Jul 23, 2012

ဘာကြောင့် ဓာတ်ပုံသုံးနေကြသလဲ

ဓာတ်ပုံတွေကို ကိုယ့်သတင်းဌာန တံဆိပ် ထည့်တာတွေ ခေတ်စားနေပြီ။
မထည့်လို့လည်း မဖြစ်ဘူး။
အွန်လိုင်းရောက်သွားရင် ဒီဓာတ်ပုံကို ဘယ်သူပိုင်သလဲ ဆိုတာ ခြေရာပျောက်သွားတတ်လို့ပါ။

တချို့ကလည်း မသိလို့ ခရက်ဒစ် မှားပေးမိတယ်။
တချို့ကလည်း ကိုယ့်ဟာလိုလို လုပ်ပစ်လိုက်တယ်။
စသဖြင့် စသဖြင့်။

ဒီခေတ်မှာ ကင်မရာတွေက အရမ်းပေါတော့ ဓာတ်ပုံတွေလည်း ပေါတယ်။ နာမည်မတပ်လို့ မဖြစ်တော့ဘူး။

တံဆိပ် ထည့်တာတော့ ထည့်ပေါ့လေ။
ကောင်းပါတယ်။
ခုရှင်းမှ နောင်ရှင်းမယ်။

သို့သော်လည်း ကိုယ့်တံဆိပ်ကို အလယ်တည့်တည့်မှာ ထည့်တာမျိုးကတော့ ရုပ်ဆိုးလွန်းပါတယ်။

ဓာတ်ပုံ ထည့်တဲ့ရည်ရွယ်ချက်က ကိုယ့်သတင်း ကိုယ့်စာ ပိုပြီး လေးနက်၊ ဆွဲဆောင်မှုရှိဖို့ ဖြစ်ပါလိမ့်မယ်။

အခုတော့ ရည်ရွယ်ချက်က ကိုယ့်ဓာတ်ပုံ မခိုးဖို့ တလွဲမသုံးဖို့ ဖြစ်နေပါပြီ။

ဂွကျလှတယ်။

ဘယ်လောက် ဂွကျသလဲ ဆိုတာ အထက်က ပုံကိုသာ ကြည့်ဗျာ။

2 comments:

kay said...

Wife တော့ မပါဘူးလား။
အမျိုးသမီး ရေးရာ တိုင်ဖို့ မြှောက်ပေးလိုက်အုံးမယ်။
အော်..မွှားလို့..
ခု အမျိုးသမီးရေးရာတွေ ခေတ်မစားတော့ဘူး
ဂျာနယ် (သို့) ဒီဗွီ မှာ အော်ခိုင်းရမယ်။း))

mabaydar said...

အပေါ်ကပုံကြည့်ပြီး ရီချင်မိတယ်... ဓာတ်ပုံပြချင်သလား သူတို့အဖွဲ့ကြော်ငြာချင်သလားတောင် မကွဲပြားတော့ဘူး...