
သံအမတ်သစ်ကြီး ဒဲရက်မစ်ချယ် ရန်ကုန်လာတော့မယ်။ ဒီအကြောင်း ရန်ကုန်မြို့ ယူအက်စ်သံရုံး Facebook မှာ ကြော်ငြာထိုးလိုက်တော့ ၀ဲကမ်း ၀ဲကမ်း ဆိုပြီး အရမ်း ကြိုဆိုကြောင်း ကော်မန့်တွေ ပေးနေကြပါတယ်။
ဒီလူကြီးလည်း အရင်လူတွေလုပ်တဲ့အလုပ် ဆက်လုပ်ရမှာပါပဲ။
အရင်လူတွေ ဘာလုပ်သလဲ သိချင်ရင် ၀ီကီလိ ကိုသာ မွှေနှောက် ဖတ်ရှုပါလေး)
သံတမန်ဖြစ်ရတာ မလွယ်ပါဘူး။ ထောက်လှမ်းရေးအလုပ်ပဲ လုပ်နေရတာ များပါတယ်။ ကိုယ်တာဝန်ကျတဲ့နိုင်ငံအကြောင်း စုံစမ်း၊ တခြား သံတမန်တွေနဲ့စကားပြောပြီး သတင်းဖလှယ် စကားနှိုက် ၊ သံခင်းတမန်ခင်းကိစ္စများလည်း ဆောင်ရွက် .... အင်း ... မလွယ်ပါလား။ နိုင်ငံတကာမှာ ဗိုလ်ကျချင်တဲ့ အမေရိကန်ရဲ့ သံတမန်တွေဆို ပိုပြီး အလုပ်ရှုပ်ရှာမှာပဲ။
မြန်မာသံတမန်များကတော့ လတ်တလောမှာ ပရိုမိုးရှင်းတွေပဲ လိုက်လုပ်နေရမယ် ထင်တယ်း)
သံတမန်ပညာ ဆိုတာ မွေးရာပါ မဟုတ်ပါဘူး။ သူတို့ကို သင်တန်းမျိုးစုံ ပေးလွှတ်လိုက်တာပါ။
သံတမန် ဆိုလို့ လူသိများတဲ့ ဟာသ တခုကို ပြန်နူးရရင် -
အမျိုးသမီးတယောက်နဲ့ သံတမန်တယောက် ဘယ်လိုကွာခြားသလဲ ဆိုတဲ့ ဟာသ။
သံတမန်တယောက်က ရက်စ် လို့ ပြောတယ်ဆိုရင် တကယ့် ဆိုလိုရင်းက Maybe (ဖြစ်နိုင်ပါတယ်) တဲ့။
ဖြစ်နိုင်ပါတယ် လို့ ပြောရင်တော့ အဲဒီ သံတမန် ဆိုလိုတာက No (ဟင့်အင်း) တဲ့။
တကယ်လို့များ သံတမန် တယောက်က No လို့ ပြောလာရင် ဘယ်လို ဘာသာပြန်ရမလဲ။ ဘယ်လိုမှ ဘာသာပြန်မနေနဲ့ - သံတမန် ဆိုတာ No လို့ ဘယ်တော့မှ မပြောကြဘူး တဲ့။
အဲဒါကတော့ သံတမန်တွေ ပေါ့လေ။
အမျိုးသမီးတွေကရော -
မိန်းမတယောက်က No လို့ ပြောခဲ့ရင် Maybe ဖြစ်နိုင်ပါတယ်ရှင် လို့ ဆိုလိုပါတယ်။
ဖြစ်နိုင်ပါတယ်ရှင် လို့ ပြောလာရင်တော့ အဲဒါ Yes လို့ ဆိုလိုတာပဲ။ (ရှုပ်လာပြီ မဟုတ်လား)
ဒါဆိုရင် Yes လို့ပြောလာရင် ဘယ်လိုနားလည်ရမလဲ။ ဘယ်လိုမှ နားလည် မနေနဲ့ Yes လို့ပြောလာရင် အဲဒါ မိန်းမ မဟုတ်ဘူး တဲ့။
ဟာသလေးကတော့ ဒါပါပဲ။
အနောက်တိုင်းဟာသ ဆိုတော့ အနောက်တိုင်းကိစ္စ၀ိစ္စတွေ ကြားဖူးနားဝရှိမှ ဒီဟာသ ရီရလိမ့်မယ် ထင်ပါတယ်း)ကျနော်လည်း တ၀က်လောက်ပဲ ရီရပါကြောင်း။
2 comments:
အပြည့် ရီ လိုက်ရတယ် :D
အဲ..ကိုရင်ပြောသလိုဖြင့်.. မိန်းမ သံတမန် ဆိုရင်.. No လို့ ဆိုလာရင်.. Yes .. လို့ယူရတော့မယ်ထင့်..ဟိဟိ.။ :)
သုံးပုံ တပုံလောက်ဘဲ ရယ်လိုက်ရတယ်..။
Post a Comment