ကောက်ချိတ်
___________
ငါ့စိတ်ကိုင်းဖျားလေး တဖျတ်ဖျတ်ခါရ
ငါ့အိပ်မက်ထဲ တငွေ့ငွေ့နွေးရ
ခဏလေး ဝေးနေရတာတောင် ငါ့မှာ
မင်းကိုယ်ငွေ့လေးဆီ အပြေးပြန်ချင်မိရ
ဘဝက တိုတိုလေးမို့ ထင်တယ်
ချစ်ရတာ အဆုံးအစ မသိတော့ဘူး ။
ရတုသစ်
04122015
11:25AM
-
-
-
ကောက်ချိတ်ဖတ်စာ
________________
ကောင်းကင်ပြင်တစ်ခုလုံး
မိုးသားတိမ်လိပ် ညိုညိုမှောင် ၊
အလွမ်းကို လှမ်းချူမိတဲ့ တံချူဖျားလေးပါ
မင်း သနပ်ခါးနံ့လေးကို သတိရစိတ်နဲ့ ကိုင်းညွှတ်လို့
လွတ်ထွက်သွားတဲ့ခံစားချက်တွေဟာ
မင်းရှိရာ အရပ်မှာပဲ Location ပြတယ် ၊
မိုးတွေ တအားသည်းနေတယ်
ပြီးတော့ လေတွေလည်း တိုက်တယ်ဆို
လမ်းသွား လမ်းလာ ဂရုစိုက်ဖို့ မှာချင်တယ်
အအေးမိနေမယ့် လေသံတိုးတိုးလေးကို မကြားပါရစေနဲ့ကွယ်
ဖုန်းလိုင်းတွေ မကောင်းဘူး
စကားသံတွေ ထစ်ထစ်နေတယ်
ရန်ဖြစ်ပြီး ပြန်ချစ်ကြတဲ့သူတွေလိုပေါ့
မင်း စိတ်ကောက်ပြေတဲ့အခါ အာဘွားပေးပါ ကောက်ချိတ်!!
အချစ်ဆိုတဲ့ တံဆိပ်က နှိပ်ပြီးရင် မဖျက်ဘဲထားမှ ပိုလှတယ်။
ရတုသစ်
24062015
2:50PM
-
-
-
ကောက်ချိတ်ဖတ်စာ
________________
မခေါ်ဘဲရောက်လာတဲ့မိုးနဲ့
ကိုယ့် အလွမ်းတွေ ပိုပြီး စိုစွတ်ခဲ့ရ ၊
ခဏ ခဏ လွတ်ကျနေတဲ့အမှတ်ရခြင်းတွေဟာ
မင်းဆီပဲ ဦးတည်နေခဲ့တယ်ဆို ယုံမလား
မေးချင်ပေမယ့် မမေးဖြစ်တော့ဘူး ၊
ဝေးဝေးမှာ
စွဲထင်ကျန်နေခဲ့တဲ့နှုတ်ခမ်းရာလေး
ခုလို မိုးအေးအေးဆို သိပ်သတိရတယ်၊
လွမ်းမိတဲ့အကြောင်း ချရေးကြည့်တော့
တိမ်အသေတွေ တဝေါဝေါပြုတ်ကျလာတယ်
တခုတ်တရ လွမ်းနေမိခြင်းတွေပါ ကောက်ချိတ် !
အတိတ်နေ့တွေက သိပ်ဆွေးမြည့်လွန်းတယ်ကွယ်။
ရတုသစ်
10092015
9:40AM
___________
ငါ့စိတ်ကိုင်းဖျားလေး တဖျတ်ဖျတ်ခါရ
ငါ့အိပ်မက်ထဲ တငွေ့ငွေ့နွေးရ
ခဏလေး ဝေးနေရတာတောင် ငါ့မှာ
မင်းကိုယ်ငွေ့လေးဆီ အပြေးပြန်ချင်မိရ
ဘဝက တိုတိုလေးမို့ ထင်တယ်
ချစ်ရတာ အဆုံးအစ မသိတော့ဘူး ။
ရတုသစ်
04122015
11:25AM
-
-
-
ကောက်ချိတ်ဖတ်စာ
________________
ကောင်းကင်ပြင်တစ်ခုလုံး
မိုးသားတိမ်လိပ် ညိုညိုမှောင် ၊
အလွမ်းကို လှမ်းချူမိတဲ့ တံချူဖျားလေးပါ
မင်း သနပ်ခါးနံ့လေးကို သတိရစိတ်နဲ့ ကိုင်းညွှတ်လို့
လွတ်ထွက်သွားတဲ့ခံစားချက်တွေဟာ
မင်းရှိရာ အရပ်မှာပဲ Location ပြတယ် ၊
မိုးတွေ တအားသည်းနေတယ်
ပြီးတော့ လေတွေလည်း တိုက်တယ်ဆို
လမ်းသွား လမ်းလာ ဂရုစိုက်ဖို့ မှာချင်တယ်
အအေးမိနေမယ့် လေသံတိုးတိုးလေးကို မကြားပါရစေနဲ့ကွယ်
ဖုန်းလိုင်းတွေ မကောင်းဘူး
စကားသံတွေ ထစ်ထစ်နေတယ်
ရန်ဖြစ်ပြီး ပြန်ချစ်ကြတဲ့သူတွေလိုပေါ့
မင်း စိတ်ကောက်ပြေတဲ့အခါ အာဘွားပေးပါ ကောက်ချိတ်!!
အချစ်ဆိုတဲ့ တံဆိပ်က နှိပ်ပြီးရင် မဖျက်ဘဲထားမှ ပိုလှတယ်။
ရတုသစ်
24062015
2:50PM
-
-
-
ကောက်ချိတ်ဖတ်စာ
________________
မခေါ်ဘဲရောက်လာတဲ့မိုးနဲ့
ကိုယ့် အလွမ်းတွေ ပိုပြီး စိုစွတ်ခဲ့ရ ၊
ခဏ ခဏ လွတ်ကျနေတဲ့အမှတ်ရခြင်းတွေဟာ
မင်းဆီပဲ ဦးတည်နေခဲ့တယ်ဆို ယုံမလား
မေးချင်ပေမယ့် မမေးဖြစ်တော့ဘူး ၊
ဝေးဝေးမှာ
စွဲထင်ကျန်နေခဲ့တဲ့နှုတ်ခမ်းရာလေး
ခုလို မိုးအေးအေးဆို သိပ်သတိရတယ်၊
လွမ်းမိတဲ့အကြောင်း ချရေးကြည့်တော့
တိမ်အသေတွေ တဝေါဝေါပြုတ်ကျလာတယ်
တခုတ်တရ လွမ်းနေမိခြင်းတွေပါ ကောက်ချိတ် !
အတိတ်နေ့တွေက သိပ်ဆွေးမြည့်လွန်းတယ်ကွယ်။
ရတုသစ်
10092015
9:40AM
No comments:
Post a Comment