ကျွန်တော်တို့  အထက်တန်းကျောင်းသားဘဝတွေတုံးက အရမ်းကို ခရေဇီ ဖြစ်ခဲ့တယ့် အဆိုတော် ဇော်ဝင်းထွဋ္ဋ် ရဲ့ ရွက်လွှင့်ခြင်း ဆိုတဲ့ ဒီသီချင်းဟာ အခု ကျွန်တော်တို့  ဘဝတွေနဲ့  တစ်ထပ်ထဲ နီးပါး ဖြစ်နေပါတယ်။ အထူးသဖြင့် နိုင်ငံခြားမှာ ရောက်နေတယ့် ကျွန်တော်တို့  မြန်မာတွေ အဖို့ ပိုပြီး ထပ်တူကျ နေ တာ တွေ့ ရပါတယ်။
ကျွန်တော်တို့ ဟာ မမြင်ရတဲ့ အနာဂတ် နှင့်အတူ ဒီလောကကြီး ထဲ ရွက်လွှင့်နေရတာပါ။ တခါတရံမှာ ကံကောင်းနေတက်ပြီးတော့ တခါတရံ ဆုံးရှုံးခြင်း များစွာကို ရင်ဆိုင်ရတက်တယ်။ ကံကောင်းတဲ့အခါ မှာ
ပျော်ရွှင်သလို ကံဆိုးတဲ့ အခါ ခံနိုင်ရည်ရှိအောင် ကြိုးစားနိုင်ရပါမှ ဒီပင်လယ်ကြီးထဲ ရွက်လွှင့်နိုင်မှာပါ။
ထို့ အတူ ရွက်လွှင့်ရာလမ်းတလျှောက် ဦးတည်ရာတူသူခြင်း စုဖွဲ့ ပြီးတော့ ရွက်လွှင့်နေကြမှာပါ။
တခါတရံ တူညီတဲ့ အစုအဖွဲ့  ကနေတစ်ချို့ တွေ ခွဲထွက်သွားကြပြီး တစ်ချို့ တွေ လာရောက်ပေါင်းစည်းကြတယ်
ဘာဘဲဖြစ်ဖြစ် အားလုံးဟာ ရွက်လွှင့်နေရဆဲပါ ဘဲ.....................။
4 comments:
ရွက်လွှင့်တယ် ပြောပြီး တိမ်ထဲမှာ လေယာဉ်ကြီး စီးလို့...။
Word Verification ကို ဖြုတ်လိုက်ရင် ကောင်းမယ် ထင်တယ်။
ထောက်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်
သီချင်းလင့်ကလေးပါထည့်လိုက်တာ မဟုတ်ဘူး.တစ်ခါတည်းခံစားသွားလို့ရတယ။်
ဟုတ်ပါတယ် ရွက်လွှင့်ခြင်း သီချင်းနဲ့ အတော် တိုက်ဆိုင်ပါတယ်
Post a Comment