ချစ်သူထံသို့၊စာလွှာပို့ရန်
ရေးဖို့ကဗျာ ၊မတတ်သာခဲ့
တွေးကာမြင်ယောင် ၊နတ်သျှင်နောင်သာ
သည်မောင်နားတွင်၊ရှိခဲ့လျှင်သော်...
ချစ်ကြင်သူတွက်၊လင်္ကာခက်နှင့်
တွဲယှက်စုံညီ ၊ စာလွှာစီ၍
ဖွဲသီပေးရန် ၊မောင်တောင်းပန်ချင် ။
ကာရန်အလှ ၊ နု အရွနှင့်
ယုယပိုင်စွာ၊ ချစ်ကဗျာကို
ဖွဲ့ကာပေးရန် ၊မောင်တောင်းပန်ချင် ။
သက်နှံအတွက်၊ ခံစားချက်ကို
ရေးလျှက်စီကာ၊ ဖွဲ့တီတာနှင့်
မှာစာ တမ်းချင်း ၊ရေးဆက်သွင်းဖို့
ရိုင်းပင်းကူရန်၊ မောင်တောင်းပန်ချင် ။
ကြံကြံစည်စည် ၊စိတ်ကူးရည်လည်း
လွမ်းတည်ရစ်စေ ၊ ညလေပြေနှင့်
တေလေစိတ်သာ ၊ရောက်ရောက်လာသည်
မောင့်မှာ လွမ်းရေးခက်သောကြောင့် ။
ရတုသစ်
(13-6-2007 )
(ကဗျာဟောင်းလေးဖြစ်ပါသည်။ ပြန်တွေ့၍ ပြန်တင်လိုက်သည်။ )

ရေးဖို့ကဗျာ ၊မတတ်သာခဲ့
တွေးကာမြင်ယောင် ၊နတ်သျှင်နောင်သာ
သည်မောင်နားတွင်၊ရှိခဲ့လျှင်သော်...
ချစ်ကြင်သူတွက်၊လင်္ကာခက်နှင့်
တွဲယှက်စုံညီ ၊ စာလွှာစီ၍
ဖွဲသီပေးရန် ၊မောင်တောင်းပန်ချင် ။
ကာရန်အလှ ၊ နု အရွနှင့်
ယုယပိုင်စွာ၊ ချစ်ကဗျာကို
ဖွဲ့ကာပေးရန် ၊မောင်တောင်းပန်ချင် ။
သက်နှံအတွက်၊ ခံစားချက်ကို
ရေးလျှက်စီကာ၊ ဖွဲ့တီတာနှင့်
မှာစာ တမ်းချင်း ၊ရေးဆက်သွင်းဖို့
ရိုင်းပင်းကူရန်၊ မောင်တောင်းပန်ချင် ။
ကြံကြံစည်စည် ၊စိတ်ကူးရည်လည်း
လွမ်းတည်ရစ်စေ ၊ ညလေပြေနှင့်
တေလေစိတ်သာ ၊ရောက်ရောက်လာသည်
မောင့်မှာ လွမ်းရေးခက်သောကြောင့် ။
ရတုသစ်
(13-6-2007 )
(ကဗျာဟောင်းလေးဖြစ်ပါသည်။ ပြန်တွေ့၍ ပြန်တင်လိုက်သည်။ )

No comments:
Post a Comment