iOS 17 တွင်ထပ်တိုးလာသည့်အသစ်အဆန်းများ
StandBy။ အားသွင်းထားစဉ် အရေးကြီးအချက်အလက်များအား အဝေးမှ လှမ်းကြည့်ရန် သင့် iPhone ကို ဘေးတစ်စောင်းထားပါ။ သင့် iPhone ကို အိပ်ရာဘေးနာရီအဖြစ် ပြောင်းလဲနိုင်ပြီး ဓာတ်ပုံများကြည့်ခြင်း၊ သီချင်းများကို ထိန်းချုပ်ခြင်း၊ စသည်တို့ကို လုပ်နိုင်သည်။ iPhone ကို အားသွင်းထားချိန်အတွင်း အချက်အလက်များကို အဝေးမှ ကြည့်နိုင်ရန် StandBy ကိုအသုံးပြုခြင်း ကိုကြည့်ပါ။
အပြန်အလှန်တုံ့ပြန်နိုင်သော အလွယ်သုံးပုံစံများ။ Home ဖန်သားပြင်၊ သော့ပိတ်ထားသည့်ဖန်သားပြင်နှင့် StandBy ပေါ်ရှိ အလွယ်သုံးပုံစံများသည် အပြန်အလှန်တုံ့ပြန်မှုနှင့် ပို၍ပင် အသုံးဝင်သည်။ လုပ်ရမည့်အရာတစ်ခုကို စစ်ဆေးခြင်း၊ သင့်ဧည့်ခန်းမီးများကိုထိန်းချုပ်ခြင်း သို့မဟုတ် အသံဖိုင်အပိုင်းသစ်တစ်ခု ဖွင့်ခြင်းကဲ့သို့ တာဝန်များကို ပြီးမြောက်ရန် အလွယ်သုံးပုံစံတစ်ခုကိုသာ နှိပ်လိုက်ပါ။ iPhone တွင် အလွယ်သုံးပုံစံများ ထည့်ခြင်း၊ တည်းဖြတ်ခြင်း နှင့် ဖယ်ရှားခြင်း ကိုကြည့်ပါ။
Contact Posters။ သင် ဖုန်းခေါ်ဆိုလိုက်သည့်အခါ အခြားသူများ မြင်ရမည့် သီးသန့်ဖန်သားပြင်တစ်ခုကို ဖန်တီးပါ။ ဖုန်းခေါ်ဆိုသောအခါတွင် သင်ခေါ်ဆိုနေသောသူ၏ ဖန်သားပြင်ပေါ်တွင် သင့် Contact Poster ပေါ်လာပါသည်။ သင်၏ ဓာတ်ပုံနှင့် ပိုစတာကို ထည့်ခြင်း သို့မဟုတ် ပြုပြင်ခြင်း ကိုကြည့်ပါ။
Live Voicemail။ သင်လက်ခံရရှိသည့် ဖုန်းခေါ်ဆိုမှုသည် voicemail သို့ ရောက်သွားသည့်အခါ မက်ဆေ့၏ live transcript ကို မှတ်တမ်းယူထားသည့်အတိုင်း ကြည့်၍ ခေါ်ဆိုမှုအတွက် အကြောင်းအရာကို သင့်ထံ ချက်ချင်းပေးသည်။ ၎င်းသည် သင်ဖြေရှင်းလိုသည့် တစ်စုံတစ်ရာ ဖြစ်ပါက ဖုန်းခေါ်ဆိုမှုကို ကိုင်လိုက်နိုင်သည် (အမေရိကန်နှင့် ကနေဒါနိုင်ငံအတွက်သာ)။ Live Voicemail ကိုဖွင့်ခြင်း ကိုကြည့်ပါ။
စတစ်ကာများ။ သင့်ဓာတ်ပုံများ၊ ဖန်သားပြင်ပုံရိပ်များ၊ စသည်တို့ကို အလှဆင်ရန် Stickers ကို အသုံးပြုပါ။ ဖန်သားပြင်ပေါ် ရှိ စာရိုက်ခလုတ်ခုံ သို့မဟုတ် Markup ကိရိယာများတွင် မည်သည့်နေရာတွင်မဆို စတစ်ကာများကို ပေါင်းထည့်ပြီး အသုံးပြုနိုင်သည်။ Messages ထဲရှိ Memoji မှ စတစ်ကာများဖန်တီးခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်ဓာတ်ပုံများ သို့မဟုတ် Live Photos မှ စတစ်ကာများပြုလုပ်ပါ။ iPhone ရှိ Messages တွင် စတစ်ကာများပေးပို့ခြင်း၊ စတစ်ကာများနှင့်အလှဆင်ခြင်းနှင့် iPhone တွင် သင့်ဓာတ်ပုံများမှ စတစ်ကာများ ပြုလုပ်ခြင်း တို့ကိုကြည့်ပါ။
Journal။ (iOS 17.2) ဂျာနယ်သည် နေ့စဉ်မှတ်တမ်းရေးသည့် အလေ့အထကို အလွယ်တကူရနိုင်စေသည်။ ဂျာနယ်သည် အဖွဲ့လိုက် အပျော်ခရီးထွက်ခြင်း၊ ဓာတ်ပုံများ၊ လေ့ကျင့်ခန်းများနှင့် အစရှိသည်တို့ကို အကြံပြုပေးထားပြီး အထူးလှုပ်ရှားမှုများ သို့မဟုတ် နေ့စဉ်လုပ်ဆောင်ချက်များကို မှတ်မိရန်နှင့် ပြန်လည်ထင်ဟပ်နေစေရန် ကူညီပေးသည်။ သင်၏ ရေးသွင်းချက်များထဲသို့ ဓာတ်ပုံများ၊ ဗီဒီယိုများ သို့မဟုတ် အသံဖိုင်များကို ထည့်နိုင်ပြီး နောက်မှ ပြန်လည်ကြည့်ရှုရန် အရေးကြီးသော ရေသွင်းချက်များကို bookmark ပြုလုပ်နိုင်သည်။ iPhone ပေါ်တွင် ဂျာနယ်နှင့်စတင်ခြင်း ကိုကြည့်ပါ။
မက်ဆေ့ခ်ျများ။ သင့် iPhone သည် သတ်မှတ်နေရာသို့ ဘေးကင်းကင်းဖြင့်ရောက်သည့်အခါ သူငယ်ချင်းတစ်ဦး သို့မဟုတ် မိသားစုဝင်တစ်ဦးကို အသိပေးရန် Check In ကိုအသုံးပြုပါ။ ထို့အပြင် Messages စကားပြောဆိုမှုတစ်ခုထဲတွင် သင့်တည်နေရာကို မျှဝေနိုင်ခြင်း သို့မဟုတ် သူငယ်ချင်း၏ တည်နေရာကိုတောင်းဆိုခြင်းတို့ လုပ်နိုင်ပါသည်။ အသံမက်ဆေ့ချ်များကို ယခုအခါ ကူးယူဖော်ပြထားသောကြောင့် ၎င်းတို့ကို ယခုအချိန်တွင် ဖတ်နိုင်ပြီး နောက်ပိုင်းတွင် နားထောင်နိုင်သည်။ သင်၏ ရှာဖွေမှုနယ်ပယ်ကျဥ်းသွားစေရန် စစ်ထုတ်ကိရိယာများကို ပေါင်းခြင်းဖြင့် သင်ရှာဖွေနေသည့် မက်ဆေ့ချ်များကို ပိုမိုမြန်မြန်ရှာဖွေပါ။ သင်ရောက်ရှိကြောင်း သင့်သူငယ်ချင်းများကို အသိပေးရန် iPhone တွင် Check In အသုံးပြုခြင်း၊ iPhone တွင် Messages အတွင်း သင့်တည်နေရာကိုမျှဝေခြင်း၊ iPhone ရှိMessages ထဲတွင် အသံမက်ဆေ့ချ်များကို ပေးပို့ခြင်းနှင့်ရယူခြင်း၊ နှင့် iPhone ရှိ Messages တွင် ရှာဖွေခြင်းကိုကြည့်ပါ။
စာရိုက်ခလုတ်ခုံ။ အပြောင်းအလဲဖြစ်သွားသည့် စကားလုံးများကို သင် သိရှိစေရန် အလိုအလျောက်ပြင်ထားသည့် စကားလုံးများကို ခေတ္တမျဥ်းသားပေးထားပြီး တစ်ချက်နှိပ်ရုံဖြင့် မူလစကားလုံးသို့ သင် ပြန်ပြီးပြောင်းလဲနိုင်ပါသည်။ သင်စာရိုက်သည့်အခါ ကြိုတင်ခန့်မှန်းပေးထားသည့် စာသားသည် မက်ဆေ့အတွင်းပေါ် လာပြီး—စာလုံးတစ်လုံး သို့မဟုတ် စာကြောင်းတစ်ကြောင်းပြီးဆုံးသွားရန် Space ဘားကိုသာ နှိပ်လိုက်ပါ (နိုင်ငံများ သို့မဟုတ် ဒေသများအားလုံးတွင် မရနိုင်ပါ)။ ဖန်သားပြင်ရှိစာရိုက်ခလုတ်ခုံကို အသုံးပြု၍ စာရိုက်ထည့်ခြင်းနှင့်iPhone တွင် ကြိုတင်မှန်းဆထားသည့် စာသားကို အသုံးပြုခြင်း ကိုကြည့်ပါ။
FaceTime။ သင်၏ FaceTime ခေါ် ဆိုမှုကို တစ်စုံတစ်ယောက်က မထူးလျှင် သင်သည် ယခုအခါ သူတို့ကို အသံမက်ဆေ့ချ် သို့မဟုတ် ဗီဒီယိုမက်ဆေ့ချ် ချန်ခဲ့နိုင်ပြီဖြစ်ပါသည်။ FaceTime ခေါ် ဆိုနေချိန်အတွင်း အသဲပုံ၊ confetti နှင့် ဖန်သားပြင်ကို အပြည့်ဖြစ်သွားစေမည့် မီးပန်းကဲ့သို့ တုံ့ပြန်မှုများဖန်တီးရန် လက်ဟန်များကို အသုံးပြုပါ။ သင့် iPhone နှင့် Apple TV ကြား FaceTime ခေါ် ဆိုမှုများကို လွှဲပြောင်းခြင်း။ ဗီဒီယို မက်ဆေ့တစ်ခုကို ရိုက်ကူးခြင်း၊ ဗီဒီယိုမက်ဆေ့ သို့မဟုတ် Live Voicemail ကို နားထောင်ပါ၊ ဗီဒီယိုခေါ်ဆိုမှုအတွင်း တုံ့ပြန်မှုများ ထည့်ခြင်း၊ နှင့် သင့် iPhone မှ FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုကို သင်၏အခြားApple စက်ပစ္စည်းတစ်ခုသို့ လွှဲပြောင်းခြင်းကိုကြည့်ပါ။
AirDrop။ ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ နှင့် NameDrop ပါသည့် Contact Posters ကို လဲလှယ်ရန် တခြားသူအနားတွင် သင်၏ iPhone ကို ကိုင်ထားပါ။ ထို့အပြင် AirDrop လွှဲပြောင်းခြင်းကို စတင်နိုင်သည် သို့မဟုတ် ဖုန်းနှစ်လုံးကို အတူတကွထားသည့်အခါ SharePlay ကဏ္ဍကိုစတင်နိုင်သည်။ သင်၏ အဆက်အသွယ်အချက်အလက်ကို မျှဝေရန် iPhone ရှိ NameDrop ကိုအသုံးပြုပါ၊ iPhone တစ်လုံးနှင့်တစ်လုံး နီးကပ်စွာ ထားရှိပြီး ဓာတ်ပုံများနှင့် ဗီဒီယိုများ မျှဝေခြင်းနှင့် iPhone နှစ်လုံးကို အတူနီးကပ်စွာကိုင်ထားပြီး SharePlay session ကို စတင်ပါ တို့ကိုကြည့်ပါ။
AirPlay။ (iOS 17.3) သင့်ဟိုတယ်အခန်းထဲရှိ ရုပ်မြင်သံကြားမှ သင်၏ အကြိုက်ဆုံး ရှိုးများကို ကြည့်ရန်၊ သီချင်း နားထောင်ရန် သို့မဟုတ် သင်၏ အပန်းဖြေဓာတ်ပုံများကို ကြည့်ရန် အထူးဟိုတယ်ခန်းများတွင် AirPlay ကို သုံးပါ (သီးသန့် ဟိုတယ်ခန်းများတွင် အသုံးပြုနိုင်သည်)။ သင်၏ ဟိုတယ်အခန်းတွင် AirPlay ကို အသုံးပြုခြင်း ကိုကြည့်ပါ။
မြေပုံများ။ မြေပုံတစ်ခု၏ ဧရိယာတစ်ခုကို သင့် iPhone တွင်သိမ်းဆည်းပြီး ၎င်းကို အော့ဖ်လိုင်းတွင် စူးစမ်းရှာဖွေပါ။ လျှပ်စစ်ကားကို မောင်းနှင်သည့်အခါ နှစ်သက်သည့် အားသွင်းကွန်ရက်ကို ရွေးချယ်ပြီး အချိန်နှင့်တစ်ပြေးညီအားသွင်းနိုင်သည့်ရုံ ရနိုင်လားကြည့်ပါ။ iPhone တွင် အင်တာနက်လိုင်းမဲ့ Maps ကိုဒေါင်းလုတ်ရယူခြင်းနှင့်iPhone ရှိ Maps အတွင်း လျှပ်စစ်ယာဥ်သုံးလမ်းကြောင်းရှာဖွေမှုစနစ် တပ်ဆင်ခြင်း ကိုကြည့်ပါ။
Visual Look Up။ သင်၏ ဗီဒီယိုများနှင့် ဓာတ်ပုံများတွင် Visual Look Up ကိုအသုံးပြုရန် ဗီဒီယိုကို မည်သည့်ဖရိန်တွင်မဆို ခေတ္တရပ်ထားပါ။ Visual Look Up သည် ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုအတွင်းမှ အစားအသောက်ကို ခွဲခြားသတ်မှတ်နိုင်ပြီး ဆက်စပ်သော ချက်ပြုနည်းများကို အကြံပြုနိုင်သည်။ ဓာတ်ပုံ၏နောက်ခံမှ သင် မ တင်ထားသည့် အရာဝတ္ထုများအတွက် Visual Look Up အချက်အလက်ကိုလည်း ရနိုင်ပါသည်။ iPhone တွင် သင့်ဓာတ်ပုံများနှင့် ဗီဒီယိုများရှိ အရာဝတ္ထုများကို အမျိုးအစားခွဲခြားရန် Visual Look Up ကိုအသုံးပြုခြင်း ကိုကြည့်ပါ။
ဓာတ်ပုံများ။ iPhone သည် People & Pets အယ်လ်ဘမ်ထဲက သူငယ်ချင်းတစ်ဦး သို့မဟုတ် မိသားစုဝင်တစ်ဦးကဲ့သို့ အိမ်မွေးတိရစ္ဆာန်များကို မှတ်သားပြီး အမျိုးအစားခွဲပေးသည်။ Portrait ဓာတ်ပုံတစ်ပုံကို သင်တည်းဖြတ်သည့်အခါ focus point အသစ်ကို ရွေးချယ်ပါ။ သင်၏ ဓာတ်ပုံစုစည်းမှုထဲက မည်သည့်ဓာတ်ပုံကိုမဆို အမှတ်ရတစ်ခုထဲသို့ ပေါင်းထည့်ပြီး အမှတ်တရာအတွင်း ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပြန်ပြီးစီပါ။ iPhone ရှိ ဓာတ်ပုံများတွင် လူများနှင့် အိမ်မွေးတိရစ္ဆာန်များကို ခွဲခြားသတ်မှတ်ခြင်း၊ portrait ဓာတ်ပုံတစ်ပုံ၏ ဆုံချက်နေရာကို ပြောင်းလဲခြင်းနှင့် iPhone ရှိ Photos တွင်သင့်အမှတ်တရများကို ကိုယ်ပိုင်သီးသန့်ဖန်တီးခြင်း တို့ကိုကြည့်ပါ။
Health။ စိတ်ခံစားမှုကို သိရှိရန်နှင့် ကြံ့ကြံ့ခံနိုင်ရန် သင်၏စိတ်အခြေအနေကိုလည်း ဆက်လက်ခြေရာခံခြင်း။ သင်သည် စိတ်ကျန်းမာရေးအရင်းအမြစ်များ၊ ဆောင်းပါးများကို ဝင်ရောက်ဖတ်နိုင်ပြီး ဆရာဝန်နှင့် သင်ဆွေးနွေးသင့်လားကို ဆုံးဖြတ်ပေးရန် သင်ခံစားချက်များကို စံချိန်မီအကဲဖြတ်မှုများကိုလည်း ကြည့်ရှုနိုင်ပါသည်။ သင့်စိတ်အခြေအနေကို iPhone ပေါ်မှ Health တွင်မှတ်တမ်းသွင်းခြင်းနှင့်iPhone ပေါ် ရှိ Health တွင် စိတ်ကျန်းမာရေး အကဲဖြတ်စစ်ဆေးမှုတစ်ခုကို ခံယူခြင်း ကိုကြည့်ပါ။
ကိုယ်ခန္ဓာကြံ့ခိုင်ရေး။ ပြန်ပြီးဒီဇိုင်းထွင်ထားသည့် Sharing တက်ဘ်သည် ကိုယ်လက်လေ့ကျင့်ခန်းစွမ်းဆောင်ရည်များနှင့် ဆုတံဆိပ်များကဲ့သို့ သူငယ်ချင်းများ၏လှုပ်ရှားမှုများကို အသားပေးဖော်ပြထားသည်။ Apple Fitness+ ထဲရှိ Custom Plan ဖြင့် သင်အတိအကျလိုချင်သည့်အပေါ် အခြေခံပြီး ကိုယ်လက်လေ့ကျင့်ခန်းနှင့် တရားထိုင်ခြင်း အစီအစဥ်တစ်ခုကို ဖန်တီးပါ။ iPhone ရှိ Fitness တွင် သင့်လုပ်ဆောင်မှုကို မျှဝေခြင်းနှင့်iPhone တွင် Apple Fitness+ အတွင်း စိတ်ကြိုက်အစီအစဉ်တစ်ခုဖန်တီးခြင်း ကိုကြည့်ပါ။
ဖန်သားပြင် အကွာအဝေး။ Screen Time ထဲရှိ ဖန်သားပြင်အကွာအဝေးလုပ်ဆောင်ချက်နှင့်ဆိုလျှင် သင်၏ အမြင်အာရုံကို ကူညီကာကွယ်ပေးနိုင်သည်၊ ၎င်းသည် အကယ်၍ သင်က iPhone ကို အချိန်အတော်ကြာကြာအထိ 12 လက်မထက်ပို၍နီးကပ်စွာ ကိုင်ထားလျှင် ခပ်ဝေးဝေးသို့ ရွှေ့ရန် တိုက်တွန်းအားပေးထားသည်။ iPhone တွင် Screen Distance ဖြင့် သင့်မျက်စိကျန်းမာရေးကို ကာကွယ်ခြင်း ကိုကြည့်ပါ။
Safari။ သင်ရှာဖွေမှုကို သီးသန့်ထားရန်—အလုပ်နှင့် ကိုယ်ရေးကိုယ်တာကဲ့သို့—အကြောင်းအရာအမျိုးမျိုးအတွက် ပရိုဖိုင်အမျိုးမျိုးအသုံးပြုပါ။ Mail တွင် သင်ရရှိသည့် အလိုအလျောက်ဖြည့်ပေးသည့် အတည်ပြုချက်ကုတ်များကို အလိုအလျောက်ထုတ်ပေးသောကြောင့် ၎င်းတို့ကိုထည့်ရန် Safari ကထွက်စရာမလိုပါ၊ သင်သည် ယုံကြည်စိတ်ချရသည့် သူငယ်ချင်းများနှင့် မိသားစုများနှင့် အကောင့်များ စီမံရန် လျှို့ဝှက်ကုတ်များကို မျှဝေနိုင်သည်။ iPhone တွင် Safari ပရိုဖိုင်များစွာကို ဖန်တီးခြင်းနှင့်iPhone တွင် လျှို့ဝှက်နံပါတ်များ သို့မဟုတ် လျှို့ဝှက်ကုဒ်များကို သင်ယုံကြည်ရသူများနှင့် မျှဝေခြင်း ကိုကြည့်ပါ။
သီးသန့်တည်ရှိမှုနှင့်လုံခြုံရေး။ AirDrop၊ Contact Posters၊ systemwide photo picker နှင့် FaceTime မက်ဆေ့ချ်များတွင် ပေးပို့ထားခြင်း နှင့်လက်ခံရရှိထားသော အကြောင်းအရာများအပါအဝင် အထိခိုက်မခံသည့် ဗီဒီယိုများနှင့် ဓာတ်ပုံများနှင့်ပတ်သက်ပြီး ကာကွယ်ခြင်းများကို Communication Safety တွင် ပါလာပြီဖြစ်ပါသည်။ Sensitive Content Warning ကိုအသုံးပြုပြီး ထိုသို့ အထိအခိုက်မခံသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မကြည့်မီ ၎င်းတို့ကို ဝါးထားရန် ရွေးချယ်နိုင်ပြီဖြစ်ပါသည်။ Lockdown မုဒ်သို့ တိုးမြှင့်ထားခြင်းသည် ခေတ်မီဆန်းပြားသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ရာတွင် အထောက်အကူပြုပါသည်။ iPhone တွင် ထိလွယ်ရှလွယ်သော အကြောင်းအရာနှင့်ပတ်သက်သည့် သတိပေးချက်များကို လက်ခံခြင်းနှင့်Lockdown မုဒ်ဖြင့် ဆိုက်ဘာတိုက်ခိုက်မှုမှ သင့် iPhone ကို ပိုမိုကာကွယ်ခြင်း ကိုကြည့်ပါ။
အသုံးပြုရလွယ်ကူခြင်း။ Personal Voice သည် စကားမပြောနိုင်သည့် လူများကို သူတို့အသံနှင့်တူသည့် အသံတစ်ခုကို ဖန်တီးပေးကာ ကူညီပေးပြီး ဖုန်းခေါ် ဆိုမှုများနှင့် စကားပြောဆိုမှုများတွင် ပြောဆိုဆက်သွယ်နိုင်ရန် Live Speech နှင့် ၎င်းကို အသုံးပြုနိုင်ပါသည်။ Point and Speak သည် မျက်စိမမြင်သူ သို့မဟုတ် အမြင်အာရုံအားနည်းသည့် လူများအတွက် စာသားအညွှန်းများရှိသည့် ရုပ်ဝတ္ထုများနှင့် အပြန်အလှန်ဆက်သွယ်ရန်အတွက် ပိုပြီးလွယ်ကူစေပါသည်။ iPhone တွင် သင့်ကိုယ်ပိုင်အသံကိုဖမ်းယူခြင်း ကိုကြည့်ပါ။
မှန်ဘီလူး။ Point and Speak သည် မျက်စိမမြင်သူ သို့မဟုတ် အမြင်အာရုံအားနည်းသည့် လူများအတွက် စာသားအညွှန်းများရှိသည့် ရုပ်ဝတ္ထုများနှင့် အပြန်အလှန်ဆက်သွယ်ရန်အတွက် ပိုပြီးလွယ်ကူစေပါသည်။ iPhone ရှိ Magnifier ကို အသုံးပြု၍ သင့်ပတ်ဝန်းကျင်ရှိ စာနှင့် အညွှန်းများကို အသံထွက်ဖတ်ခြင်း ကိုကြည့်ပါ။
သတိပေးချက်များ။ Grocery Lists သည် ဈေးဝယ်ရာတွင် ပိုမိုလွယ်ကူစေရန် ပစ္စည်းများကို အမျိုးအစားအလိုက် အလိုအလျောက် ခွဲစီသည်။ စာရင်းများကို ခေါင်းစဥ်များဖြင့် ကဏ္ဍများ ခွဲထားနိုင်ပြီး Column View အသစ်က သင်၏ တာဝန်များကို သင်မြင်တွေ့စေရန် ကဏ္ဍများကို ဘေးချင်းကပ်ပြီး စီစဥ်ပေးထားပါသည်။ iPhone ရှိ Reminders ထဲတွင် ကုန်စုံစာရင်းတစ်ခုလုပ်ခြင်း ကိုကြည့်ပါ။
မှတ်စုများ။ သင်၏ မှတ်စုထဲတွင် PDFs နှင့် presentations စကင်န်များ၊ အဆိုင်းမန့်များ၊သုတေသနစာတမ်းများအစရှိသည်တို့ကို အလွယ်တကူသုံးသပ်နိုင်ပါသည်။ ခရီးစဉ်တစ်ခုနှင့် အကြံပြုထားသော စားသောက်ဆိုင်များစာရင်းကဲ့သို့ ဆက်စပ်မှတ်စုများကို ချိတ်ဆက်ရန် လင့်များလည်း ထည့်နိုင်သည်။ iPhone ထဲရှိ Notes တွင် PDFs နှင့် အလုပ်လုပ်ခြင်းနှင့်iPhone ရှိ Notesတွင် လင့်ခ်များ ထည့်ခြင်း ကိုကြည့်ပါ။
Freeform။ ရေဆေး ဘရပ်ရှ်၊ လက်ရေးလှဘောပင်၊ ဟိုက်လိုက်မင်၊ variable-width pen နှင့် ပေတံများကဲ့သို့ ပုံဆွဲကိရိယာအသစ်များကို အသုံးပြုပြီး တစ်ဖက်တွင်း ဘုတ်ပေါ် တွင် ဦးနှောက်ကို အလုပ်ပေးထားပါ။ iPhone ရှိ Freeform ဘုတ်ပြားတစ်ခုတွင် ပုံဆွဲခြင်း သို့မဟုတ် လက်ရေးဖြင့် ရေးခြင်း ကိုကြည့်ပါ။
Find My။ AirTags နှင့် အခြား Find My အမျိုးအစားများကို တခြားလူငါးဦးအထိ မျှဝေခြင်း။ သင်မျှဝေလိုက်သည့် လူတိုင်းသည် ၎င်းအမျိုးအစားကို ခြေရာခံနိုင်ပြီး အသံဖွင့်နိုင်ပါသည်။ သင်တွေ့ရန် ကြိုးစားနေသည့်လူကို ရှာဖွေရန် လမ်းညွှန်ချက်များကို ရယူလိုက်ပါ။ iPhone ရှိ Find My တွင် AirTag သို့မဟုတ် အခြားအမျိုးအစားတစ်ခုကို မျှဝေခြင်းနှင့်သူငယ်ချင်းတစ်ယောက်နှင့် တွေ့ဆုံရန် iPhone 15 ရှိ Precision Finding ကိုအသုံးပြုပါ ကိုကြည့်ပါ။
သတင်း။ Apple News+ စာရင်းသွင်းသူများသည် News အက်ပ်တွင် နေ့စဥ် Quartiles ဉာဏ်စမ်းပဟေဠိ များ ပြုလုပ်နိုင်သလို Podcasts အက်ပ်တွင်လည်း Apple News+ အသံဖိုင်ဇာတ်လမ်းများကို ရယူနိုင်ပါသည်။ iPhone ရှိ Apple Newsတွင် ဉာဏ်စမ်းပဟေဠိများကိုဖြေရှင်းခြင်းနှင့်iPhone ရှိ Podcasts တွင် စာရင်းသွင်းထားသူသီးသန့် အကြောင်းအရာကို နားထောင်ခြင်း ကိုကြည့်ပါ။
Home။ Activity History သည် တံခါးကို ပိတ်သည့် သို့မဟုတ် ဖွင့်သည့်လူ—နှင့် အချိန်ကို သင်မြင်အောင် ပြသပေးပါသည်။ ၎င်းသည် ကားဂိုထောင်တံခါးများ၊ ထိတွေ့ဆင်ဆာများနှင့် သင်၏ လုံခြုံရေးစနစ်အတွက် လတ်တလောလှုပ်ရှားမှုကို ပြသနိုင်ပါသည်။ လုပ်ဆောင်မှုမှတ်တမ်းကိုကြည့်ခြင်း ကိုကြည့်ပါ။
iOS 17 အတွက်လှည့်ကွက်များကိုလေ့လာခြင်း Tips အက်ပ်သည်အကြံပြုချက်အသစ်များကို မကြာခဏဖြည့်ပေးသောကြောင့်သင်၏ iPhone မှအများဆုံးရရှိနိုင်သည်။ အကြံပြုချက်များရယူခြင်း ကို ကြည်ပါ။
မှတ်စု အင်္ဂါရပ်အသစ်များနှင့်အက်ပ်စ်များသည် သင့် iPhone အမျိုးအစား၊ ဒေသ၊ ဘာသာစကားနှင့်သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီပေါ်မူတည်ပြီးပြောင်းလဲနိုင်သည်။