ဘယ်မှာနေရမလဲ
ဘယ်မှာသေရမလဲ
သစ်ရွက်ကလေးတွေတောင် လှလှပပကြွေဖို့ အရိပ်လိုသမို့
ငါတို့ ။
ရှူနေတဲ့ လေကိုတောင် စိတ်မချရ
လေ ကိုတောင် လု လုသွားကြတဲ့ အလေအလွင့်တွေ
ကိုယ့်ခြေထောက်ကိုယ် မယုံရဲလို့
လျှောက်နေတဲ့လမ်းကို
မင်းကိုဘယ်သူပိုင်သလဲမေးမေးနေရတ
ထမင်းတစ်လုပ်အတွက်
ထင်းတစ်ခေါက်ခုတ်ရုံ ခေတ်ကိုလွမ်းတယ်လို့
မှတ်ပုံတင်ကဒ်လိမ္မော်ရောင်လေးကု
ခေတ်ကောင်းလို့
မြေကွက်ကြီးတွေ တောင်းခဲ့တာမဟုတ်ပါ
အဲယားကွန်းခန်းကျယ်ကြီးတွေ မဟုတ်ပါ
ကွန်ကရစ်လမ်းကျယ်ကြီးတွေဘေးမှာ မဟုတ်ပါ
ကြွက်တွေတောင် ယောင်လို့ဖြတ်မလျှောက်တဲ့မြောင်
ခွေးတွေတောင် အားနာပါးနာမဟောင်နိုင်တဲ့ အမှိုက်စုတ်တွေဘေးမှာ
အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းနေရတယ်
တရားကို ဖြည်းဖြည်းချင်းရှူသွင်းနေရတယ်
ဓားတွေအောက်မှာ တရားတွေပျောက်တတ်သလားလို့
မှတ်ပုံတင်ကဒ်လိမ္မော်ရောင်လေးကု
သစ်ရွက်ကလေးတွေတောင် လှလှပပကြွေဖို့ အရိပ်လိုသမို့
ငါတို့
ကြွပ်ကြွပ်အိတ်တွေကိုစုထုတ် ခေါင်းအုံးလုပ်ထားတယ်
ရသမျှပိုစတာတွေကို အကာလုပ်ထားတယ်
အရောင်လွင့်တာလဘတ်တွေကို အမိုးလုပ်ထားတယ်
ချောကလက်ရောင်မြေကြီးကို အခင်းလုပ်ထားတယ်
ကဲ....ဘာလိုသေးလဲ
ဖြည်းဖြည်းမေးပါ ငါ့သားရယ် မောနေပါ့မယ်တဲ့
ကမ္ဘာပျက်နေတာမဟုတ်ဘူး
ကမ္ဘာပျောက်နေတာ
ငါတို့ ။ ။
မောင်ရေချမ်း
ဇွန်လ ၊ ၁၈ ၊ ၂၀၁၄ ပဲ့တင်သံဂျာနယ်