိ ချိတ်ဆက်ပြီး မီးရှို့လိုက်၏။ လောဟိုတို့ တိုက်ခိုက်နေသည်ကို စု တို့အုပ်စု က တောအုပ်ထဲမှ စောင့်ကြည့်နေရ၏။ မိုင်းသည် စနစ်တံဆုံးသည်နှင့် မြည်ဟီးပေါက်ကွဲတော့သည်။ ၀ါးတံတား မှာ ကစဥ့်ကလျား ဖြစ်၍ ချောက်ထဲသို့ ပြုတ်ကျသွားတော့သည်။ သူတို့အုပ်စု တောင်ပေါ်သို့ ဆက်၍ တက်လာကြ သည်။ နောက်မှ လိုက်လံတိုက်ခိုက်သူများလည်း ချောက်တစ်ဖက်ကမ်း၌ ကျန်ခဲ့လေပြီ။ စုက ခြေထောက် သက်သာလာပြီမို့ ရိက္ခာအိတ်တစ်အိတ်ကို လွယ်ပိုး၍ လိုက်နေရသည်။ စိန်ကြီးတို့ သုံးယောက် မှာလည်း ခြင်းကြားများ၊ ကြိုးခွေများ၊ ယမ်းကတ် များ၊ ကျည်ဆန်တဲမျာ၊ ရေဘူးများကို သယ်လာကြ သည်။ တောကျွမ်းသူ စိန်ကြီးပင်လျှင် သည်ခရီးလမ်းကို မကျွမ်းနိုင်တော့။ လောဟိုက ဦးဆောင်၍ လမ်းညွှန်ခေါ်ဆောင်နေခြင်း ဖြစ်သည်။

စိန်ကြီး က သူ့ချာတိတ်နှစ်ယောက်ကို စကားတိုးတိုး ပြောလိုက်သည်။ စိန်ကြီးစကာ ကြောင့် သူ့ကောင်လေး နှစ်ယောက် က လောဟိုတို့အဖွဲ့ကို အကဲခတ်နေ၏။ စုက သစ်ပင် တစ်ပင်ကို လက်ဖြင့် ထောက်ရင်း အမောဖြေနေပါသည်။
"အစ်မ"
ကောင်လေးတစ်ယောက်က တိုးတိုးလေး ပြောလာသည်။
"ကျွန်တော်တို့ အခြေအနေပေးရင် လစ်တော့မယ်။ တရုတ်ပြည်ထဲကို မလိုက်ချင်တော့ ဘူး"
စု က အားငယ်စိတ်ဖြင့် ကောင်လေးကို ကြည့်လိုက်မိပါသည်။
"ကျွန်တော် အစ်မ တို့ ကုမ္ပဏီကို အကြောင်းကြားပေးပါ့မယ်"
စုက ဘာမှ မပြော။

လောဟိုတို့အုပ်စုက တောင်ခါးပန်းဘက်သို့ ခွဲထွက်၍ လမ်းခရီးကို အကဲခတ်နေသည်။
"နင်တို့ သဘောပဲ" "နောက်က တပ်ဖွဲ့တွေက အန္တရာယ်များတယ်။ ကျွန်တော်တို့ အချောင်အသတ်ခံရမှာ အဲဒါကြောင့်ပါ" စု သိပ်တော့ မအံ့သြမိ။ လမ်းခရီးတစ်လျှောက်တွင် စိန်ကြီးတို့ သွေးပျက်လာသည်ကို သတိထား မိခဲ့ပြီးပြီ။ ကချင်တပ်ဖွဲ့များနှင့် ပြဿနာဖြစ်လျှင် ရှင်းဖို့မလွယ်။ ထို့ကြောင့် စိန် ကြီးတို့ ဆက်၍ မလိုက်လိုတော့။ ပထမတော့ ကိုမြတ်မင်းနှင့် ကိုဇော်ဟိုး ကို လိုက်ရမည်မို့ ဘာပြဿနာမှမရှိ။ လောဟိုက တခြားလူမျာူးကိုပါ သတ်ဖြတ်ပြီး ထင်ရာ စိုင်းနေသည်။ လမ်းကူးတံတားများကို မိုင်းခွဲပစ်နေသည်။ ထိုပြဿနားများတွင် စိန်ကြီးတို့ ကြားညပ်ပါ နေကြရသည်။

"မြန်မြန်ဟေ့၊ ငါတို့ ဖြတ်လမ်းကနေ သွားရမှ။ ကန်ပိုင်တီးကို ရောက်မှဖြစ်မယ်"
လောဟို က လှမ်းအော်ပြောရင်း နောက်မှ ပါလာသူများကို ဆော်သြနေသည်။ တောင်ခါး ပန်းကွေ့မှာ အတော် ရှည်လျားပြီး လူတစ်ယောက် လျှောက်၍ ရရုံသာ ကျယ်ဝန်းလှသည်။ အောက်ဘက်တွင် ချေက်၊ နံဘေး တွင် ကျော်သားနံရံ ခံနေ၏။
ဟုက စိန်ကြီး တို့ကို ကျော်တက်ပြီး လျှောက်လာခဲ့သည်။ လောဟိုက စုကို မြင်ရသဖြင့် စိတ်ချ လက်ချ ဖြစ်ကာ ရှေ့သို့ ဆက်၍ လျှောက်သွားသည်။ စိန်ကြီးတို့ သုံးယောက်စလုံး ဝန်စည်စလယ်များကို ပစ်ချ၍ နောက်ကြောင်းလှည့်ကာ ပြေးထွက်သွားတော့သည်။ လောဟိုတို့က သတိမထားမိကြ။ တောင်ခါးပန်း၏ အဆုံးတွင် ချောင်းငယ်လေးတစ်ခု စီးဆင်းနေသည်။ လောဟိုက မျက်နှာသစ်ရင်း အမောဖြေနေ ၏။ ချောင်းစပ်သို့ စု ရောက် ရှိလာချိန်တွင် အော်သံ စ၍ ကြားလိုက်ရသည်။

"ပြေးပြီ၊ ပြေးကုန်ပြီ"
လောဟိုတပည့် က လှမ်းအော်လိုက်ခြင်းပင်။
သူ့အော်သံကြောင့် လောဟို က စုကို လှမ်းကြည့်သည်။ စုက ချောင်းစပ်တွင် ထိုင်ချ၍ ချောင်းရေကို လက်ဖြင့် ခပ်ယူပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။
"ခွေးမ" လောဟိုက ထိုင်ရာမှ ပြေးထလာပြီး စုကို တရကြမ်း ပစ်တွန်းလိုက်၏။ စု ကိုယ်လုံးမှာ ချောင်းစပ်မှ ဟပ်ထိုး ရေထဲ သို့ ပြုတ်ကျသွားတော့သည်။ လောဟိုက ခါးကြားမှ သေနတ်ကို ဆွဲထုတ်၍ ချိန်လိုက်သည်။
"ခွေးမ၊ ဒါ နင့်လက်ချက် မဟုတ်လား"
စုက ရေထဲမှာ ပင် ကျားသစ်မတစ်ကောင် လို မျက်တောင်မခတ် စိုက်၍ ကြည့်နေ၏။ လောဟို တပည့်နှစ်ယောက် က တောင်ခါးပန်း ဆီသို့ ပြေးတက်သွားတော့သည်။

အဖွဲ့ခေါင်းဆောင်က လက်ထဲမှ ရေဘူးကို ကမ်းပေးလိုက်သည်။ မောဟိုက်နွမ်းနယ်နေ သော ကောင်လေးက ဒူးထောက်နေလျက် မှ ရေဘူးကို လှမ်းယူ၍ အဖုံးဖွင့်ကာ တစ်ငုံမျှ မော့သောက်လိုက်သည်။ ပြီးတော့ နံဘေးမှ သူငယ်ချင်း ကို ပေးလိုက်၏။ ထိုကောင်းလေး ကလည်းကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရေဘူးကို ကိုင်၍မော့သောက် လိုက်သည်။ သူတို့နံ ဘေးမှ စိန်ကြီး မှာ ရေမသောက်နိုင်ရှာတော့။ ၀မ်းဗိုက်တွင် ပွင့်လျက် သေနတ် ဒဏ်ရာ ဖြင့်အသက်ငင်နေတော့သည်။
အဖွဲ့ခေါင်းဆောင် က ရေဘူးကို ပြန်မသိမ်းဘဲ ကောင်းလေးထံမှပင် ပေးထားလိုက်သည်။

"မင်းတို့ပြေးလာတာ ဘယ်နှယောက်လဲ"
"သုံးယောက်ပါ"
"ကောင်မလေးကော"
"သူမပါဘူး ခင်ဗျ၊ ဟိုဘက်တောင်ခါးပန်းမှာ ကျန်ခဲ့တယ်"
"သူ့ကို ဘယ်ခေါ်သွားမလို့လဲ"
"တရုတ်ပြည်ဘက် လို့ ပြောတယ်ခင်ဗျ။ ကန်ပိုင်တီးကနေ ၀ိုင်းမော်ကို သွားမှာ"
အဖွဲ့ခေါင်းဆောင်က ခေါင်းတညိတ်ညိတ်လုပ်နေပြီး စကားပြောစက်ဖြင့် လှမ်း၍ဆက် သွယ်လိုက်သည်။
စိန်ကြီး ထံမှ ညည်းတွားအော်ဟစ်သံ ပေါ်လာသဖြင့် ကောင်လေးတစ်ယောက်က စိန်ကြီး အနားသို့ ကပ် သွားသည်။ စိန်ကြီးတစ်ယောက် အော်ဟစ်ရင်း ကယောင်ချောက်ချား ပြောဆိုနေသည်။ ကျည်ဆန် က နောက်မှဝင်ပြီး ၀မ်းဗိုက်ဘက်မှ ပွင့်ထွက်ထားသည် မို့ အခြေမလှတော့။

"ရေတွေ တက်လာပြီ၊ ရေတွေ တက်လာပြီး၊ အား"
စိန်ကြီး က မျက်လုံးမျက်ဆန်ပြူးကာ အော်ဟစ်လိုက်၏။ ပြီးတော့ လေပူများကို မှုတ် ထုတ်ကာ ငြိမ်ကျ သွားသည်။
အဖွဲ့ခေါင်းဆောင် က သူ့လူများကို ခေါင်းညိတ်ပြလိုက်၏။ သူ့လူများက မြေကွက်လပ် တစ်နေရာကို ရှင်း၍ တွင်းတူးကြပါသည်။
ကောင်လေးနှစ်ယောက် လည်း ၀ိုင်းကူညီကြသည်။ စိန်ကြီးကို မြေမြှုပ်ပြီးသည့်နောက် သူတို့တစ်ဖွဲ့ လုံး ပြန်လာကြတော့သည်။ အဖွဲ့ခေါင်းဆောင်က-
"ငါတို့ ပြန်ကြမယ်။ ဆဒုံ-ကန်ပိုင်တီးကအဖွဲ့တွေ ဆက်လုပ်လိမ့်မယ်။ မင်းတို့နှစ် ယောက်ပြန်လိုက်ခဲ့ကြ။

မြစ်ဆုံ အထိ ပြန်ပို့ပေးမယ်၊ ဟုတ်ပြီလား"
သူ့စကားကြောင့် ကောင်လေးနှစ်ယောက် ခေါင်းညိတ်မိသည်။ သူတို့အတွက် သေမင်း လက်မှ လွတ်မြောက်လာကြပြီမို့ ၀မ်းသာဖွယ်ရာပင်။ ကချင်တပ်ဖွဲ့များက ဒူးဝါးဇောင် ညွှန် ကြားထားသဖြင့် သူတို့ကို မသတ်။ မြစ်ဆုံ သို့ ပြန်ပို့မည်။ စေခိုင်းသော ကုမ္ပဏီကို အရေး ယူမည်။ ဤနယ်မြေမှ နှင်ထုတ်မည်ဟု သိရသည်။ စိန်ကြီးနှ င့် ပတ်သက် ၍ ကုမ္ပဏီကို လျော်ကြေးတောင်းပေးမည်ဟု သိရသည်။
စုနှင့်ပတ်သက်၍ တရုတ်တယ်စပ်တစ်လျှောက်သို့ ဒူးဝါးဇောင်တို့ အကြောင်းကြားပေး လိမ့်မည်။ ၀ိုင်းမော် ဘက်မှ အဖွဲ့များလည်း ဆက်၍ရှာဖွေလိမ့်မည်။
အဖွဲ့ခေါင်းဆောင်က ကောင်လေးကို မေးမြန်လာပါသည်။

"ကောင်မလေးကို ဘာလို့ ဖမ်းထားတာလဲ မင်းတို့ သိလား"
"ထမင်းဆိုင် က ဂျိန်းဖောသူမလေး သားအမိက ရန်ကုန်မှာတဲ့။ အဲဒါသိချင်လို့ ဖမ်းထား တာလို့ပြော ပါတယ်။ ပြီးတော့ ကိုမြတ်မင်းတို့ ကုမ္ပဏီက အဲဒီကောင်မလေး ယောက်ျား ကိုခေါ်ပြီး ရွှေကြောသစ် ရှာခိုင်းတာတဲ့။ ကျွန်တော်တို့က ကိုမြတ်မင်းတို့ နောက်ကို လိုက်နေတာပါ။ ဂျိန်းဖောမလေး ရဲ့ ယောက်ျားက ဇော်ဟိုးတဲ့။ သူက ကိုမြတ်မင်းကို လိုက်ပို့ပေးနေတာလို့ ပြောတယ်"
"သူတို့ကို တွေ့ လိုက်လား"
"မတွေ့ဘူးခင်ဗျ။ လောဟို ပြောတာတော့ ကိုမြတ်မင်းတို့သွားနေတာ တရုတ်နယ်စပ်တဲ့။ အဲဒီကနေ ၀ိုင်းမော် ကို သွားမယ်လို့ ပြောတယ်"

"လမ်းမှာ ၀ါးတံတားတွေ မိုင်းခွဲတာ၊ မင်းတို့ မြင်လား"
"မြင်တယ် ခင်ဗျ။ လောဟိုတို့မှာ မိုင်းတွေ ရှိသေးတယ်"
အဖွဲ့ခေါင်းဆောင်က စကားပြောစက်ကို ဖွင့်၍ ဒူးဝါးဇောင်ထံသို့ ဆက်၍သတင်းပို့ပေး သည်။ ဒူးဝါးဇောင်း တို့ ပြဿနာအလုံးစုံကို ရိပ်စားမိလာခဲ့ပြီ။
ကိုမြတ်မင်း ဘာကြောင့် နူးကို မြစ်ကြီးနားဆေးရုံမှတစ်ဆင့် ရန်ကုန်သို့ ပိုခဲ့သည်ကိုလည်း ရိပ်စားမိလာပြီ။
စုကို လောဟို ဘာကြောင့် ဖမ်းထားသည်ကိုလည်း သိရပြီ။
သူတို့အားလုံး တရုတ်နယ်စပ်မှ ဆဒုံ-ကန်ပိုင်တီးဘက်သို့ သွားကြသည်ကိုလည်း သိရပြီ။ ဤပြဿနာအားလုံး ၏ အဓိကဖြစ်ရပ်မှာ ရွှေကြောသစ် ရှာဖွေခြင်းမှ စခဲ့ခြင်းပင်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, August 7, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၁ဝ)

သူက ဒူးဝါးဇောင်ကို ထိုအခြေအနေများ ရှင်းပြခဲ့သည်။ ဒူးဝါးဇောင်ကလည်း ငြိမ်းချမ်းရေးကို အစဉ်တစိုက် မျှော်လင့်နေခဲ့သူဖြစ်သည်။ မြေးမ စုကို ကယ်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားပေးနေသည်။ ယခုတော့ သူ့ လူများပင် အသတ်ခံခဲ့ရပြီ။ ကလေးမ ကိုလည်း ပြန် မကယ်နိုင်သေး။ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေဆဲမှာပင် လူ့အသက် သုံးချောင်း ပေးခဲ့ ရလေပြီ။ ဒူးဝါးဇောင် က သူ့လူများကို ဆက်၍ ထိန်းထားပါသည်။ ကလေးမကို ကယ်ပါ။ ဘယ်သူ့ကိုမှ လက်နက်နှင့် မဖြေရှင်းရန် ညွှန်ကြားထားဆဲပင်။ သူ့လူများက သူ့စကားကို ဆက်၍လိုက်နာနေမြဲပင်။ ထို့ကြောင့် လောဟိုတို့ သွားသည့်နောက်သို့ လူစုခွဲ၍ တပ်ဖြန့်ကာ ရှာဖွေလျက်ရှိတော့သည်။ ကို ဆက်ဖတ်ရန်................

အခန်း (၉)
အယ်ဒီိတာဦးစိုးအေး က ဂျာနယ်ထဲ၌ ဖော်ပြထားသော သတင်းထောက်စုမြတ် ပျောက်ဆုံး နေမှု သတင်းကို ဖတ်နေသည်။ တခြားဂျာနယ်များကလည်း မြစ်ဆုံဒေသမှ ပဋိပက္ခများနှင့် တကွ ဂျာနယ် သတင်းထောက် စုမြတ် ပျောက်ဆုံးနေမှုကို ဝိုင်းဝန်းဖော်ပြပေးကြသည်။
ဦးစိုးအေး က စုမြတ်နောက်ဆုံ ပေးပို့ထားသော ရွှေကြောသစ်ရှာဖွေနေသည့် သတင်းကို ပြန်၍ စဉ်းစားနေ သည်။ စုမြတ်ပျောက်ဆုံးနေသော ပြဿနာမှာ ထိုနယ်မြေမှ သတင်းများ ကို ရှာဖွေဖော်ပြနေခြင်းနှင့် ပတ်သက်နိုင် သည်။
မြစ်ဆုံ သည် သတင်းလောကတွင် ပွက်ပွက်ညံလာခဲ့ပြီ။ ဧရာဝတီအတွက် ရတက်မအေး သူများ တစ်စထက် တစ်စ တိုးပွားလာခဲ့ပြီ။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ ကလည်း စတင်လာခဲ့လေပြီ။ (11-1-2011)   နေ့၊ နေ့စွဲ  ဖြင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က ကြေညာချက်အမှတ် (၁/၂၀၁၂) ကြေငြာချက် တစ်စောင် ထုတ်ပြန်ထားခဲ့ပြီ။ ကြေငြာချက်အမှ ပထမ အကြိမ် ပြည်သူ့ လွတ်တော် အစည်းအဝေး ခေါ်ယူခြင်းပင်။ ထိုကြေငြာချက်၌-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ နှင့် ပြည်သူ့ လွတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့က အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်တာဝန်အရ နိုင်ငံတော်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ပထမအကြိမ် ပြည်သူ့လွတ်တော် အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်ဇန်နဝါရီလ ၁၃ရက်) တနင်္လာနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်ဟု ပါရှီသည်။

လွတ်တော် ခေါ်ယူပြီးဖြစ်သည့်အတွက် နိုင်ငံရေးချိန်ခွင်လျှာသည် အပြောင်းအလဲ တစ်စုံ တစ်ရာ ဖြစ်လာနိုင်သည်။ ဤသည်ကိုတော့ ဦးစိုးအေး တပ်အပ်သေချာ မခန့် မှန်းနိုင်။ တိုင်းပြည်သည် လွတ်တော်နှင့် ကင်းကွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ခေါ်ယူသော လွတ်တော်ကို ယနေ့ မည်သူမျှ အသိအမှတ် မပြုတော့။ ယခု ခေါ်ယူသည့် လွတ်တော်သည် ပါတီပေါင်းစုံ ပါဝင်လာသည်။ လူမျိုးပေါင်းစုံ တိုင်းနှင့်ပြည်နယ်ပေါင်းစုံ မှ လွတ်တော်အမတ်များ ပါဝင်လာသည်။ လူတန်း စား အလွှာအသီးသီးမှ ပါဝင် လာကြသည်။ စကားတွေကြားရမည်။ တောင်းဆိုချက်တွေ ကြားရမည်။ ထိုအထဲ၌ မြစ်ဆုံနှင့် ပတ်သက်သော တောင်းဆိုချက်၊ ကချင်ပြည်နယ်နှင့် ပတ်သက်သော တောင်းဆိုချက်၊ ဧရာဝတီနှင့် ပတ်သက်သော တောင်းဆိုချက်များ မပါ ဝင်ဟု မပြောနိုင်။ တိုင်းပြည်၏ ကန့်လန့်ကာသည် အလိုလို ပွင့် လာလိမ့်မည်။

သို့ရာတွင် နိုင်ငံရေးအခြေအနေ အစစ်အမှန်ကို ယခုအခါ မည်သူမျှ ယတိပြတ် မပြောနိုင်သေး။ အနိုင်ရ သွားသော ပါတီမှ လျာထားမည့် သမ္မတလောင်းအမည် စာရင်း သည်ပင် တိကျသေချာစွာ မသိရသေး၊ လေးငါးဦးခန့် ထင်ကြေးပေးနေကြသည်။
ဦးစိုးအေးဘက်မှ မျှော်လင့်သည်မှာ စာနယ်ဇင်း လွတ်လပ်ခွင့် များများရရှိဖို့ပင်။ စာနယ် ဇင်း လွတ်လပ်ခွင့် ရလျှင် သတင်းစီးဆင်းမင မြန်ဆန်လာမည်။ ပြည်တွင်းရေးရာများကို အတိအကျ သိလာရမည်။ လာဘ်ပေး လာဘ်ယူမှု များ ဖော်ထုတ်နိုင်မည်း တရားဥပဒေ စိုးမိုရေးသည် သတင်းမှန် ရရှိရေးပေါ်၌  မူတည်နေ သည်ကော။ ဦးစိုးအေးက နိုင်ငံရေးဒီရေ အတက်အကျကို တွက်ဆနေရင်းကပင် ဦးကောင်းမြတ်မှာထားသည့် ကိစ္စကို သတိရလာ သည်။ ထို့ကြောင့် လကထောက်အယ်ဒီတာ ဦးစိုးနိုင်ကို လှမ်း၍ သတိပေးလိုက်၏။

"ကိုးစိုးနိုင်ရေ။ ဂျိန်းဖော်မလေးသတင်း ဘာထူးသေးလဲ"
သူ့အမေးကြောင့် စာစောင်ဖတ်နေသော ဦးစိုးနိုင်က ပြန်ဖြေသည်။ "နွယ်မျိုးကတော့ ဦးသိန်းဇော်ကို စောင့်ကြည့်နေ တာပဲ။ အခုထိတော့ ဘာမှ မထူးသေးဘူးဗျ"
"ဆက်စုံစမ်း ထားပါဗျာ။ ကလေးမလေးတော့ ဒုက္ခများနေပြီ ထင်တယ်။ ကလေး က လည်း မွေးခါစလေးနဲ့ဆိုတော့ အားငယ်နေမှာပဲ။ ခက်တာက သူ့ဓာတ်ပုံးလေး ဘာလေး ရရင် ကြော်ငြာထည့် လို့ရတယ်။ ဒါမှ ဦးသိန်းဇော်တို့ လန့်လာမှာ အခုတော့ ဘယ်လိုမှ တုန်လှုပ် မှာ မဟုတ်ဘူး"
သူ့စကားကို ဦးစိုးနိုင်က ထောက်ခံသည်။ ဂျိန်းဖောမလေး သားအမိ ရန်ကုန်ရောက်လာ သည်မှ စ၍ လက်ရှိအခြေအနေအထိ ဦးသိန်းဇော်တို့ကို မည်သူမျှစွက်ဖက်ပိုင်ခွင်မရှိ။ သူတို့ချင်း လုပ်ထားသည့် သဘောတူညီ ချက်မျိုးကာ လူသိထင်ရှားဖော်ပြ၍ရသော ကိစ္စမျိုး မဟုတ်။ ထို့ကြောင့် ဦးသိန်းဇော် ၏ ခြေလှမ်းကို စောင့်ကြည့်ရုံသာ တတ်နိုင်သည်။ အကယ်၍ ဂျိန်းဖော်မလေး နူးကို တွေ့ပြီဆိုပါက အခြေအနေ ကို မေးမြန်းနိုင်မည်။ သူတို့ကို အဓမ္မထိန်းချုပ်ထားသည်ဆိုပါက ဖော်ထုတ်အရေးယူပေးနိုင်သည်။

ဤပြဿနာသည် ရှုပ်ထွေးနက်နဲလှသည့်ကို ဦးစိုးအေး နားလည်ထားပြီးပြီ။ သူ့အနေနှင့် သတင်းဂျာနယ်တစ်စောင် ထုတ်ဝေနေသူမို့ သတင်းအရင်းအမြစ်မခိုင်မာပဲ ဘာမှ ဖော် ထုတ်၍မရမှန်း သူ နားလည်သည်။ နူးတို့သာအမိ၏ ပြဿနာအလုံးစုံကို သိပြီးပါမှ သတင်း အဖြစ် ဖော်ပြသင့်လျှင် ဖော်ပြမည်။ သူ့အနေနှင့် ဦးသိန်းဇော်တို့ဘက်မှ နိုင်ထက်စီး နင်းလုပ်နေသည်ကို မကျေမနပ်သော်ငြား လတ်တလော မှာတော့ ဘာမှ မတတ်နိုင်သေး။ ဦးသိန်းဇော်ကို စောင့်ကြည့်ရဦးမည်။ နူးကို ဘယ်မှာထားသည်ကို ဦးသိန်ဇော်မှ တစ်ပါး မည်သူမျှ မသိနိုင်ဘဲကိုး။
ဒေါ်သီရိ က ငိုကြွေနေသော ကလေးငယ်ကို စိတ်မရှည်နိုင်အောင် ဖြစ်နေသည်။ အမေဖြစ် သူက ရေချိုးခန်းဝင်နေခိုက်မို့ ခေတ္တ သည်းခံ၍ စောင့်ဆိုင်းပေးနေခြင်းပင်။ ကလေးက ငိုရာမှ အသံမြင့် ၍ အော်နေပြန်သည်။ ဒေါ်သီရိ ရေချိုးခန်းဘက်သို့ လျှောက်လာခဲ့တော့ သည်။

" ဟဲ့.. ဟဲ့.. ကလေးမ၊ နင့်သားငိုနေပြီ။ မြန်မြန်လုပ်ပါဟဲ့"
သူက တံခါးကို ပုတ်၍ အော်ခေါ်လိုက်သည်။
နူးက ရေချိုးနေရာမှ ကပျာကယာ တံခါးဖွင့်၍ ထွက်လာရသည်။ ကလေးငယ်က ပုခက် ထဲမှာပင် လူးလှိမ့် ငိုကြွေးနေသည်။ နူးက ကလေးကိုချီလိုက်ရင်း ဆီးသွားထားသည်မို့ အနှီးကိုပြန်၍ အသစ် လဲပေးရင်း နို့တိုက်ကာ ပြန်ချော့သိပ်လိုက်သည်။

ဒေါ်သီရိက ဧည့်ခန်းထဲသို့ ပြန်ထွက်လာပြီး ဆိုဖာပေါ်၌ ထိုင်းလိုက်ရင်း နူးတို့သားအမိကို အကဲခတ်နေသည်။ ပြီးတော့မှ......
“အေးဟဲ့. ငါ့သမီးအကြောင်းပြောစမ်းပါဦး။ သူက အဲဒီမှာ ဘာတွေလုပ်နေတယ်၊ ဘယ် သွားတယ် ငါ့ ကို သေသေချာချာပြောစမ်းပါအေ”
“သူကတော့ ဓာတ်ပုံလျှောက်ရိုက်နေတာပဲ အန်တီရဲ့၊ ထမင်းလည်း စားချင်မှပြန် စားတာ။ ရွှေလုပ်ကွက်တွေ ပဲလျှောက်သွားနေတာ” “ဟဲ့ နင်တို့ ဆီမှာ ပြန်ပေးဆွဲတာတော့ မရှိပါဘူးနော်”
“အို.. ဘယ်ကသာ ရှိ ရမှာလဲ။ မဟုတ်တာရှင်” ဒေါ်သီရိက သူ့စကားကို သူပြန်သတိရပြီး ပြန်၍ အိနြေ္ဒဆယ် လိုက် သည်။ ဦးသိန်းဇော်၏ ပြောစကားအရ ရွှေကြောသစ်မှာ သူတို့လက်ထဲရောက်နေပြီ။

စုမြတ်တစ်ယောက်တော့ ဘယ်ဆီဘယ်ဝယ်လျှောက်လည်နေသည် မသိရသေး။ တောတောင်များဘက် သွားနေ ခြင်း ဖြစ်ကောင်းဖြစ်မည်။ ဦးသိန်းဇော်တို့ဘက်မှ စုံစမ်းပေးနေသည်ဟု သိရသည်။ အဓိကအချက်မှာ ကုမ္ပဏီ လက်ထဲသို့ ရွှေကြောသစ်ရောက်ရှိလာခြင်းသည် အရေးပါသော အချက်ဖြစ်သည်။ စုကို ဒေါ်သီရိ စိတ်မပူ။ အိမ်ကိုပြန်လာရမည်ဟု ဆင့်ခေါ်လိုက်သော ကြောင့် မယ်မင်းကြိးမ ထင်ရာစိုင်းနေခြင်း ဟု ဒေါ်သီရိယူဆသည်။ ဂျာနယ်သတင်းများ တွင်ဖော်ပြနေသော စုမြတ်ပျောက်ဆုံးမှု သတင်း များကို ဒေါ်သီရိမယုံ။ အခြေအမြစ်မရှိ လျှောက်ရေးနေခြင်းဟု ထင်သည်။ ဂျာနယ်များက မြစ်ဆု့သတင်း၊ ကချင်ပြည်နယ် သတင်း ဆိုလျှင် သည်းသည်းလှုပ်တတ်ကြသည်ကိုး။ တစ်စိတ်ကို တစ်အိတ်လုပ်ချင်ကြ သည်ကိုး။ သတင်းထောက် စုမြတ်ဆိုသော မိန်းကလေးတစ်ယောက် ရွှေကြောသစ်ရှာဖွေ ကြသည့် လူတစ်စု၏ သတင်း ကိုေ ဖ်ာပြ၍ ပျောက်ဆုံးသွားခြင်းဟု ချဲ့ချဲ့ကားကား ရေးကြသည်။

တကယ့်အဖြစ်ကို ဘယ်သူမှ မသိ။
ဒေါ်သီရိက စုမြတ်ကို မရမက ပြန်ခေါ်သည်။ ထိုအချိန်မှစ၍ စုမြတ်သတင်းကို မကြားရ တော့မပေ။ စုမြတ် အကြောင်း ဒေါ်သီရိ ကောင်းကောင်းထားသည်။ အမေ့စကားဆိုလျှင် ဘယ်တော့မှ နာခံလေ့မရှိ။ သူထင်ရာ သူလုပ်စမြဲ။ အဘိုးဖြစ်သူကပါ သူ့ဘက်ကပါနေ ပြန်တော့ အမေ့စကားဆို ပို၍ နားဝေးတော့သည်။ အဘိုး ကိုလည်း ဒေါ်သီရိ သိပ်မယုံချင်။ မြေးမကို ကချင်ပြည်နယ်သို့ ပို့ခဲ့သည်မှာ သူ့အကြံမကင်းဟု ထင်သည်။ ယခု သူ့မြေးမ ပျောက်ဆုံးနေသည် ဟု အကြောင်းပြကာ လိုက်သွားပြန်သည်။ မြေးအဘိုးနှစ်ယောက် ဘာ တွေ ကြံစည်နေ သနည်း။ ကြံချင်ရာကြံကြပါစေ။ ထိုကိစ္စတွေ ဒေါ်သီရိလိုက်တွေးမနေနိုင်။ ဆိုင်းနီးနားချင်းများက စုမြတ်သတင်း ကို မေးသောအခါ ပြန်မလာချင်၍ ထွင်လုံးလုပ်နေ ကြောင်းသာ ပြောလိုက်သည်။

ဒေါ်သီရိမှာ တာဝန်တစ်ရပ်ရှိနေသည်။ နူးတို့သာအမိကို စောင့်ကြည့်ထိန်းသိမ်းထားရမည့် တာဝန် သာဖြစ်သည်။ နူးက သူ့ကို စုမြတ်အမေဟု သိလိုက်ချိန်တွင် အားကိုးတကြီး ရှိလှ သည်။ ထို့ကြောင့် ပင် နူးတို့သားအမိကို တိုက်ခန်းတစ်ခန်းတွင် ထားရင်း ကိုမြတ်မင်းထံမှ အဖြေ ကိုစောင့်ကြည့်နေခြင်းဖြစ်တော့သည်။
“အန်တီ၊ ကျွန်မ တို့ ဘယ်တော့ပြန်ရမလဲဟင်”
နူးက ကလေး ကိုချော့သိပ်ရင်း ဒေါ်သီရိကို မေးလိုက်သည်။
“သြော် အဲဒါ က ကိုမြတ်မင်းက စိတ်ပူနေလို့တဲ့။ ကလေးက ငယ်လည်းငယ်တော့ ချက်ချင်း ကြီး ပြန်သွားရင် ဟိုမှာ တစ်ခုခုဖြစ်မှာစိုးလို့တဲ့။ ပြီးတာ့လည်း အမျိုးသားကလည်း ပြန် မလာနဲ့ဦးလို့ မှာတယ်တဲ့။ ညည်း တို့ရွာက ပြောင်းရမယ်ဆို၊ ညည်းပြန်တော့ ဒုက္ခ ရောက်မှာပေါ့။

“စုက ဘာလို့ မလာသေးတာလဲ အန်တီ”
“အိုအေ၊ စုကိုတော့ သိပ်မျှော်မနေစမ်းပါနဲ့၊ သူက ပြန်လာမယ်သာ ပြောနေတာ၊ အခု သူ့အဘိုးကိုတောင်ခေါ်လို့  သူ့အဘိုး လိုက်သွားတာ ကြာလှပြီ။ ဒီကောင်မ တော်တော်နဲ့ ဘယ်ပြန်လာပါ့မလဲအေ”
“ သူကတော့ရန်ကုန်ရောက်ရင် သူ့အဘိုး လာတွေ့မယ်လို့ ပြောတယ်။ သူလည်း လိုက် လာမှာတဲ့။ ကျွန်မ ကိုဇောဟိုး ကိုလည်း စိတ်ပူတယ်။ သူ ဘာလို့ ကြာနေတာလဲဟင်”
“ ရွာတွေ ပြောင်းနေရတော့ ဘယ်လာနိုင်မလဲကွယ်။ ကဲ.. ကဲ။ ငါပြန်ဦးမယ်။

တံခါးကို အပြင်က ပိတ်ခဲ့မယ်။ ဘယ်မှလည်း သွားစရာမရှိဘူးမို့လား။ ကလေးကို ဂရုစိုက် ပါအေ။ ဘယ်သူလာ တံခါးခေါက်ခေါက် မဖွင့်နဲ့နော်။ ရန်ကုန်က လွယ်တာမဟုတ်ဘူး။ ကဲ သွားဦးမယ်”
ဒေါ်သီရိက အခန်းထဲမှ ထွက်လာပြီး တံခါးကို အပြင်မှ သော့ခတ်လိုက်သည်။ ဤသည် ကား  သူ့တာဝန်ကျေပွန်ပြီဟူသော အထိမ်းအမှတ်ပင်။ ထိုမျှ တာဝန်ကျေလျှင် ရွှေကြော သစ်အတွက် သူ့ရပိုင်ခွင့်မှာ ငါးရာခိုင်နှုန်းသေ ချာပြီ။ ရွှေကြောသစ်ကြိးတစ်ခု၏ ငါးရာ ခိုင်နှုန်း။ ဒေါ်သီရိတွေးရင်းဖြင့်ပင် ရိုးတွင်းချဉ်ဆီတို့ ဆွတ်ပျံ့ကြည်နူးသွားတော့သည်။ သူ မျှော်မှန်းခဲ့သောဘဝ၊ သူဖြစ်ချင်သောဘဝသည်ကား ရွှေလောကတွင် သီရိရွှေ ဟူသော ခေတ်မျိုးပင်။ သီရိရွှေ ဟူ၍ အမည်နာမတပ်ထားသော ရွှေဆိုလျှင် ရွှေစုဆောင်း သူတို့ သည်းသည်းလှုပ်ကာ အလုအယက် ဝယ်ရမည့်ခေတ်ကို ထူထောင်ချင်လှပြီ။ ယခု ထိုအခွင့် အရေးက သူ့လက်တစ်ကမ်း မှာ ရောက်နေပြီကော။

ဒူးဝါးဇောင်က အစည်းအဝေး တက်ရောက်လာကြသည့် ဒူးဝါးမျာကို လွှတ်တော်ကိစ္စနှင့် ပန်သက်၍ ရှင်းပြသည်။ ဦးကောင်းမြတ် ကလည်း ဒူဝါးဇောင် ပြောပြည်များကို ဂရုတစိုက် နားထောင်နေသည်။
“ငါတို့ ကချင်လူမျိုးတွေအတွက် ဒိတစ်ခါ ၇လာတဲ့ အခွင့်အရေးကို အသုံးချမှဖြစ် တော့မယ်။ နင်တို့စိတ်ထဲမှာ သူတို့ကို မယုံတာ ငါ သိပါတယ်။ ငါလည်း သူတို့ကို မယုံခဲ့ဘူး။ ဒါပေမယ့် အခု ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ နင်တို့မြင်တဲ့ အတိုင်းပဲ။ ငါတို့ပြည်နယ် အ ကြောင်း ဘယ်တုန်းကမှ ဒီလို မရေးခဲ့ကြဘူး။ ရွှေလုပ်ကွက်တွေ အကြောင်း ရေးလာပြီ။ ဖားကန့်ကအကြောင်းတွေ ရေးလာပြီ။

ကချင်ပြည်နယ် နဲ့ ပတ်သက်ပြီး အများကြီး စိတ် ပူလာကြပြီ။ ငါတို့က ဒီအတိုင်းနေလို့မဖြစ်ဘူး။ ငါတို့ ဒေါသတွေ ကိုထားပြီး ငါတို့ကြုံ တွေ့နေရတဲ့ ဒုက္ခတွေကို လွှတ်တော်မှာ ပြောနိုင်ဖို့လိုတယ်။ ငါတို့နယ်မှာ လမ်းတွေ ကောင်းကောင်း မရှိဘူး။ ကျောင်းတွေ အများကြီး မရှိဘူး။ ငါတို့ ကချင်လူငယ်တွေ ဒီမှာ မ ပျော်ကြ ဘူး၊ ရပ်ဝေးတွေမှာ သွားကြတယ်။ ဒီကို ပြန်မလာချင်ကြဘူး။ ဒီမှာက အမြဲပဲ ပြဿနာတွေ ရှိနေတာကိုး။ ငါတို့ ဒီလိုသာဆက်နေကြရင် ငါတို့လူမျိုးတွေ ဒုက္ခရောက် ကြလိမ့်မယ်။ ငါတို့ လူမျိုးအချင်းချင်း. စိတ်ဝမ်းကွဲနေလို့ မရတော့ဘူး။

နင်တို့လည်း ကြုံဖူးတာပဲ။ ငါတို့ဆီမှာ ဟိုးတုန်းက ဆည်တွေလာဆောက်ကြတယ်။ ဝါရှောင်ဆည်ကြီး ပြိုတော့ ရေတွေပေါက်ထွက်ပြီး တောင်ကြီးတစ်တောင်ပါပြိုတယ်။ အဲဒါ ကနေ ဟိုး မိုးမောက်တို့ ဗန်းမော်တို့ အထိ ရေတွေကြီးကုတ်တယ်။ လယ်ကွင်းတွေလည်း သဲသောင်တွေဖြစ်ဖြစ်တယ်။ ဆယ်နှစ်တောင်  ဘာမှ စိုက်စားလို့ မရကြဘူး။ နောက်တစ်ခါ နားလုံမှာ ရေကြီးတယ်။ ညဘက်ကြီးမှာ ရေတွေကြီးပြီး သစ်ပင်တွေမျော လာတယ်။ ဝါးရုံ တွေမျောလာတယ်။ လူတွေလည်း ထွက်ပြေးတယ်။ တချို့လည်း လွတ်တယ်။ တချို့လည်း သေကုန်တာပဲ။ နားလုံရွာဆိုရင် သဲသောင်ကြီး ဖြစ်သွားတာပဲ။ တန်ဖဲမှာလည်း ကျိန်ခရမ် ရေအားလျှပ်စစ် မှာ ရေတွေပြိုဖူးတယ်။ လျှပ်စစ်စက်ရုံကလူတွေ ဘယ်မှ မပြေနိုင်ဘူးပဲ။ အကုန် ပါသွားတာလေ။ အလောင်းတောင် ရှာရလို့လား ရွာလည်းပါတယ်။ တန်ဖဲရွာဆို တစ်ခြမ်းပါသါားတာပဲ။ တို့မှာ အဲဒီလို မော်ရို (ရေပြိုရေကြီး) လာရင် ဘယ်သူမှ  ဘာမှ မလုပ်နိုင်ကြဘူးလေ။

ဒီဒေသက အရမ်းဆန်းကြယ်တာပဲ။ ဒါကို တို့တွေ လွတ်တော်မျာ ပြောနိုင်ဖို့ လိုတယ်။ အခုဆောက်မယ့်ဆည်က ပိုအန္တရာယ် များတယ်လေ။ သဘာဝဘေးအန္တရာယ်ကို သူတို့ ဘယ်သိမလဲ။ ငါတို့လည်း မသိဘူး။ မော်ရိုဖြစ်ပြိးမှ ဘာတွေ ပျက်တယ် လူတွေဘယ်လောက်သေသလဲ သိရတာ ဒီအတိုင်း ကြည့်နေရတာပဲလေ။ ဒါတွေကို ပြည်သူတွေ သိအောင် ငါတို့ ပြောရမှာပဲ။ ဒီအစည်း အဝေးဟာ ဒါတွေ ငါပြောချင်လို့ပဲ။ ငါတို့အတွက် အင်မတန် အရေးကြီးတဲ့ ပြဿနာဖြစ် နေတယ်။ နင်တို့လည်း ပြောကြလေ။ တို့ဆီက သဘာဝဘေးဒဏ်တွေကို သူတို့ သိအောင် ပြောနိုင်မှဖြစ်မယ်”
ဒူးဝါးဇောင်၏ စကားကြောင့် အစည်းအဝေးတက်လာသော ဒူးဝါးများ ခေါင်းချင်းဆိုင်၍ ဆွေးနွေးကြသည်။ လွှတ်တော်တွင် တင်ပြနိုငမည့် မေးခွန်းများကို တိုင်ပင်ကြသည်။ အများစုကတော့ သိပ်အားရလှခြင်း မရှိပေ။ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးပြီဖြစ်သော ကြောင့် လွတ်တော်တွင် တက်ရောက်ပြောဆိုခြင်းအတွက် အကျိုးထူး မည်ဟု မယူဆ ကြခြင်းပင်။
ဦးကောင်းမြတ် က ဝင်ရောက်ရှင်းပြပါသည်။

“ငါတို့ ဒီကနေ့ ဒီမှာ ဆွေးနွေးတာဟာ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးအားလုံးအတွက် ဆွေးနွေးကြတာပါ။ တို့ကချင် လူမျိုးတွေမှာ စကားများများ မပြောချင်တဲ့ဓလေ့ရှိတယ်။ ဒီကနေ့ကတော့ ပြောမှဖြစ်မယ်။ လွှတ်တော်မှာ များများပြောနိုင်မှဖြစ်မယ်။ စာစောင် တွေမှာ ရေးကြတယ်။ မဂ္ဂဇင်းတွေမှာရေးကြတယ်။ ဖတ်တဲ့ လူတွေ လည်း တအားစိတ် ဝင်စားကြတယ်။ ငါတို့မှာ အခွင့်အရေးရလာပြီ။. ဒီက ဖြစ်ပျက်နေတာတွေကို လွှတ်တော် မှာ ပြောနိုင်မှဖြစ်မှာ ငါတို့ ကချင်လူမျိုးတွေအတွက် စကားပြောနိုင်ဖိုပ လူလိုလာပြီ ဒီလိုပြောနိုင်မှ တို့ကြုံတွေရ တဲ့ ဒုက္ခတွေ သူများသိမှာလေ။ ဒါ ရှက်စရာမဟုတ်ဘူး။ ငါတို့နှစ်ပေါင်း များစွာ လက်နက် နဲ့ ဖြေရှင်းတယ် ဒီကနေ့ ငါတို့ဆီက လူငယ်တွေ ဒီမှာ မနေချင်ကြတော့ဘူး။ သူတစ်ပါးက ငါတိုပကို ခြယ်လှယ်လာလိမ့်မယ်။

ဒါကို နင်တို့ မပြောလို့မရဘူး။ ငါတို့ကို တခြားလူတွေက အထင်သေးလာမယ်။ လက်နက်ကိုင်တယ်။ ဘိန်းမှောင်ခိုချတယ်။ ဗုံးခွဲတယ်။ လူသတ်တယ်လို့ပဲ တစ်ဖက်သတ်ပြောတာခံရတယ်။ ဒါက ငါတို့စကားများများ မပြောခဲ့ လို့ ဖြစ်ရတာပဲ။ အခု နိုင်ငံရေးက ပြောင်းလာပြီ။ သူတို့နဲ့ စကားပြောမယ်။ တစ်ခါပြောနယ် မရရင် နောက်တစ်ခါပြောမယ်။ ငါတို့ ပြောတာတွေ စာစောင်မှာပြောမယ်။ ငါတို့ဖြစ်ချင်တာတွေ စာစောင် မှာပြောမယ်။ လူတွေကြား မှပြောမယ်။ ငါတို့ရဲ့ရိုးသားမှုကို သူများတွေ သိလာကြမှာပဲ။ စစ်ပွဲတွေကို ရပ်ဖို့ကောင်း ပါပြီ။ ငါဒီလောက်ပဲပြောချင်တယ်”
ဒူးဝါးတစ်ဦး က မေးခွန်းထုတ်လာပါသည်။

“သူတို့က လိုက်လျောပါမလား၊ ငါတို့ကို ဂရုစိုက်လို့လားဟာ”
“ဒါတော့ ငါတို့ ဘယ်သိမလဲ။ ပြောရမှာတော့ ငါတို့တာဝန်ပဲလေ။ ငါတို့ လူမျိုးစု တွေအားလုံးပြောမှဖြစ်မှာပေါ့”
ဒူးဝါးဇောင်က ဝင်၍ ဖြေလိုက်သည်။
သူတို့ ဆက်၍ ဆွေးနွေးကြပြန်သည်။ မြစ်ဆုံတစ်လျှောက် ဆည်များအတွက် ရွှေ့ပြောင်း ပေးနေရသော ရွားများ အတွက် စိုးရိမ်ပူပင်မှုများကို ပြောဖြစ်ကြသည်။ မြစ်ထဲမှ မြေကြီးကို စုပ်ယူ၍ ရွှေရှာနေကြသောကြောင့် မြစ် အတွက်ထိခိုက်နစ်နာမှုများကို ပြောလာကြသည်။ ရွှေကြောသစ်ရှာဖွေသူများကြောင့်  ပဋိပက္ခဖြစ်လာနိုင်သည့် ပြဿနာများကို ပြောလာ ကြသည်။ ရွှေကုန်သည်များက လက်နက်ကိုင်တပ်ဖွဲ့များကို ငှားရမ်း ၍ ရွှေကြောသစ်ကို ရှာဖွေမည့်သတင်းကိုလည်း ပြောလာကြသည်။

သူတို့ဆွေးနွေးပြီးသောအခါ လွှတ်တော်တွင် မေးမြန်းတင်ပြမည့် မြစ်ဆုံဆည်စီမံကိန်း အတွက် မေးခွန်းများ ထွက်ရှိလာပါတော့သည်။ ကချင်ပြည်နယ်၏ ပြဿနာကို တရားဝင် ဆွေးနွေးပြောဆိုရန် ခြေလှမ်းတစ်ရပ် စလိုက်ခြင်းဖြစ်သည်။
.....................................................................................................................................
ကိုဇော်မင်း သည် မြစ်မင်းဧရာကို ရွှေဘုံသာမုနိ ဘုရားခြေတော်ရင်းရှိ လက်ဖက်ရည် ဆိုင် လေး မှ ငေးကြည့်နေ သည်။ ဟိုမှာ ဘက်ကမ်းတွင် ပြည်ရွှေဆံတော်ဘုရားကို ဖူးတွေ့ နေရ၏။ မြစ်သည် နဝဒေး တံတားဘက် သို့ ရှောင်ရှားကာ ကွေ့ဝိုက်စီးဆင်းနေသည်။
“စိတ်ညစ်နေတာလားကိုဇော်”
သူ့ကို ငြိမ်းမေးခွန်းထုတ်လာသည်။

    ငြိမ်းသည် အဖြူရင့်တွင် အစက်ပြောက်လေးများပါသော ထဘီနှင့် ပိုးသားရောင် ရင်ဖုံးအကျီကို ဝတ်ထား သည်။ ဆံပင်များကို တစ်ပတ်လျှိုထုံးထားသည်။ ငြိမ်း၏ လှပ ကျက်သရေသည် ရှိရင်းထက် ရင့်ကျက်နေသည့် တိုင် နေဝင်စညနေဦးတွင် ကြည့်၍ယဉ်လှ တော့သည်။
    “ကိုယ် စဉ်းစားနေတာပါ”
    “ဦးလေး ကိစ္စလား”
    ငြိမ်းအမေးကို ကိုဇော်မင်းက ခေါင်းခါလိုက်သည်။
    ငြိမ်းက ကိုဇော်မင်းအဖြေကို စောင့်စားရင်း မြစ်မင်းဧရာကို ကြည့်နေလိုက်သည်။
    “ဒီမြစ်ကြီးအကြောင်းကို စဉ်းစားနေတာပါ။မြစ်နဘေးက မြို့တွေ၊ ရွာတွေ၊ တောတောင်တွေ၊ လူတွေ အစုံပါပဲ ငြိမ်းရယ်။ စဉ်းစားကြည့်နေတာ ဟိုဟို ဒီဒီပါပဲ”
    ငြိမ်းက ပြောပါဦးဟူသော အကြည့်ဖြင့် ဆက်၍ကြည့်နေသည်။

    “ကိုယ်ဖတ်ဖူးတဲ့ စာတမ်းတစ်စောင်ရှိတယ်။ သူက အထင်ကရ စာရေးဆရာတော့ မဟုတ်ဘူး။ ဖတ်တုန်းကတော့ ဘာရယ်မဟုတ်ပါဘူး။ ဒီလိုပဲ ဖတ်ကြည့်လိုက်တာ။ သူက ကိုယ်တို့ တက္ကသိုလ် မှာတုန်းက ပြင်ကဆရာတစ်ဦးပါ။ သူလည်း သူတွေ့ရှိတာကို သူ့ဘာသာရေးပြီး စာတမ်းလုပ်ထားတာ။ အခုမှ သူ့စာတမ်း ကို ကိုယ်နားလည်လာတာ”
    ငြိမ်းက စိတ်မရှည်ချင်တော့။
    “ပြောမှာသာပြောပါ ကိုဇော်ရယ်။ ငြိမ်းက မြစ်ခရေဇီမှန်းသိလို့ တမင်စကားခံ နေတာမို့လား”
    “မဟုတ်ဘူး ငြိမ်းရဲ့”
    ကိုဇော်မင်း က မျက်မှန်ကို ပင့်၍ ငြိမ်းကို ကြည့်လိုက်သည်။ ငြိမ်းက ကိုဇော်မင်းကို ငေးမိသလို ဖြစ်နေသည်မို့ ချက်ချင်း မျက်နှာလွှဲလိုက်သည်။

    “မြစ်ဆိုတာ အကျိုးမဲ့ အကြောင်းမဲ့ စီးဆင်းနေတာမဟုတ်ဘူး။ မြစ်ကမ်း နဘေးက မြို့တွေ၊ ရွာတွေ၊ တောတောင်တွေ၊ စမ်းချောင်းတွေ ဆိုတာလည်း စနစ်တကျ ဖြစ်လာ တာတဲ့။ အဲဒါကို ကိုယ်စဉ်းစားနေ တာ။ ဆရာ ပြောတာက မြစ်ကမ်းနံဘေးမှာ မြို့တွေ ဖြစ်လာတယ်။ ရွာတွေ ဖြစ်လာတယ်။ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေ၊ ကူးသန်း ရောင်းဝယ်ရေးတွေ ဖြစ်လာတယ်။ အဲဒီကနေ ယဉ်ကျေးမှု့ တွေ ပေါ်လာတယ်။ တစ်မြို့ တစ်ရွာ ကူးသန်းမှုတွေ ပေါ်လာတယ်။ ဒေသန္တရ ဗဟုသုတတွေ ပေါ် လာတယ်။ မြစ်တစ်ခု ကြောင့် လူသားတွေရဲ့ အသိအမြင်ဟာ ပိုပြီးလျင်လျင်မြန်မြန် တိုးတက်လာတယ်။ လူ့သမိုင်း လူ့ယဉ်ကျေးမှု အတွက် မြစ်တွေဟာ စီးဆင်းပုံဖော်ခဲ့တယ် လို့ ဆရာက ပြော ထားတာ။  ကိုယ် တို့က ကားတွေ၊ ရထားတွေ၊ လေယဉ်ပျံခေတ်မှာ လူဖြစ်လာတော့ မြစ်ကို ဘယ်ဂရုစိုက်ပါ့မလဲ။

    ကိုယ် တွေးတာ အဲဒါပဲ။ ရှေးတုန်းက ဒီမြို့တစ်ဝိုက်က လူတွေ ဘာလုပ်ကြသလဲလို့ စဉ်းစားနေတာ။ သူတို့ အတွက် သွားရေးလာရေးက မြစ်ကို အဓိကထားကြတာမို့လား။ စစ်တိုက်တော့ လည်း မြစ်ကိုအားကိုးတယ်။ မြစ်ကြောတစ်လျှောက်မှာ ပေါ်ထွန်းလာတဲ့ မြို့ပြတွေဟာ ပိုပြီးတိုးတက်ကြတယ်။ မြို့ပြနိုင်ငံတွေ ဖြစ်လာကြတယ်။ မြို့ပြကနေပဲ  နိုင်ငံတော်ခေတ်တွေ ဖြစ်လာတယ်။ ပုဂံ၊ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ တောင်ငူ၊ ကုန်းဘောင်၊ ဟံသာဝတီ။ အဲဒီ မင်းနေပြည်တော်ခေတ်တွေ ကို ပြန်ကြည့်ရင် မြစ်ကြောတစ်လျှောက်မှာ ထူထောင်ခဲ့တဲ့ မြို့ပြခေတ်တွေက ပိုပြီးထင်ရှားတာကို ဆရာ က ပြောထားတယ်။ လက်မှုပညာတွေ၊ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေ တစ်နယ်နဲ့တစ်နယ် ဆက်စပ်လာ တယ်။ ကုန်စည်စီးဆင်းမှုကနေ လူမျိုးချင်း ပေါင်းစုံတာတွေ၊ ချစ်ပုံပြင်တွေ၊ လူ့သမိုင်းရွေ့ လျောမှုတွေကို ဆက်ပြီး တွေးလို့ရလာတယ်။ မြစ်ဟာ အလကား စီးနေတာ မဟုတ်ဘူးလို့ ကိုယ်စဉ်းစားမိတာပါ”

    “ငြိမ်း ဖတ်ချင်လိုက်တာ”
    “အင်း၊ ကိုယ်က ဖတ်ဖူးတာကို သတိရနေတာ ။ ရန်ကုန်ရောက်မှ သူ့ဆီက တောင်းပေးမယ်။ ဆရာက ကျူရှင်ဆရာ။ ပြီးတော့ သမိုင်းသုတေသီလုပ်နေတာ။ သူ့အဖေ ကိုတော့ ငြိမ်း သိမှာပါ။ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်လေ။ ဆရာ့ နာမည်က ဘုန်းတင့် နိုင်တဲ့။ ကိုယ်ပြောတာထက် ဆရာ့ စာတမ်းက ပိုပြည့်စုံသေးတယ်။ ကိုယ် ငြိမ်းကို အားနာ တာ၊ အဲဒါ ကြောင့်ပေါ့။ ကိုယ်က စာတွေဖတ်ပြီး သိထားပါလျက် ငြိမ်းလုပ်နေတာတွေ  နားမလည် ဖြစ်ခဲ့ရတာတွေကို အားနာနေတာ”
    ငြိမ်း ခေါင်းငုံ့နေသည်။

    ကိုဇော်မင်း၏ ဦးလေးဖြစ်သူ စက်ရုံဥက္ကဌ၏ ကျန်းမာရေးက စိတ်ချရသော အခြေအနေသို့ ရောက်လာခဲ့ပြီ။ ဂိုထောင်မှမြေ များနှင့် ဂိုထောင်တစ်ဝိုက်ကို စနစ်တကျ သန့်ရှင်းရေးလုပ်ကာ ပြုပြင်ခဲ့ရသည်။ စွန့်ပစ် ပစ္စည်းများ၊ ရေးဆိုးများနှင့် စက်သုံး ဆီဟောင်းများ စွန့်ပစ်သည့် နေရာကို ငြိမ်းနု ညွှန်ပြသည့်အတိုင်း ဂရုစိုက် ပြုပြင်ခဲ့ကြသည်။ စက်ရုံကိုတော့ လတ်တလောမှာ မလည်ပတ်နိုင်သေး။ စည်ပင်သာယာ ဥပဒေအရ အမှုရင်ဆိုင် ဖြေရှင်းပြီးမှ ဆက်၍လည်ပတ်ရမည်။ ထိုလုပ်ငန်းများအတွက် လိုက်လံဖြေရှင်းပေးနေရသူက ကိုဇော်မင်း ဖြစ်သည်။ ငြိမ်းလည်း မနေသာတော့။ ကိုဇော်မင်းတို့ စက်ရုံအတွက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အန္တရယ်ကင်းဝေးစေဖို့ တက်အားသရွေ့ ပါဝင်ကူညီနေတော့သည်။ စက်ရုံ ရပ်နားထားသည့် အတွက် ဝန်ထမ်း(၅ဝ) ကျော်၏ စားဝတ်နေရေးပြဿနာကို မတွေး၍မရ။ သူဌေးကိုယ်တိုင် မှာ ဆေးရုံလူနာ ဖြစ်နေခဲ့ပြီ။ ထိုခက်ခဲ ကျပ်တည်းမှုများ အားလုံးကို ဖြေရှင်းပေးနေရသော ကိုဇော်မင်းကို ငြိမ်းက စိတ်ပြေ လက်ပျောက် ဖြစ်စေဖို့ ရွှေဘုံသာမုနိ ဘုရားဆီသို့ ခေါ်ဆောင်လာ ခဲ့ခြင်းပင်။

    ငြိမ်းအတွက် တခြားသော တာဝန်များလည်း ရှိနေသည်။
    ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် တည်ရှိနေသော မြို့များ၊ ရွာများ၊ ဒေသခံ များအား မြစ်၏တန်ဖိုးကို ပို၍ သိရှိနားလည်စေရန် လှုံ့ဆော်တိုက်တွန်းရဦးမည်။
    “ငြိမ်း”
    ကိုဇော်မင်းက ငြိမ်းဘက်သို့လှည့်၍ စကားစလိုက်ပြန်သည်။
    “ငြိမ်း မသွားခင် ကိုယ်တစ်ခုလောက် တောင်းဆိုချင်လို့ပါ”
    ငြိမ်း ရင်သည် ထိတ်ခနဲ ဖြစ်သွားရသည်။ အားနာစိုးရွံ့သော မျက်လုံးများဖြင့် ကိုဇော်မင်းကို ကြည့်မိသည်။
    “ကိုယ် ဒီနေရာလေး ကို မကြာမကြာ လာပါ့မယ်။ ငြိမ်းရဲ့ တာဝန်တွေကို မနှောက် ယှက်ပါဘူး။ ငြိမ်းဘက်က ကိုယ့် အပေါ် နားလည်တဲ့နေ့ကျရင် ဒီနေရာလေးကို ပြန်လာပါ။ ကိုယ် အဲဒါ တောင်းဆိုချင်တယ်။ ငြိမ်း ပြန်မလာနိုင်ရင် လည်း ကိုယ် စိတ်မပျက်ပါဘူး။ ဒီမှာပဲ စောင့်နေမှာပါ”

    ငြိမ်းက သက်ပျင်းမောကို ချလိုက်သည်။ ငြိမ်းမှာ ရှေ့ဆက်ရမည့် တာဝန်တွေ ရှိနှင့် နေပြီ။ မြစ်ကြီးဧရာ အတွက် အရေးဆိုဖို့ အထက်မြန်မာပြည်မှာ NGO အဖွဲ့တွေစုရုံးမိနေပြီ။ မိခင်ဧရာဝတီ အတွက် မီဒီယာသမားများ၊ နယ်ပယ်အသီးသီးမှ အတက်ပညာရှင်များ၊ ဓာတ်ပုံသတင်းများ၊ စာပေသမားများ ပါဝင် လာကြပြီ။ ငြိမ်းတို့ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးအဖွဲ့ဝင်များအတွက် မိခင်ဧရာဝတီသည် စိတ်ဓာတ်အသစ် များ စုစည်း ပေးခဲ့ပြီ။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တစ်လျှောက်တွင် ဤကဲ့သို့ တိုင်းချစ်ပြည်ချစ် စိတ်တို့ဖြင့် စုပေါင်းအဖြေရှာရန် ခွန်အားတို့ကို မြစ်မင်းဧရာက ပြန်စုစည်းပေးလေပြီ။ ငြိမ်းဘက် က ပြင်ဆင်ထားခဲ့ပြီးသမျှ ဧရာဝတီရင်နှစ်သည်းချာတို့နှင့် မျှဝေခံစားမည်။ နည်းလမ်းရှာမည်။ တောင်းဆိုမည်။

ငြိမ်းရင်သည် ပြန်၍တည်ငြိမ်လာသည်။ ကိုဇော်မင်းဆီကို ပြန်လာဖို့အတွက် သူ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေး။ အဖြေမရှိသေး။ ကိုဇော်မင်းက မြစ်မင်းဧရာဘက်သို့ မျက်နှာမူ၍ ပြန်လည်တွေးတော ငေးမောနေ ရှာပြန်တော့ သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, August 6, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၉)

" ငါ့လူတွေရှေ့မှာ မချေမငံ ပြောဦး။ နောက်တစ်ခါ ပြောရင် နင့်ပါးစပ်ကို ငါ ဓားနဲ့လှီးမယ်။ နင့်ကို ငါ ပြော ထားမယ်။ ငါ ကချင် မဟုတ်ဘူး။ ဒီနယ်မြေကို ငါတို့ ပိုင်တယ်။ ဒီနယ်မြေရတနာကို ငါတို့ပဲ ရရမယ်။ နင်တို့ က လူမျိုးတွေကြီးထွားကတည်းက ရွှေလာရှာကြတာ။ နောက်တော့ နင်တို့ ငါတို့ကို နှင်ထုတ်တယ်။ နင်တို့ အားလုံး သွေးချောင်း စီးစေရမယ်။ နားလည်လား  " စု က အံ့သြစွာဖြင့် လောဟို ကို ကြည့်နေသည်။ ကို ဆက်ဖတ်ရန်.........

အခြေအနေကို စု နားလည်လိုက်ပြီ။ လောဟိုသည် တိုင်းတစ်ပါးသွေးပါနေသူပင်။ သူက ကချင်စကား တတ် သည်။ မြန်မာစကားတတ်သည်။ တိုင်းတစ်ပါးစကားတတ်သည်။ သူ့အလုပ်က ဒုစရိုက်သမားသက် သက်ပင်။ ဓားပြ တိုက်မည်။ ဖောက်ခွဲမည်။ လူသတ်မည်။ ဤသည်ကား လောဟိုတို့လူစု၏ လုပ်ရပ်များဟု စုနားလည် ခဲ့လေပြီ။
" ဒီနယ်မြေမှာ လူသတ်ပြီး ဗုံးတွေခွဲနေတာ နင်တို့ပဲ မဟုတ်လား  "
" ဘာဖြစ်လဲ။ ဒီနယ်မြေက ရွှေတွေ နင်တို့ယူနေတာ ငါတို့ကျေနပ်တယ် ထင်နေလား "
" အလကား လူသတ်ကောင်။ နင်တို့ကြောင့် ဒီမှာ ပြဿနာတွေတက်နေတာ  "
" သတ်မှာ၊ နင်တို့ အကုန်လုံးကို သတ်မှာ။ ဒါမှ ဒီနယ်မှာ ငါတို့လုပ်ချင်တာ လုပ်လို့ရမှာ နားလည်လား  "
လောဟိုက ပြောပြောဆိုဆိုဖြင့် စုကို ပါးရိုက်ချလိုက်ပြန်၏။ စုက ကျားနာတစ်ကောင်လို ခေါင်းကို ပြန်မော့ လိုက်သည်။ သူ့နှလုံးသွေးများ ဆူလာသည်။ သူ့နားထဲ၌ အဘိုး ပြောသောစကားများ ပြန်ကြားယောင်လာ သည်။

" အဘိုးတို့ အမျိုးက တိုက်ရင်း သေတဲ့အမျိုး။ ခေါင်းငုံ့ခံပြီး မသေဘူး  "
စု မျက်လုံးအစုံကို မှိတ်လိုက်သည်။ ပါးစပ်ထဲမှ သွေးများစီးကျလာသည်။ သူ့နားထဲ၌ ထပ်၍ ကြားယောင် လာမိသည်။ " တိုက်ရင်း သေတဲ့အမျိုး၊ ခေါင်းငုံ့ခံပြီး မသေဘူး  " " တိုက်ရင်း၊ သေတဲ့အမျိုး၊ ခေါင်းငုံ့ခံပြီး မသေဘူး  " စု မျက်လုံးပြန်ဖွင့်ရင်း တဲအတွင်းပိုင်းကို အကဲခတ်လိုက်သည်။ လောဟိုက ပါးရိုက်ခဲ့သော ညာဘက်လက်ကို ခါရင်း တစ်ဖက်သို့ ကျောခိုင်းနေသည်။ စုလဲကျနေရာမှ ဒူးထောက်ပြီး အားယူနေသည်။ ထို့နောက် - " ခွေးတိရစ္ဆာန်ကောင်  " လောဟို က နောက်မှ ထွက်ပေါ်လာသော အသံကြောင့် လှည့်၍ကြည့်သည်။ သူ့ထံသို့ တစ်ဟုန်ထိုး ပြေး ၀င်လာသော စုကို သူ မဟန့်တားနိုင်။ အသက်ငင်နေသော လူနာနှစ်ဦး ရှိနေသည့် ကွပ်ပျစ်ပေါ်သို့ စုနှင့် အတူ လုံးထွေး၍ ပြုတ်ကျသွားသည်။ စုက သူ့ခါးကို တွန်းတိုက်၍ အရှိန်ဖြင့် ပြေးဆောင့် လိုက်သည်ကိုး။

စုက လဲကျနေရာမှ ပြန်ထ၍ လောဟို မျက်နှာကို သံရေဘူးဖြင့် ပိတ်ရိုက်လိုက်သည်။ လောဟို ချာခနဲလည် ထွက်သွားပြီး မူးဝေနေတော့၏။
" မှတ်ထားဟဲ့၊ ငါတို့ ကချင် အမျိုးက တိုက်ရင်းသေတဲ့အမျိုး။ ခေါင်းငုံ့ခံပြီး သေတဲ့အမျိုးမဟုတ်ဘူး။ ကဲ "
စုက နောက်တစ်ချက် သံရေဘူးဖြင့် လောဟိုခေါင်းကို ရိုက်ချလိုက်သည်။ လောဟို မှောက်လျက်လဲကျ သွားတော့၏။ သူက လောဟို ဂျာကင်ထဲမှ စာအုပ်ကို ရှာသည်။ စာအုပ်နှင့်အတူမြေပုံစာရွက်တစ်ရွက်ထွက် လာ၏။ စုက ပစ္စည်းများ ကို ပိုက်၍ ရေနံဆီမီးခွက်ကို သွားယူပြီး တဲနံရံသို့ ပစ်ပေါက်ကာ တဲအတွင်းမှ ထွက် ပြေးလာတော့သည်။ သူ ယူလာခဲ့သော လက်နှိပ်ဓာတ်မီးကလေးဖြင့် စာအုပ်ကို ဖွင့်၍ သူ မှတ်သား ခဲ့သော မြေပုံ ကို ကြည့်သည်။ တဲဆီမှ မီးတောက်များ ထွက်လာခဲ့ပြီ။ သူလည်း တောင်ခြေဘက် သို့ ပြေးထွက် လာခဲ့တော့သည်။

ဒူးဝါးဇောင်က ဦးကောင်းမြတ်ကမ်းပေးသော ဓာတ်ပုံကိုကြည့်ပြီး အနီး၌ ရပ်နေသော သူ့တပည့်နှစ်ဦးကို ညွှန်ကြား လိုက်သည်။
" ဒီဓာတ်ပုံထဲက ကလေးမကို တွေ့အောင်ရှာ။ ကျန်တဲ့အဖွဲ့အားလုံးကို ဓာတ်ပုံကိုပွားပြီးပို့လိုက်။ ဒီနေ့ညနေ အဖြေလိုချင် တယ် သွားတော့  " ဒူးဝါးဇောင်၏ စကားကို ကချင်ဝတ်စုံ ၀တ်ထားသော တပည့်နှစ်ဦး က ခေါင်းညိတ် အရိုအသေပေးကာ ထွက်သွားတော့ သည်။
ဦးကောင်းမြတ် က ဒူးဝါးဇော် ကို ကျေးဇူးစကား ဆိုလိုက်သည်။

" ငါ့မြေးလေး ပျောက်သွားတာ ၅ ရက်ရှိပြီ။ သူတို့ရွှေလုပ်ကွက်မှာလည်း မရှိဘူး။ သူတည်းတဲ့ ထမင်းဆိုင်လည်း ပိတ်ထားတယ်။ နင် ငါ့ကို ကူညီပေးတာ ကျေးဇူးပဲ  "
ဒူးဝါးဇောင် က ဦးကောင်းမြတ်စကားကို ခေါင်းခါပြသည်။
" မလိုပါဘူးကွာ။ နင် ဒီနယ်ကို ပြန်လာတာပဲ ငါဝမ်းသာလှပြီ။ အေး ငါစိတ်မကောင်းတာက တို့နယ်မြေဟာ အရင်လိုမဟုတ်တော့ဘူး။ လူတွေလည်း တအားများလာတယ်။ ပြဿနာတွေလည်း များမှများပဲ။ ထမင်း ဆိုင်ကိုတော့ မသွားနဲ့တော့ဟေ့။ အဲဒီမှာ နယ်စပ်က ဖောက်ခွဲရေးသမားကိုရှာနေတယ်။ တို့နယ်မှာ မငြိမ်းချမ်း ဘူးဟေ့ " " ငါလည်းကြားတယ်။ ငါ့မြေးမက ဒီကသတင်းတွေအမြဲပို့နေတာ။ သူက ဂျာနယ် သတင်းထောက်လုပ်နေ တာလေ။ နင်တို့ ဒီမှာဖြစ်ပျက်နေတာတွေ ဂျာနယ်တိုင်းမှာ ရေးနေကြပြီ။ တစ်နိုင်ငံလုံး ကလည်း ဂရုစိုက်လာ ကြပြီလေ။ နင်တို့ငြိမ်းချမ်းတော့မှာပါ "
ဦးကောင်းမြတ်စကားကို ဒူးဝါးဇောင်က ခေါင်းယမ်းနေမိသည်။

" ဒီနယ်မြေမှာ ပြဿနာတွေ အရမ်းရှုပ်ထွေးနေတယ်။ လက်နက်ကိုင်တွေကလည်း အကွဲကွဲအပြားပြားပဲ။ လုပ်ငန်းရှင်တွေကလည်း တစ်မှောင့်။ နယ်စပ်က ကုန်သည်တွေကလည်း တစ်မှောင့်။ ကိုယ်ထင်ရာ ကိုယ် လုပ်နေကြတာ။ ငါတို့တော့ ကိုယ့်အုပ်စုနဲ့ကိုယ် ဘာမှမပြောဘဲ စောင့်ကြည့်နေတယ်။ ငါ စစ်မဖြစ်ချင်တော့ ဘူး သူငယ်ချင်း။ ငါတို့ ဟိုးနှစ်ပေါင်းများစွာကတည်းက တိုက်ခဲ့ကြတာ။ ကြာတော့ ငါတို့လူမျိုးတွေပဲ အကွဲကွဲအပြားပြားဖြစ်ကြတယ်။ သူသာရင် သူသတ်၊ ကိုယ်သာရင် ကိုယ်သတ်နဲ့သူ့အုပ်စု ကိုယ့်အုပ်စု ကွဲ ကြရတာပဲ။ ဒီစစ် ကို ငါတို့ မလိုချင်တော့ဘူး။ လူတွေ ဒုက္ခရောက်လှပြီ သူငယ်ချင်းရယ်။ နင်တို့မြို့က ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဒီအကြောင်းကို ငါ ပြောချင်လိုက်တာ။ ငါ့ကို မကျေနပ်ရင် လာသတ်ချင် လည်း သတ်ဟာ၊ ငါလည်း အိုနေပါပြီ။ စစ်ဒုက္ခတွေလည်း မကြားချင်တော့ပါဘူး။ ငါတို့လူမျိုးတွေ ဟိုပြောင်းရ၊ ဒီရွှေ့ရ၊ ဟိုပြေးရ၊ ဒီပြေးရဖြစ်နေတာတွေ ငါ မမြင်ချင်တော့ဘူး။ ငါ ဒါတွေ နင်တို့မြို့မှာ ပြော ချင်တယ်ဟာ။ ငါတို့ဒုက္ခကို နားလည်ပြီး။ ငါတို့ လိုချင် တဲ့ ငြိမ်းချမ်းရေးကို ပေးဖို့ ငါ ပြောချင်တယ်။

နင် အခုကြည့်စမ်း။ ငါတို့ မြေတွေ၊ ငါတို့ တောတောင်တွေအားလုံး ပျက်စီးကုန်ပြီ။ လူတွေလည်း တကွဲ တပြားနဲ့ ဖရိုဖရဲဖြစ်နေပြီ။ ငါတို့သုံးတဲ့ မြစ်ရေတောင်မှ နောင်ကျိကုန်ပြီ။ ဒါတွေကို ငါ ရပ်ချင်ပြီ သူငယ်ချင်း။ ဒီနေရာမှာ ဟိုးတုန်းကလို မြစ်ရေစီးသံ နားထောင်ချင်တယ်။ ကချင်ရိုးရာတေးကို နားထောင်ချင်တယ်။ မနောပွဲတွေ ငါ မြင်ချင်တယ်။ နင် ငါ့ကို မကူညီနိုင်ဘူးလား။ နင်တို့မြို့က လူတွေကို ပြောပေးပါလားဟာ"
ဒူးဝါးဇောင်၏ စကားများကို ဦးကောင်းမြတ် ရင်နင့်အောင် ခံစားရတော့သည်။ ထို့ကြောင့် ထိုင်နေရာ မှ ရှေ့သို့တိုး ၍ ဒူးဝါးဇောင်၏ လက်နှစ်ဖက်ကို ယှက်၍ အုပ်ကိုင်လိုက်၏။
" ငါ နားလည်ပါတယ် သူငယ်ချင်း။ ငါ နားလည်တယ်။ ငါ့မြေးမကို ဒီနယ်မြေလွှတ်လိုက်တာ ဒီနယ်မြေက ပြဿနာတွေအများပြည်သူ သိစေချင်လို့ပါ။ နင်ခံစားရသလို ငါလည်း ခံစားရတယ်။

 ငါ့ကိုယ်ထဲမှာလည်း ကချင်သွေးတွေစီးနေပါတယ်ဟာ။ ငါ ဒီနယ်မြေက ရှောင်ပြေးခဲ့ရပေမယ့် ဒီမြေ၊ ဒီရေ၊ ဒီတော၊ ဒီတောင် ကို ငါမမေဘူး။ ငါဝတ်ထားတဲ့ ကချင်ဝတ်စုံက ဟန်ပြမဟုတ်ဘူး။ ဒီနယ်မြေကို ကိုယ်စားပြု ထားတာ။ ငါ့ကိုယ် ထဲမှာ ကချင်သွေးတွေ စီးနေဆဲပဲ သူငယ်ချင်း။ ဒီနယ်မြေကို ငါတို့ ပြန်ထူထောင်မယ်။ ငါတို့ ကချင်လူမျိုး တွေ သွေးတစ်စက်ကျန်တဲ့အထိ ဒီနယ်မြေကို ပြန်စောင့်ရှောက်မယ် ဟုတ်ပြီလား "
ကချင်အဘိုးအိုနှစ်ဦး၏စကားများက ဧည့်ခန်းထဲမှ လျှံထွက်ကာ အခန်းတံခါးတွင် တာဝန်ကျနေသော ကချင်အစောင့်ရဲဘော်တစ်ဦး၏နားဝသို့ ၀င်ရောက်သွားသည်။ ထိုရဲဘော်လေးသည် ကြားရသော စကား များကြောင့် လက်သီးအစုံ ကို တင်းတင်းဆုပ်လျက် ခံစားချက်ပြင်းပြသောမျက်နှာဖြင့် ဆက်၍ နားထောင်နေ မိပါတော့သည်။

စိန်ကြီးက သူ့လူနှစ်ယောက်ကို ခါးထောက်၍ ဒေါသတကြီး ငေါက်ငမ်းနေတော့သည်။ သူတို့အဖွဲ့မှာ ပထမ အကြိမ် ကောတိုးစဉ်မှာပင် လူတစ်ယောက်သစ်ပင်ပိခဲ့သည်။ ကုမ္ပဏီကတော့ သူတို့ကို အပြစ်မတင်။ သို့ ရာတွင် နောကလိုက်ကောင်လေးနှစ်ယောက် ဆက်၍မလိုက်ဝံ့တော့။ ရွှေလုပ်ကွက်ထဲသို့ ပြန်ဝင်သွားကြပြီ။ ဤသည် ကို အဖွဲ့ခေါင်းဆောင် စိန်ကြီးက စိတ်ဆိုးနေခြင်းပင်။
" မင်းတို့ ပါးစပ်တွေ ဒီလောက်အားနေရင် ကိုယ့်ဟာကိုယ် ဆို့ထားကြ။ ငါ အတန်တန်ပြောထားတယ်။ ဒီကိစ္စ ဘယ်သူမှ မသိပါစေနဲ့ဆိုတာ။ အခု ဒီရွှေကြောကိစ္စ လူတိုင်းသိကုန်ပြီ။ အဖွဲ့အစည်းတွေ ပါလာတော့ မယ်။ အကုန် သေကုန်မယ်ကွ၊ နားလည်လား။ ခွေးလိုကောင်တွေ။ ခွေးတိရစ္ဆာန်တွေ။ ပါးစပ်သရမ်းချင်တဲ့ ကောင်တွေ။ မင်းတို့အမေလင်တွေက လက်နက်အပြည့်အစုံနဲ့၊ ငါတို့မှာက ကချောက်ကချက် နဲ့ တောတိုး ရ မှာ ဘာမှသောက်မှန်းကန်းမှန်း မသိဘဲ အာချောင်ချင်တဲ့ကောင်တွေ"

စိန်ကြီး က ဆူငေါက်ကြိမ်ဝါးနေသော်ငြား သူ့ကောင်လေးနှစ်ယောက်မှာ နှုတ်တုံ့မပြန်ဝံ့ချေ။ ခဏအကြာ တွင် ကုမ္ပဏီမှ လူတစ်ယောက်ရောက်လာပြီး စိန်ကြီးလက်ထဲသို့ အိတ်တစ်လုံး လာပေးသည်။
စိန်ကြီးက အိတ်ကို ယူပြီး စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ အိတ်ကို ဖွင့်ကြည့်သည့်အခါ စာတစ်စောင် တွေ့ ရသည်။ စိန်ကြီးက စာကို ဖတ်ကြည့်ပြီး လုံးချေကာ ပါးစပ်ထဲသို့ ၀ါးမျိုလိုက်၏။
" အခု ခရီးထွက်မယ်။ မင်းတို့ ပါးစပ်တွေ မလုံရင် ငါနဲ့ တွေ့မယ်။ ရော့ ... တစ်ယောက် ငါးသောင်းယူထား။ နောက်နှစ်နာရီကြာရင် စမ်းချောင်းက စောင့်နေကြ"
စိန်ကြီးက ကောင်လေးနှစ်ယောက် ကို ပိုက်ဆံပေးလိုက်ပြီး အိတ်ကိုယူ၍ ထွက်သွားပါတော့သည်။

ကောင်လေးနှစ်ယောက်လည်း စိန်ကြီးပေးသည့် ပိုက်ဆံကိုယူ၍ ရွာထဲသို့ ထွက်သွားကြသည်။ ထိုကောင် လေး နှစ်ယောက် စလုံး သစ်ပင်ပိသည့် လူနာကို မြစ်ကြီးနားသို့ လိုက်ပို့စဉ်က စုနှင့် ဆုံခဲ့ကြသည်။ စုက သူတို့ဆီက မေးမြန်း၍ သိရသမျှကို ဂျာနယ်မှာ သတင်းရေးလိုက်သည်။ ထို့ကြောင့် မြစ်ဆုံ တစ်ခွင်၌ ပြဿနာများ ပို၍ ရှုပ်ထွေးလာတော့သည်။ တားမြစ်နယ်မြေအတွင်း ရွှေကြောသစ် ရှာဖွေသူများ သစ်ပင်ပိ၍ ဆေးရုံရောက်ရကြောင်း သတင်းမှာ ပါလာခဲ့သည်။ လုံခြုံရေးတာဝန်ခံများ ပို၍ ဂယက် ရိုက်လာတော့သည်။ နယ်မြေတာဝန်ရှိသူများပါ ထိုကိစ္စကို စုံစမ်းစစ်ဆေးနေကြသည်။ သူတို့ကို မည်သည့်ကုမ္ပဏီက စေလွှတ်သည်ကို စုံစမ်းကြခြင်းပင်။

သို့ရာတွင် တခြားသော ကုမ္ပဏီများကလည်း ရွှေကြောသစ်ကိစ္စကို စိတ်ဝင်စား လာကြတော့ သည်။ ရွှေကြောသစ် ရှိနေသည်မှာ ဒဏ္ဍာရီ မဟုတ်တော့ပြီ။ ထို့ကြောင့် သူ့ထက်ငါ အကြိတ်အနယ် လမ်းကြောင်း ရှာဖွေလာကြပြီ။
စိန်ကြီး ခေါင်းဆောင်သော အဖွဲ့မှာ လူငယ်နှစ်ယောက်သာ ကျန်တော့၏။ စိန်ကြီးက တောကျွမ်းသည်။ စွန့်စား ရဲသည်။ သတ္တိရှိသည်။ ကြမ်းဆိုလျှင် ကြမ်းရဲသည်။ ထို့ကြောင့် လိုအပ်သော အထောက်အပံ့ကို ပေး၍ ထပ်မံစေလွှတ်ခြင်းပင်။
ကောင်လေးနှစ်ယောက် ရွာထဲသို့ ၀င်လာချိန်တွင် လူတစ်ယောက်က သူတို့ကို အကဲခတ်နေသည်။ ကောင် လေးနှစ်ယောက်က ဂရုမစိုက်မိပေ။ သူတို့ရွာထဲသို့ လျှောက်ဝင်သွားချိန်တွင် ထိုလူက အကဲခတ်ကြည့်နေ ရင်း ထိုနေရာမှ ပြန်ထွက်ခွာသွားတော့သည်။

အခန်း (၈)

ဇော်ဟိုးက မှန်ဘီလူးဖြင့် စူးစူးစိုက်စိုက်ကြည့်နေသည်။
မီးခိုးများ အူထွက်နေသော နေရာကို ကြည့်နေခြင်းပင်။ ကိုမြတ်မင်းက သစ်ပင် ခြေရင်းတွင် အိပ်ပျော်နေဆဲ။ သူတို့ ဖြတ်ကူးလာခဲသော ၀ါးနှစ်လုံး ခင်းထားသည့် ကြိုးတံတားသည် လေဖြင့် လှုပ်ယမ်း နေသည်။ အအေးဓာတ် ကလည်း ပိုလာသည်။ တောမှာ နက်သထက်နက်လာ၏။
ဇော်ဟိုး က ကိုမြတ်မင်း အိပ်ပျော်နေသည်ကို အကဲခတ်လိုက်သည်။ ကိုမြတ်မင်း ဖိနပ်များက ပေါက်ပြဲနေပြီ။ မုတ်ဆိတ်မွေး၊ ပါးမြိုင်မွေးတို့ မရိတ်သိမ်းနိုင်။ တောထဲတောင်ထဲတွင် ရက်ပေါင်းများစွာ ဖြတ်သန်းနေရသည်မို့ ကိုမြတ်မင်းကို ကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်လျက်ရှိနေပြီ။

ဝါးနှစ်လုံးကြိုးတံတားကို ဖြတ်ကျော်စဉ်က ကံကောင်းထောက်မ၍ ချောက်ထဲပြုတ်ကျသွားခြင်းပင်။ ဇော် ဟိုးက အချိန်မီ လှမ်းဆွဲထားနိုင်သောကြောင့် ပြုတ်မကျခြင်းဖြစ်သည်။ ဇော်ဟိုး ကိုမြတ်မင်း အသက်ကို မနှ မြောပါ။ သို့ရာတွင် သူ ပြုတ်ကျသွားလို့မဖြစသေး၊ နူးတို့ သားအမိကို တွေ့ခွင့်ရဖို့အတွက် သူ ရှိနေမှ ဖြစ် လိမ့်မည်။
သူ ကိုမြတ်မင်းကို အကဲခတ်နေချိန်မှာပင် ပေါက်ကွဲသံတစ်ခုကို ကြားရသည်။ ထိုအသံကြောင့် ကိုမြတ်မင်း သည် လန့်နိုးလာခဲ့တော့သည်။ ဇော်ဟိုးက ပေါက်ကွဲသော နေရာကို မှန်ဘီလူးဖြင့် အကဲခတ်နေသည်။

" ဘာဖြစ်တာလဲ၊ ဇော်ဟိုး "
" မသိသေးဘူး။ စောစောက အဲဒီနားမှာ မီးခိုးတွေထွက်နေတယ်။ တဲတစ်တဲရှိတာတော့ သိတယ်။ ဘာလို့ မီးလောင်မှန်းတော့ မသိဘူး။ အခု ပေါက်ကွဲတာလည်း အဲဒီကပဲ။ လောင်စာဆီ ရှိလို့နေမှာပေါ့ "
ဇော်ဟိုးက မှန်ဘီလူးကို ကမ်းပေးလိုက်သည်။ သူတို့ ရပ်နေသောတောင်စွယ်က မြင့်မားလှသည်မို့ ပေါက်ကွဲသံ ပေါ်ထွက်လာသော တောင်ကြားဆီသို့ လှမ်းတွေ့နေရသည်။ မီးခိုးများက ဆက်၍ထွက်ပေါ်နေ ဆဲပင်။
" ကျုပ်တို့နောက်ကို လိုက်လာကြပြီ။ အပြန်ကို ဒီလမ်းက ပြန်လို့မဖြစ်တော့ဘူး "
ထိုစကားကို ကိုမြတ်မင်း သဘောတူသည်။ သူတို့နောက်ကို လောဟို မဖြစ်မနေ လိုက်လာမည်ကို သူ သိ နေခဲ့သည်။ ဇော်ဟိုး ပြောစကားအရ လွန်ခဲ့သော တစ်နှစ်ကျော်က နယ်စပ်မှ ခိုးဝင်လာသည့် ရွှေမုဆိုးတစ် ယောက်ကို သူ ရှင်းခဲ့ဖူးသည် ဟုပြောပြသည်။ ထိုရွှေမုဆိုးက ရွှေကြောသစ်ရှိရာ ချောင်းအထက်ပိုင်းသို့ပင် ရောက်ခဲ့သည်။ ရွှေကျောက်ချပ်လွှာ နမူနာပင် ရသွားခဲ့သည်။ ဇော်ဟိုးက ထိုလူ့နောက်မှ လိုက်ရင်း ကျောက်တုံး ထောင်ချောက်ဆင်၍ တိုက်ပစ်ခဲ့သည်။

ထိုလူ့ထံမှ ရွှေကျောက်ချပ်ကို ပြန်ယူထားလိုက် သည်။ သို့ရာတွင် ထိုကျောက်ချပ်လွှာ ပျောက်ဆုံးသွားခဲ့သည်။ တစ်ဦးဦး က သူ့ဆီမှ ခိုးယူသွားခြင်းဖြစ် ကောင်းဖြစ်မည်ဟု သူယူဆ၏။ ကိုမြတ်မင်းက သူ့ထံမှာ ရှိသော ရွှေကျောက်ချပ်လွှာကို ပြလိုက်သောအခါ ဇော်ဟိုးက ၀န်ခံသည်။ သူ ပျောက်ဆုံး သွားသော ကျောက်ချပ်လွှာဖြစ်နေသည်။
ဇော်ဟိုး မသိသေးသည့် ပြဿနာတစ်ရပ်ကို ကိုမြတ်မင်းက သိထားသည်။ ဇော်ဟိုးကြောင့်ထိုစဉ်က ဒဏ်ရာ ရခဲ့သော ရွှေမုဆိုးမှာ ချက်ချင်းမသေ။ ကျောက်တုံးများ ထိမှန်ထားသည့် ဒဏ်ရာဖြင့်မြစ်ဆုံ သို့ ရောက်လာခဲ့သည်။ ပြီးတော့ သူ့ထံမှ ရွှေကျောက်ချပ်လွှာ ယူဆောင်သွားသည့် ဇော်ဟိုးအကြောင်းကို သူ မသေခင် ပြောပြခဲ့သည်။ သူ ပြောပြခဲ့သူမှာ လောဟိုဖြစ်သည်။ လောဟိုမှာ သူ့ညီအရင်းပင်။ ထို့ကြောင့် လောဟို က ဇော်ဟိုးထံမှ ရွှေကျောက်ချပ်လွှာကို ရှာသည်။ ထမင်းဆိုင်မှာ ၀င်ထွက်နေသော ရွှေကုန်သည် များ၊ ပွဲစားများ က ထိုသတင်း ကို သဲ့သဲ့ကြားကြသည်။ ထိုထဲမှ ပွဲစားတစ်ဦးက ဇော်ဟိုးထံမှရွှေကျောက်ချပ် လွှာကို ရသွားခဲ့ခြင်းပင်။ နောက်ဆုံးအပိုင်းလေးတစ်ပိုင်းကို ကိုမြတ်မင်း ၀ယ်ထားနိုင်ခဲ့သည်။

ထိုအကြောင်းများကိုပြောပြပြီးနောက် ဇော်ဟိုးက စကားဆက်ပါသည်။
" ကျုပ် အဲဒီရွှေကြောကို တကယ်တော့ မရောက်ဖူးသေးဘူး။ ခင်ဗျားကို ပို့ပေးမှာလည်း အဝေးကနေ လမ်းညွှန်ပေးရုံပဲ။ အဲဒီနေရာက ကျိန်စာသင့်ထားတဲ့နေရာ။ အဲဒီနေရာကို ရောက်ပြီး အဲဒီက ရွှေကျောက် ချပ်လွှာတွေ ယူတဲ့လူတိုင်း ကျိန်စာသင့်တယ်။ ဒါကြောင့် ကျုပ်တို့ ဘိုးဘွားမိဘတွေ ဘယ်သူမှ အဲဒီနေရာကို မသွားကြဘူး။ ခင်ဗျားကို ပြပေးမှာ အဝေးကနေပဲ ပြပေးမှာ"
" ဒီခေတ်မှာ ဒါတွေမရှိတော့ပါဘူး။ အေးလေ၊ ဒီရွှေကြောကို ရပြီးရင် ငါ့စေတနာကို မင်းသိမှာပါ။ မင်းရော၊ မင်းမိသားစု ပါ ဘာအန္တရာယ်မှ မဖြစ်အောင် ငါစောင့်ရှောက်ပေးမယ်။ အေးအေးလူလူ ချမ်းချမ်းသာသာနဲ့ အန္တရာယ် ကင်းနိုင်အောင် ငါ လုပ်ပေးမယ် "

" မလုပ်နဲ့။ ခင်ဗျား ကျုပ်မိသားစုနဲ့ ဝေးဝေးသာနေပါ။ ခင်ဗျားကြောင့် ကျုပ်မိသားစု ကျိန်စာသင့်လိမ့်မယ်။ မလုပ်နဲ့။ ခင်ဗျား ကျုပ်နဲ့ ထပ်ပြီးမပတ်သက်အောင်နေ "
" ဒါလည်း ကိစ္စမရှိဘူး။ ဒါပေမယ့် မင်းသိထားဖို့က မင်း ဒီနယ်မြေမှာ မနေရတော့ဘူး။ ငါတို့လုပ်ငန်းမပြီး မချင်း မင်းရော။ မင်း မိသားစုပါ ငါ ထားတဲ့နေရာမှာ နေရမယ်။ ဒါမှ ငါ့အတွက် စိတ်ချရမှာ။ မင်းနောက်ကို တခြားလူတွေ၊ တခြားအဖွဲ့အစည်းတွေ လိုက်လာရင် ဘယ်သူမှ မတွေ့တဲ့နေရာမှာ ငါထားမှ ဖြစ်မယ်။ ငါတို့ လုပ်ငန်းနဲ့ မင်းနဲ့ ဆက်စပ်နေတယ်"
ဇော်ဟိုး ထိုပြဿနာကို တွေးတောပြီးဖြစ်သည်။

ဤရွှေကြောသစ်ကိစ္စသည် မြစ်ဆုံနယ်တွင် နှစ်ပေါင်းများစွာ အဖြေရှာ၍ မရခဲ့သော ပြဿနာတစ်ရပ်ဖြစ် သည်။ လူ့အသက်ပေါင်းများစွာ စတေးခဲ့ကြပြီးပြီ။ သူကိုယ်တိုင် သုတ်သင်ခဲ့ရသော ရွှေမုဆိုးတို့ မနည်း တော့။ ထိုရွှေကြောကြောင့် တောင်ပေါ် တွင် အသက်ပေးခဲ့ရသည့် လူပေါင်းများစွာ ရှိခဲ့ပြီ။ အုပ်စုတွေဖွဲ့ကြ၊ ပစ်ကြ ခတ်ကြ၊ သွေးကွဲ ခဲ့ကြပြီး။ နယ်စပ်ဘက်က ၀င်လာသော ရွှေမုဆိုးများနှင့် ဒေသခံတို့၏ တိုက်ပွဲများ လည်း ရေတွက် ၍ မကုန်နိုင်တော့။ ထို့နောက် ဆယ်နှစ်ကျော် အေးချမ်းငြိမ်သက်သွားခဲ့တော့သည်။
ယခု မြစ်ဆုံတွင် ရွှေတူးသူများ ပေါ်ပေါက်လာရာမှ ဆယ်နှစ်ကျော် ငြိမ်သက်နေသောမီးစ သည်တစ်ဖန်ပြန်၍ ရောက်လာခဲ့ပြီကော။
စိန်ကြီးက အချက်ပေးသံကို လက်ခေါက်မှုတ်၍ သုံးကြိမ် ပြုလိုက်သည်။ သူတို့ ရပ်နေသော ချောင်းရိုး စပ်တွင် ကျောက်တုံးငယ်လေး များ ပြန့်ကျဲနေ၏။ ကောင်လေး နှစ်ယောက်က ဘေးဘီဝဲယာသို့ ဝေံ၀ဲ၍ အကဲခတ်နေ သည်။

သူတို့ အချက်ပေးသံ မှုတ်လိုက်ပြီးသည်နှင့် ချောင်းတစ်ဖက်၌ လူသုံးဦးပေါ်လာသည်။ လက်နက်ကိုယ်စီ လွယ်ထားသည်။ တစ်ဦးက ခေါင်းတွင် ပတ်တီးတွေအဖွေးသားဖြင့် ပြည့်နှက်နေသော လောဟိုပင်။ သူတို့က လက်ပြ လိုက်သောကြောင့် စိန်ကြီးတို့အဖွဲ့ ချောင်းတစ်ဖက်သို့ ဖြတ်ကျော်လာခဲ့သည်။ လောဟို က ချောင်းစပ်မှ သစ်ပင်တွင် ထိုင်လျက် စောင့်စားနေ၏။ သူတို့က စုစုပေါင်း ခြောက်ယောက်အုပ်စုဖြစ် သည်။ စိန်ကြီးက ကျောပိုးအိတ် ကို ချ၍ အထဲမှပစ္စည်းများကို ထုတ်ပေးလိုက်သည်။
လောဟို က ပေးလာသည့် အထုပ်ကို ဖြေ၍ အထဲမှထွက်လာသည့် ကျည်ကတ်များကို သူ့လူများထံ ကမ်း ပေးလိုက်သည်။ သူကိုယ်တိုင်လည်း ပစ္စတိုကျည်ကပ်နှင့် လက်ပစ်ဗုံးကို ယူလိုက်သည်။ ထို့နောက် အိတ် ကပ်ထဲမှ မြေပုံတစ်ချပ်ကို ထုတ်လိုက်သည်။

" ခင်ဗျား မှတ်မိတဲ့နေရာကို ပြ။ ပြီးရင် အဲဒီလမ်းအတိုင်း လိုက်မယ်။ ဒီကောင်နှစ်ကောင် ဒီဘက် ကိုတော့ ပြန်လာမှာ မဟုတ်ဘူး။ ဟိုကောင်မလည်း ဒီနားတစ်ဝိုက်မှာပဲ ရှိလိမ့်မယ်။ ဇော်ဟိုး မိန်းမနဲ့ ကလေး ဘယ်မှာ ရှိတယ် ဆိုတာ ဒီကောင်မ သိရင်သိမှာ။ သူပဲ ဆေးရုံလိုက်ပို့ပေးတာ။ ရန်ကုန်ရောက်ရင် သူ့အဘိုး နဲ့ ဆက်သွယ်ဖို့ ပြောနေတာ ဆေးရုံမှာ ငါ ကြားပြီးပြီ။ ရန်ကုန်ကို ကျွမ်းတာ ဒီကောင်မက ကျွမ်းတာ။ သူ့ကို မိရင် ဟိုကောင်တွေ ကို မတွေ့လည်း ကိစ္စမရှိဘူး"
" ဆရာ " လောဟို စကားပြောခိုက်မှာပင် တပည့်တစ်ဦးက အလောတကြီး လာ၍ မျက်နှာရိပ် မျက်နှာကဲ ပြပြီး ရပ်နေ သည်။ လောဟို က သူ့တပည့်နားသို့ ကပ်သွားသည်။ တပည့်ဖြစ်သူက စိန်ကြီး မကြားစေရန် တိုးတိုးလေး ပြောပြသည်။

လောဟိုက ချက်ချင်းပင် သူ့လူများကို အချက်ပေး၍ သူကိုယ်တိုင်လည်း စိန်ကြီး တို့ကို ခေါ်ကာ တောထဲသို့ ၀င်ရောက်၍ ပုန်းခိုနေလိုက်ကြသည်။ သူတို့အားလုံး ချောင်းတစ်ဖက်ကမ်းဆီ သို့ စောင့်ကြည့်နေကြ၏။ လောဟို က သူ့လူများကို အသံတိတ်ဖြင့် သင်္ကေတပြလိုက်၏။ သူတို့အားလုံး တိတ်တဆိတ်ပုန်းခို စောင့် စားနေကြ သည်။
စိန်ကြီးတို့သုံးဦးလည်း ငြိမ်သက်စွာ ပုန်းခိုနေရင်း ချောင်းတစ်ဖက်ဆီသို့ အကဲခတ်နေကြသည်။ သူတို့မြင် ကွင်းထဲသို့ ကချင်အမျိုးသားတစ်ဦးပေါ်လာသည်။ ထို့နောက် နောက်ထပ်အဖော်နှစ်ဦး ပေါ်လာသည်။ ထိုနှစ်ဦး က ဒဏ်ရာရထားသော အမျိုးသမီးတစ်ဦးကို တွဲခေါ်လာသည်။ လောဟို မျက်နှာက ကျေနပ်ပီတိ အပြည့်။ သူ့လူများက သေနတ်မောင်းများတင် ၍ ချောင်းဘက်သို့ ချိန်တွယ်ထားပြီးပြီ။

လောဟိုက သူ့တပည့်ကို အသံတိုးတိုးဖြင့် သတိပေးသည်။
" ကောင်မလေးကို မထိစေနဲ့။ ကျန်တဲ့သုံးယောက်စလုံး ရှင်းလိုက် "
ထိုစကားကြောင့် သူ့တပည့် များက အချင်းချင်း အချက်ပြလိုက်သည်။ တစ်ဖက် ကမ်းစပ်မှ လူတစ်ဦး က ချောင်းစပ်အရောက်တွင် ခေတ္တရပ်လုက်သည်။ ကမ်းစပ်မှ ခြေရာများကို တွေ့လိုက်ရသောကြောင့် ကျန် လူနှစ်ဦး ကို ပြောပြနေသည်။ သူတို့ချောင်းကို မကူးဖြတ်သေးဘဲ လှမ်း၍ ကြည့်နေကြသည်။ ထို့နောက် တစ် ဦးတည်း အရင်ဖြတ်မည်ဟု ဆုံးဖြတ်ကာ ဒီဘက်ကမ်းသို့ ဝေံ၀ဲကြည့်ပြီးမောင်းပြန်သေနတ်ကို ချိန်ရွယ်၍ သတိကြီးစွာ ကူးခပ်လာတေ့သည်။ ပြီးတော့ ခါးကြားမှ စကားပြောစက်ဖြင့် လှမ်း၍ ဆက်သွယ်နေ သည်။ လောဟိုက သူ့လူများကို ဆုတ်ခွာဖို့ အချက်ပြလိုက်သည်။ သူတို့အားလုံး တောတွင်းပိုင်းသို့ ဆက်၍ ဆုတ် ခွာသွားကြသည်။ တောကျွမ်းသူများပေးပေမို့ ခြေသံလုံ၏။ သစ်ရွက်ပေါ်သို့ ခြေချသံပင် ညင်သာလှသည်။

စိန်ကြီးတို့ သုံးဦးစလုံး တိတ်ဆိတ်စွာ လိုက်လာခဲ့ကြသည်။ ချောင်းတစ်ဖက်ကမ်းမှ ကူးဖြတ်လာသူ ကမ်း စပ်သို့ ရောက်ရှိလာချိန်တွင် လောဟိုတို့အုပ်စုက တောတွင်းပိုင်း၌ နေရာယူထားပြီးပြီ။ ကူးဖြတ်လာသူက သူ့လူများကို အချက်မပေးသေး။ တောတွင်းပိုင်းသို့ ဆက်၍ အကဲခတ်လေ့လာနေ၏။ ရေစပ်မှ ခြေရာများကို အကဲခတ်နေသည်။ တောသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ တစ်ချက် တစ်ချက် ဝေ့၀ဲ တိုက်ခတ် လာသော လေတိုးသံကြောင့် သစ်ရွက်တို့သာ ညင်းညင်း လှုပ်ခတ်သည်မှလွဲ၍ ဘာသံမှမကြားရ။

ထိုလူက ကျေနပ်လောက်အောင် အကဲခတ်ပြီးမှ စကားပြောစက်ဖြင့် ဆက်သွယ်ပြောဆိုနေသည်။ ချောင်း တစ်ဖက်ကမ်းမှ သူ့လူနှစ်ဦးကို အချက်ပြလိုက်သည်။ ချောင်းက ကိုက်ငါးဆယ်ခန့် ကျယ်ပြန့်သည်။ ရေစီးက ညင်သာသည်။ ရေမှာ ခြေသလုံးထိနက်သည်။ ကျောက်တုံးလေးများက ကြည်လင်သော ချောင်း ရေအောက် တွင် အရွယ်စုံအရောင်စုံဖြင့် ချောင်းဂီတကို သီကျူးနေ၏။
တစ်ဖက်ကမ်း မှ လူနှစ်ဦးက ခြေထောက်ဒဏ်ရာရ၍ လမ်းကောင်းကောင်း မလျှောက်နိုင်သော စုကို တွဲခေါ် ၍ တစ်လှမ်းချင်း ချောင်းကို ဖြတ်ကူးလာကြသည်။ ချောင်းစပ်မှ လူက တောထဲသို့ အကဲခတ်ရင်း အသင့် အနေအထားရှိနေဆဲ။

လောဟိုက သူ့လူတစ်ယောက်ကို ခေါင်းငှဲ့ပြလိုက်သည်။ သူ့တပည့်က တွားသွားဝပ်လျက် ချောင်းစပ်မှ လူထံသို့ ဘေးဘက်ခြမ်းမှ ဝေ့၀ိုက်၍ နီးသထက်နီးအောင် ကပ်သွားသည်။ ကျန်တပည့်သုံးယောက်က တစ်ဖက်ခြမ်း မှ ပန်း၍တက်သွားပြီး ချောင်းစပ်သို့ကပ်သွားကြ၏။
ချောင်းကို ဖြတ်ကူး လာသော စုနှင့် လူနှစ်ယောက် ချောင်းစပ်သို့ရောက်လာချိန်တွင် ပစ်ခတ်သံများ ပေါ် ထွက်လာတော့သည်။

မီးလောင် ပေါက်ကွဲထားသော တဲကို လေ့လာအကဲခတ်နေသော ကချင်တပ်ဖွဲ့မှ အရာရှိက စကားပြောစက်ဖြင့် ဆက်သွယ်နေသည်။ တဲအတွင်း၌ တွေ့ရသော လူသေလောင်း နှစ်လောင်းကို စစ်ဆေး နေသော ရဲဘော်သုံးဦး က တဲပတ်ဝန်းကျင်ကို ကြည့်နေကြသည်။ တောတွင်းမှ ပေါ်ထွက်လာသော သေနတ်သံကြောင့် ဗိုလ်ဖြစ်သူက သူ့လူများ ကို လှမ်း၍မေးမြန်းလိုက်သည်။ သူ့လူများလည်း သေနတ်သံ ကြားရသောနေရာကို သဲသဲကွဲကွဲ မခန့်မှန်းတတ်။
ဗိုလ်ဖြစ်သူက စကားပြောစက်ကို ဆက်၍ခေါ်နေသည်။
တစ်ဖက်မှ ပြန်ထူးသံ မကြားရပါချေ။ သို့ရာတွင် စကားပြောစက်ကို ကိုင်ထားသူက ရှိနေပြီ။

ဗိုလ်ဖြစ်သူထံမှအဆက်မပြတ် ခေါ်နေသံကို နားထောင်ရင်း လောဟိုက သူ့တပည့်များကို ပြောလိုက် သည်။
" ဒီကောင်တွေ အဖွဲ့ခွဲပြီး လှုပ်ရှားနေတာ၊ တို့ရှောင်နေမှဖြစ်မယ်။ ဒီအလောင်းတွေ ချောင်းထဲ မျှောလိုက် တော့၊ ဒီနေရာက မြန်မြန်ခွာမှဖြစ်မယ်"
လောဟို စကားကြောင့် သူ့တပည့်များက သေဆုံးနေသူများထံမှ သေနတ်ကို ယူလိုက်ပြီး အလောင်းသုံး လောင်းကို ချောင်းရေထဲသို့ ပစ်ချလိုက်ကြသည်။ စုက ထိုမြင်ကွင်းကို ခံပြင်းဒေါသထွက်ရင်း အကဲခတ် နေ၏။ သူ့ဘယ်ဘက် ခြေထောက်က ပြေးလွှားရင်း လဲကျ ဒဏ်ရာရခဲ့သည်မို့ ရောင်ကိုင်း ဖောင်းကားနေ၏။ မြေ၌ ကောင်းစွာမထောက်နိုင်။ စိန်ကြီး၏ တပည့်တစ်ယောက်က စုကို မြစ်ကြီးနားဆေးရုံသို့သွားစဉ်ကပင် ကားပေါ်၌ တွေ့ခဲ့ပြီးသူမို့ လာရောက်တွဲခေါ်ပါသည်။

" မတွဲနဲ့ "
ထိုစကားကို လောဟိုက လှမ်းပြောလိုက်ခြင်းပင်။ သူက စု ဆံပင်များကို ဆွဲကိုင်လိုက်သည်။
" ဒီကောင်မ မြွေဟောက်မကွ၊ သူ့ဘာသာ လျှောက်ပစေ။ နင့်ကို ပြီးမှ ငါအရေခွံဆုတ်မယ်။ ငါ့ကို ဒဏ်ရာ ရ အောင်လုပ်တာ၊ နင် ပြန်ပြီးခံစားရ မယ် ကောင်မရဲ့၊ နားလည်လား "
စုက ဒေါသပြင်းသော မျက်လုံးများနှင့် သူ့လက်ထဲမှ ခေါင်းကို ခါယမ်း၌ရုန်းထွက်လိုက်၏။ လောဟိုက သူ့ကို အာခံနေသောကြောင့် ပါးရိုက်ချလိုက်တော့သည်။
" ကောင်းကောင်းလိုက်ခဲ့။ မလိုက်ရင် ခြေထောက်ဖြတ်ပစ်မယ်၊ နားလည်လား "
လောဟိုက ထပ်မံခြိမ်းခြောက်လိုက်သည်။
စိန်ကြီးက ကျေနပ်စွာခေါင်းညိတ်နေ၏။ ပြီးတော့ ပြောလိုက်သည်။

" ဒီကောင်မလေးက သတင်းထောက်ပဲ။ ဟင်း ဟင်း၊ နင်တော့ ငရဲကျပြီသာမှတ်တော့ ကောင်မရေ "
စုက အံကို တင်းတင်းကြိတ်ထားသည်။ မနေ့ညက အဘိုး ကူညီစုံစမ်းခိုင်းလိုက်သော ဒူးဝါးဇောင်၏ တပည့် များနှင့် တောထဲ၌ဆုံခဲ့ရသည်။ အဘိုးနှင့် စကားပြောစက်မှတစ်ဆင့် သူသိသမျှ ပြောလိုက်ပြီးပြီ။ ဇော်ဟိုးနှင့် ကိုမြတ်မင်း အကြောင်း၊ လောဟို သူ့ကို ဖမ်းသွားသည့်အကြောင်းများ ရှင်းပြလိုက်သည်။ ဒူးဝါး ဇောင် ၏ တပည့်များ က သူ့ကို တောထဲမှ ပြန်ခေါ်လာခိုက် လောဟို က တိုက်ခိုက်လာခဲ့ခြင်းပင်။
တကယ်တော့ လောဟိုတစ်ယောက် ရာဇ၀တ်အိုး တုတ်နဲ့ ထိုးမိလေပြီကို မသိသေး။ သူက စုကို ခေါ်လာ သူ များ ဘယ်သူဘယ်ဝါဟူ၍ မသိ။ စုကို လက်ရဖမ်းမိဖို့ ကျန်လူများကို အပြတ်ရှင်းလိုက်ခြင်းပင်။ ဤသည်ကား လောဟိုအတွက် တကယ့်ပြဿနာမီးခဲကို မွှေးလိုက်ခြင်းပင်။

ဤနယ်မြေတွင် ဒူးဝါးဇောင် သည် ငြိမ်းချမ်းရေးသမား။ လက်နက်ဖြင့် ပြဿနာကို ဖြေရှင်းလိုသူ မဟုတ်။ သူ့နယ်မြေ ကို သူ ငြိမ်းချမ်းစွာ ကာကွယ်စောင့်ရှောက်နေသူဖြစ်သည်။ ဤနယ်မြေ၏ လူမျိုးရေးပြဿနာ၊ နယ်မြေပြဿနာများ ကို တရား မျှတစွာ ဖြေရှင်းနေသူပင်။ ယခု သူ့လူများကို လောဟိုက စတင်သတ်ဖြတ်ခဲ့လေပြီ။ လောဟိုကိုယ်တိုင်ပင် ထိုလူများ ဘာကြောင့် စုကို ကယ်တင်လာသည်ကို မသိ။ စိတ် လည်း မ၀င်စား။ စကားပြောစက်ထဲမှ လှမ်း၍ မေးမြန်းနေသည်ကို မသိ။ စိတ်လည်း မ၀င်စား။ စကားပြောစက် ထဲမှ လှမ်း၍ မေးမြန်းနေသည်ကို ကြား၍ ဤနေရာမှ မြန်မြန်ထွက်ခွာရန် ပြင်နေခြင်းပင်။
စုက ထိုအဖြစ်များကို သိနေသည့် တိုင် ဒူးဝါးဇောင်ဟူ၍ ဖွင့်ဟ၍မဖြစ်။ ဤကိစ္စထဲသို့ ဒူးဝါးဇောင် ပါဝင်လာ သည်ကို လောဟို သိပါက မိမိကို အရှင်ထားမည်မဟုတ်။ သူ့ဘာသာ ကိုယ်လွတ်ရုန်းတော့မည်။ မိမိ ကို နှုတ်ပိတ်တော့မည်။

လောလောဆယ် စုက သူ့ဒဏ်ရာကို ဂရုစိုက်နေ ရသည်။ လောဟို တို့က ယောက်ျားသားများ မို့ တောလမ်း တောင်လမ်း ကို မပင်မပန်း လျှောက်နိုင်ကြသည်။ စုမှာက ခြေထောက်ဒဏ်ရာကြောင့် ကောင်းစွာ မလျှောက်နိုင်။ ဤသည်ကို လောဟိုက စိတ်မရှည်နိုင်အောင် ဖြစ်နေရင်း မကြာမကြာ  အော်ဟစ်ငေါက်ငမ်း နေပြန်သည်။
သူတို့ ထွက်ခွာ သွားနေချိန်တွင် စကားပြောစက်ဖြင့် ဆက်သွယ်နေသော ကချင်ဗိုလ်က သူ့ရဲဘော်များကို ခရီးဆက် ရန် ညွှတ်ကြားလိုက်သည်။
သူတို့နှင့် ချောင်းကူးရန် ဆက်သွယ်နေသည့် လူများထဲမှထပ်မံ၍ အဆက်အသွယ်မရတော့။ ဗိုလ်ဖြစ်သူက ထိုလူများ တိုက်ခိုက်ခံရပြီဟု တွက်ဆ၍ အမြန်ချီတက်ရန် ညွှတ်ကြားလိုက်ခြင်းပင်။ ထို့နောက် ဒူးဝါးဇောင်ထံသို့ ဆက်သွယ် ၍ အကျိုးအကြောင်း ရှင်းပြလိုက်တော့သည်။ သေနတ်သံ ထွက်ပေါ်လာသော နေရာမှာ သူတို့နှင့် အလှမ်းဝေးနေသည် မို့ အလျင်အမြန် ချီတက်ရန် စိုင်းပြင်းလိုက်ကြသည်။
တိုက်ပွဲဖြစ်ပွား သည့် ချောင်းစပ်သို့ သူတို့ ရောက်လာချိန်တွင် ချောင်းထဲ၌ အလောင်းတစ်လောင်း ကို ကျောက်တုံးများကြားတွင် ညှပ်လျက်လသား တွေ့လိုက်၏။ ရဲဘော်နှစ်ဦးက သွားရောက်ဆယ်ယူလာခဲ့ သည်။

ဗိုလ်ဖြစ်သူက အလောင်းကို စစ်ဆေးရင်း စကားပြောစက်ကို ဖွင့်၍ အကြောင်းကြားနေတော့သည်။

ဦးကောင်းမြတ်က ဒူးဝါးဇောင် စကားကြောင့် စိတ်ရှုပ်ထွေးသွား၏။
" ပစ်သတ်သွားတယ်။ ဘယ်လို ဖြစ်တာလဲ။ ငါ့မြေးရော ဘယ်မှာလဲ "
သူ့အမေးကို ဒူးဝါးဇောင်က မဖြေနိုင်။
" ငါ့လူ သုံးယောက်ကျသွားပြီ။ ကလေးမကို ဖမ်းသွားမှာပေါ့။ ဒါ ဘယ်သူ့လက်ချက် ဖြစ်မလဲ။ ကလေးမ ပြောတဲ့ လောဟို ပဲ နေမယ်။ ဒီကောင့်မှာ လူသိပ်မပါဘူး။ ဒီကောင် ဘာလို့ ငါ့လူတွေကို သတ်တာလဲ။ ငါ ပြဿနာ မဖြစ်ချင်ဘူးဟာ။ ဒီကောင်တွေ တို့နယ်ထဲမှာ တော်တော်ဒုက္ခပေးနေပြီ"

" ငါ စိတ်မကောင်းဘူးဟာ။ ငါ့ကြောင့် နင့်လူတွေ အသတ်ခံရတာနော့ "
သူ့စကားကို ဒူးဝါးဇောင်က လက်မခံ။ စကားပြောစက်ကို စားပွဲပေါ်သို့ ပြန်ချထားလိုက်ပြီး စားပွဲပေါ်မှမြေပုံ ကို ကြည့်နေသည်။ သက်ပြင်းပူကို ချလိုက်သည်။
" ဒီရွှေကြောက တစ်ခါပြန်ထလာပြန်ပြီနော်။ နင် ငယ်ငယ်တုန်းက နင့်အဘိုးအသက် သေခဲ့ရတယ်။ နင်လည်း ဒီနယ်မှာ မနေရတော့ဘူး။ ဒီရွှေကြောကြောင့် သေကြတဲ့လူတွေမနည်းမနောပဲ သူငယ်ချင်း။ ဒီ ရွှေကြောဟာ ကျိန်စာသင့် တယ်ဆိုတာဘယ်သူမှ မယုံပါလား။ ငါတို့နယ်မြေဟာ နဂိုကမှ ပြဿနာတွေ ရှုပ် ထွေးနေရတာ။ အေးလေ၊ ငါတို့တစ်နယ်လုံး ကျိန်စာများ သင့်နေလားဟေ့ "
ဒူးဝါးဇောင် ၏ စကားကို ဦးကောင်းမြတ် စိတ်မကောင်းဖြစ်နေသည်။

" ဒီလောက် အေးချမ်းပြီး ရိုးသားတဲ့လူတွေကိုမှ ကျိန်စာသင့်တာလားဟာ။ ငါတော့ ဒီနယ်မြေမှာ သေနတ်သံ တွေအစား စကားနဲ့ ဖြေရှင်းတာကို မြင်ချင်လှပြီ။ ဒီနယ်မြေမှာ အေးချမ်းဖို့ဆိုရင် ဒီကလူတွေ အားလုံး စကားနဲ့ ဖြေရှင်းမရဖြစ်နေတာကို တားမှရမယ်။ ဒီလိုပဲ ပြဿနာတွေဖြစ်၊ နယ်မြေ မငြိမ်းချမ်းတော့ လူငယ်လူရွယ်တွေ လည်း ဒီနယ်မြေကို ချစ်ခင်ရမှန်း၊ တန်ဖိုးထားရမှန်း မသိတော့ ဘူး။သူတို့ကိုလည်း ငါအပြစ် မတင်ပါဘူး။ ဝေးရာမှာ နေကြရတော့ သူတို့ဇာတိကို ဘယ်နားလည်တော့မလဲ။ ဒါကို ငါတို့မသေခင် ဖြေရှင်းခဲ့ချင်တယ်ဟာ။ ပြီးခဲ့တာတွေ မြန်မြန် သင်ပုန်းချေပြီး ငါတို့တွေ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်မှ နောင်လာနောက်သားတွေ ငြိမ်းချမ်းကြမှာ။ သေနတ်သံတွေကြားမှာ သူတို့ဘ၀ ဒုက္ခရောက်နေ ကြတယ်။ အဖေနဲ့ သား ဝေးကြရတယ်။ အမေနဲ့သမီး ခွဲကြရတယ်။ ဆွေမျိုးချင်းလည်း မသိကြဘူး။ ဒီတော ဒီတောင် ဒီရေမြေထဲမှာ အားလုံးဟာ သွေးတူသားတူတွေချည်းပဲ။ ဘာလို့ ဖြေရှင်းလို့ မရရမှာလဲ။ ဒီနယ်မြေ ဟာ ငါတို့အားလုံး ရဲ့ ငြိမ်းချမ်းရာနယ်မြေဖြစ်ရမှာပေါ့။ ငါတော့ စိတ်မချမ်းသာဘူး "
" လူငယ်တွေက ပြောရခက်တယ်လေ "

ဒူးဝါးဇောင်က စိတ်ပျက်စွာဖြင့် ကုလားထိုင်နောက်သို့ မှီချလိုက်တော့သည်။ ကချင်ပြည်နယ်သည် အဖိုး တန်ကျောက်များ ထွက်ရှိရာနယ်မြေ၊ သာယာလှပသော သဘာဝတရားတို့ တည်ရှိရာနယ်မြေ၊ ဧရာဝတီမြစ် စတင်မွေးဖွားရာနယ်မြေ၊ ရှားပါးတောတွင်းတိရစ္ဆာန်များနှင့် ကမ္ဘာ့အဖိုးတန်သစ်ခွများ တည်ရှိရာနယ်မြေ၊ ထိုနယ်မြေသည် မြေပေါ်မြေအောက်ရတနာတို့ ကိန်းဝပ်နေသည်။ ထို့ကြော့င် ပင် ပြဿနာပေါင်းသောင်းခြောက်ထောင် တို့ စုဝေးရာဖြစ်နေတော့သည်။
ဤနယ်မြေမှ အဖိုးတန်တွင်းထွက်ရတနာများ ယူဆောင်ကြ သည်။ မြစ်တွင်း မှ ရွှေကိုထုတ်ယူကြ သည်။ တောတွင်းရှားပါး တိရစ္ဆာန်တို့ကို ဖမ်းယူကြသည်။ သို့ရာတွင် ဤနယ်မြေ ကို ငြိမ်းချမ်းအောင်မည်သူမျှ မဆောင်ရွက်နိုင်ကြချေ။ ပြဿနာများကိုသာ ဆင့်၍ဆင့်၍ ထားရစ်ခဲ့ကြသည်။ ဒေသခံများ၏ ရပ်ရွာများ ရွှေ့ပြောင်းကြရသည်။ စိုက်ပျိုးရေးများ ဖယ်ရှားခံရသည်။

အသက်မွေးဝမ်းကျောင်းအလုပ်များဟန့်တားခံရ သည်။ သစ်တောတို့ ခုတ်လှဲခံရသည်။ တောတောင်တို့ သိမ်းပိုက်ခံရသည်။ဤပြဿနာကို မည်သူ ဖြေရှင်းပေးမည်နည်း။ ဤဒေသမှ ဒေသခံကချင်လူမျိုးတို့က ထိုအဖိုးတန်ရေမြေတို့ကို ချစ်ခင်မြတ်နိုးတန်ဖိုး ထားကြသည်။ ထိုလူများကို ဖယ်ရှားလာကြသော ပြဿနာသည် မငြိမ်းချမ်းမှုကို ဦးတည်စေပြီ။ ခေတ် အဆက်ဆက် မဖြေရှင်းခဲ့သောကြောင့် ပြဿနာများသည် တိုး၍လာခဲ့ခြင်းပင်။
ကချင်လူမျိုးတို့သည် နယ်ချဲ့ကို တိုက်ခဲ့ကြရပြီးပြီ။ ၀ိသမလောဘသားများကို တိုက်ကြရပြီးပြီ။ ဘိန်းကုန်သည်တို့ကို တိုက်ခိုက်ခဲ့ကြပြီးပြီ။ လူမျိုးစုအတွင်းမှ ပြဿနာကို ဖြေရှင်းနေရပြီ။ အခုပြည်နယ် အတွင်းပို ၍ ဖြေရှင်းရခက်မည့် ပြဿနာက ရှိလာပြန်ပြီ။

ယခု ဦးကောင်းမြတ် ကချင်ပြည်နယ်သို့ ပြန်လာခဲ့ခြင်းသည် အတိတ်ကို ကလဲ့စားချေရန် မဟုတ်။ နှစ်ပေါင်း များစွာကတည်းက ထင်သလို ခြယ်လှယ်ခံနေရသောကချင်ပြည်နယ်၏ လက်ရှိဖြစ်ရပ်များကို ဖြေရှင်းလို သည်။ မြေးဖြစ်သူ၏ သတင်းဖော်ပြချက်များကို အများပြည်သူတို့ သိခဲ့ပြီးပြီ။ ထိုတင်ပြချက်များသည် ကချင် ပြည်နယ်ရှိ လက်ရှိဖြေရှင်းရမည့် မျက်မြင်ပြဿနာများ ဖြစ်သည်။ ထို့ပြင် တခြားသော နယ်မြေခံသတင်း ထောက်များကြောင့် ကချင်ပြည်နယ်တွင် သစ်တောများပြုန်းတီးရမှု၊ ရွာများ ရွှေ့ပြောင်းခံရမှု၊ သဘာဝဘေး မဲ့တောများ ဖျက်ဆီးခံနေရမှု၊ ရေကြီးမှု၊ မြစ်ရေ တိမ်ကောမှု စသော ပြဿနာ များကို ပြည်သူအားလုံး သိ ကြရပြီ။ ထိုပြဿနာများကို လက်ပိုက်ကြည့်မနေနိုင်ကြပြီမို့ ပါဝင်လာခဲ့ကြပြီ။ ထို့ပြင် အသစ်ပေါ်ထွက်လာ မည့် (၂၀၁၁)အစိုးရသစ်လက်ထက်တွင် ထိုပြဿနာများကို ဖွင့်ထုတ်ဖြေရှင်းချင်သည်။ မျက်နှာစုံညီဆွေး နွေးစေလိုသည်။

ထို့ကြောင့် ဦးကောင်းမြတ်လည်း နိုင်သလောက် ပါဝင်ဆွေးနွေးလိုသည်။ အဖမ်းခံနေရသော မြေးမကိုလည်း ကယ်တင် ရမည်။ ကချင်ပြည်နယ်ကို တန်ဖိုးထားတတ်ဖို့ လှုံ့ဆော်သံများ သတင်းဂျာနယ် တွင် နေ့စဉ် ဖော်ပြနေကြပြီမို့ ယခုအချိန်သည် ကချင်လူမျိုးအားလုံး စကားဝိုင်းဖွဲ့ရမည့် အချိန်ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး စွပ်စွဲမှု တွေရပ်သင့်ပြီ။
သူက ဒူးဝါးဇောင်ကို ထိုအခြေအနေများ ရှင်းပြခဲ့သည်။ ဒူးဝါးဇောင်ကလည်း ငြိမ်းချမ်းရေးကို အစဉ်တစိုက် မျှော်လင့်နေခဲ့သူဖြစ်သည်။ မြေးမ စုကို ကယ်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားပေးနေသည်။ ယခုတော့ သူ့ လူများပင် အသတ်ခံခဲ့ရပြီ။ ကလေးမကိုလည်း ပြန်မကယ်နိုင်သေး။ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေဆဲမှာပင် လူ့အသက်သုံးချောင်း ပေးခဲ့ရလေပြီ။ ဒူးဝါးဇောင်က သူ့လူများကို ဆက်၍ ထိန်းထားပါသည်။ ကလေးမကို ကယ်ပါ။ ဘယ်သူ့ကိုမှ လက်နက်နှင့် မဖြေရှင်းရန် ညွှန်ကြားထားဆဲပင်။ သူ့လူများက သူ့စကားကို ဆက်၍လိုက်နာနေမြဲပင်။ ထို့ကြောင့် လောဟိုတို့ သွားသည့်နောက်သို့ လူစုခွဲ၍ တပ်ဖြန့်ကာ ရှာဖွေလျက်ရှိတော့သည်။
====
ဆက်ရန်.............
.
>>>ဆက်ဖတ်ရန်>>> >>