ဒီနေ့က နှစ်ပေါင်း
၁ဝဝ အတွင်း အထူးခြားဆုံးနေ့ပါ
လူတိုင်း
ကိုယ့်အသက်နဲ့ ကိုယ်မွေးတဲ့နှစ် ပေါင်းရင် ၂ဝ၁၇ ရတယ်လို့
တချို့က အတည်ပေါက်
နောက်နေကြတယ်။
ငါတို့ဆီမှာတော့
ဒီတွက်နည်းက လူတိုင်းအတွက် အလုပ်မဖြစ်ဘူး... မြန်မာသက္ကရာဇ်ကိုပဲသုံးတဲ့သူ မနည်းမနောပါ။
ငါရောက်ဖူးတဲ့ ကျေးလက်ဒေသတွေဆိုရင် စက်တင်ဘာ အောက်တိုဘာ မသုံးဘူး၊ သီတင်းကျွတ် တန်ဆောင်မုန်း အသုံးများ၊ လဆန်း လကွယ် အသုံးများကြတယ်။
ငါတို့ဆီမှာ
မြန်မာသက္ကရာဇ်၊ မြန်မာလ သုံးတဲ့သူ ပိုများကောင်း များနိုင်တယ်။
စပ်မိလို့ ပြောရရင်... ငါ့မိန်းမက အခုမှ ကမ္ဘာဆန်လာတာ။ မြန်မာဆန်မှု လျော့လာပြီ။
ခါတိုင်း
မြန်မာပြက္ခဒိန်အတိုင်း နေထိုင်ပြောဆိုတော့ သူ့မွေးနေ့တို့ ဘာတို့ကို သူ သတိထားမိတယ်။
အခု... ကမ္ဘာဆန်လာတော့ မြန်မာပြက္ခဒိန် အသုံးလျော့လာတယ်၊ ရုံးဝန်ထမ်းအလုပ်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စပြီး လုပ်ခဲ့တော့ အင်္ဂလိပ်လ စက်တင်ဘာ အောက်တိုဘာတို့နဲ့ အသားကျလာတယ်။
အသားကျလာပေမယ့် အတိတ်ကို အပ်ဒိတ် လုပ်ဖို့ ခက်တယ်၊ မွေးသက္ကရာဇ်ပြော ဆိုရင် မြန်မာနှစ်ပဲ ပြောနိုင်တယ်။ လနဲ့ရက် မေးလိုက်ရင်လည်း အဲဒီလိုပဲ။ ကမ္ဘာသုံးပြက္ခဒိန်အတိုင်းပြော … ဆိုရင် … မဖြေနိုင်တော့ဘူး။ နှစ် ၁ဝဝ ပြက္ခဒိန် လက်ထဲ မရောက်မချင်း သူ ဖြေနိုင်မယ် မထင်။ မွေးနေ့၊ လ၊ နှစ် တို့ကို အလွတ်မရ။
မွေးနေ့ပွဲလုပ်တဲ့ဓလေ့လည်း
မရှိ၊ မြန်မာပြက္ခဒိန်လည်း အသုံးကျဲ ဆိုတော့... သူ့မွေးနေ့ကို ခပ်တည်တည်ပဲ သူကျော်သွားလေ့ရှိတယ်။
ပြီးမှ ဟာ... ပြီးခဲ့တဲ့လ ဘယ်နှစ်ရက်နေ့ဟာ ငါ့မွေးနေ့ပဲ လို့ ပြောတတ်တယ်။
သူ့မွေးနေ့
သူသတိမထားမိတာ ကောင်းတယ်။ မေ့ထားတာ ကောင်းတယ်။
သူ့ဘတ်ဒေး သူတောင် မေ့နေမှတော့ ငါမေ့တာက အပြစ် မဟုတ်တော့ဘူးပေါ့ကွ။
ဒီနေ့က နှစ်ပေါင်း ၁ဝဝ အတွင်း အထူးခြားဆုံးနေ့ပါ၊ လူတိုင်း ကိုယ့်အသက်နဲ့ ကိုယ်မွေးတဲ့နှစ် ပေါင်းရင် ၂ဝ၁၇ ရတယ်ဆိုတဲ့ဟာ မှန်ရင်တော့ ငါ့မိန်းမ မနုစာရီ ဖြစ်တော့မှာပေါ့။ အသက် ၆၃၈ ရှိပြီ ဆိုတော့း)
မနုစာရီ ဆိုတာ မင်းသိင်္ခ ဝတ္ထုထဲက အသက် ထောင်ဂဏန်းရှိတဲ့အမျိုးသမီးပါ။
The End