7.08.2009

နိုးထလာသော အာရှနဂါး (သို့ ) ရှန်ဟိုင်း (၂)

ဒီလိုနဲ့  ကျွန်တော်တို့  အဖွဲ့  ဟော်တယ်မှာ ပစ္စည်းတွေချပြီး နန်းတုန်းမြို့ ရဲ့ ရှုခင်းတွေကို ဟော်တယ်ပေါ်ကနေ ကြည့်ရှုတဲ့အခါမှာ နန်တုန်းမြို့ ဟာ စက်ရုံအလုပ်ရုံ အမြောက်အများ ဖွင့်လှစ်ထားတဲ့အတွက် တိုးတက်တယ်လို့  ခေါ်နိုင်ပေမယ့် သဘာဝပတ်ဝန်းကျင်ပိုင်းမှာ ယုတ်လျော့လာတာ တွေ့ ရပါတယ်။
ဘာဖြစ်လို့ လဲဆိုတော့ တစ်မြို့ လုံးဟာ မိးခိုးငွေ့ တွေနဲ့  အုံ့ မှိုင်းလို့ နေပါတော့တယ်။


မီးခိုးတွေ ဖုံးလွှမ်းနေတဲ့ မြို့ နန်တုန်း

ကျွန်တော်တို့  တည်းရတဲ့ အခန်းက ၁၃ ထပ်မှာ ရှိပြီး တစ်မြို့ လုံကို အပေါ်စီးကနေ မြင်နေရပါတယ်။ တိုးတက်မှုနဲ့ အတူ ဆုတ်ယုတ်မှူက ဒွန်တွဲ ပါလာတက်ပါတယ်။


လွှမ်းမောဖွယ်ရာ မြို့ နန်တုန်း



ညရောက်တော့ ဟော်တယ်နဲ့  နီးတဲ့ စားသောက်ဆိုင်မှာ ညစာထွက်စားကြပါတယ်။ စားသောက်ပြီး အပြန်လာ လမ်းမှာ ရယ်စရာအဖြစ်အပျက်တစ်ခု ကြုံခဲ့ပါသေးတယ်။ မျက်နှာချင်းဆိုင်ကနေ လူတစ်ယောက် မျောက်တစ်ကောင်ကို ဆွဲပြီးလာနေတယ်။ မျက်နှာချင်းဆိုင်ဆိုတော့ ကျွန်တော်တို့ လည်းကြည့်ကြတာပေါ့၊ အဲဒီမှာ သူက မျောက်ကို ဂျွှမ်းထိုးခိုင်း၊ ကင်းမြီးကောက် လျှောက်ခိုင်းလိုက် နဲ့ အမျိုးမျိုးဆော့ခိုင်းတော့တာပဲ။ ပြီးလဲပြီးရော ပိုက်ဆံတောင်းပါလေရော။ တရုတ်တွေ ပိုက်ဆံရှာချက်ကတော့ ကြံကြံဖန်ဖန်ကို ရှာတက်တာ ချီးကျူးစရာပဲ။

ကျွန်တော်တို့ လည်း အလုပ်ကို တက်သုတ်ရိုက်လုပ် တော့တာပဲ။ ဘာဖြစ်လို့ လည်းဆိုတော့ ရှန်ဟိုင်းမှာ လည်ချင်လို့ ပေါ့။ ဒီလိုနဲ့  ၅ ရက် ၄ ည နေပြီး သောကြာနေ့ ညနေဘက် အလုပ်ပြီးပြီးချင်း ပစ္စည်းတွေသိမ်း၊ ဟော်တယ်မှာ check out လုပ်ပြီးတာနဲ့  ရှန်ဟိုင်း ကို ညတွင်းချင်း ချီတက်လာခဲ့ပါတော့တယ်................။

ဆက်ပါဦးမည်..............။

7.07.2009

အောက်မေ့ဖွယ် တစ်ချိန်က (၂)

မြန်မာငွေ ၁၈၀ ကျပ် => စင်ကာပူ ၁ ဒေါ်လာ

ကြက်ဥ တစ်ကဒ် => စင်ကာပူ ၈၀ ဆင့်

တီး ၊ ကော်ဖီ => စင်ကာပူ ၄၀ ဆင့်

ထမင်းတစ်ပွဲ => စင်ကာပူ ၂ ဒေါ်လာ

ဘတ်စ်ကား(ရိုးရိုး) => စင်ကာပူ ၄၀ ဆင့် (အနီးဆုံး ခရီး)
(အဲဒီခလုပ်ကို ရွှေခလုပ်ဟု ခေါ်ပါသည်)

ဘတ်စ်ကား(အဲကွန်း) => စင်ကာပူ ၆၀ ဆင့်

တက္ကစီ ခ => စင်ကာပူ ၁ ဒေါ်လာ ၂၀ ဆင့် (မီတာ စမှတ်ဈေး)

စီးကရက်(၂၀ လိပ်ဗူး) => ၄ ဒေါ်လာ ၅၀ ဆင့်

စီးကရက်(၁၀ လိပ်ဗူး) => ၂ ဒေါ်လာ ၇၀ ဆင့်
(၂၀၀၀ခုနှစ် နောက်ပိုင်း မရှိတော့ပါ)

စီးကရက် (၆ လိပ်ဗူး) => ၁ ဒေါ်လာ ၇၅ ဆင့်
(၂၀၀၀ခုနှစ် နောက်ပိုင်း မရှိတော့ပါ)

ပုံပြင်လို့ တော့ မထင်မှတ်ပါနဲ့ ။ လွန်ခဲ့သော ၁၀နှစ်ကျော် အတိအကျ ဆိုရလျှင် ၁၉၉၈ ဝန်းကျင်က ကျွန်တော်တို့  စင်ကျားပူ ရဲ့ ကုန်ဈေးနှုန်း ပါ။ ပထမပိုစ့်မှာ အတိက်ကို ပြန်တမ်းတရင်းနဲ့  အခုပိုစ့်မှာ လွမ်းမောစရာ အနေနဲ့  မှတ်တမ်းတင်လိုက်ရပါတယ်။

ခြွင်းချက် ဈေးနှုန်းတက်လိုလျှင် ပြည်သူတွေကို ကြော်ငြာပါသည်။

7.05.2009

အောက်မေ့ဖွယ် တစ်ချိန်က

ဒီနေ့ မနက် အလုပ် ပိတ်တာနဲ့ ၈နာရီခွဲမှ အိပ်ယာက နိုးလာတယ်။ ဒါနဲ့  နိုးနိုးချင်း မျက်နှာမသစ်သေးဘဲ ဧည့်ခန်းမှာရှိတဲ့ သတင်းစာ အဟောင်းတွေက်ု ဟိုလှန်ဒီလှန် လျှောက်ဖတ်တာ သတင်းတစ်ခု သွားတွေ့ တယ်။ ဘာလဲဆိုတော့ စင်ကာပူက အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပတဲ့ အာရှလူငယ် အိုလံပစ် ပွဲအကြောင်း ဖြစ်ပြီး အဲဒီမှာ ပါဝင်တဲ့ မြန်မာလူငယ်ဘောလုံးအသင်းရဲ့ အုပ်စုပွဲ အဖြေဖြစ်ပါတယ်။

လူငယ်အိုလံပစ် ဖြစ်တာနဲ့ အညီ အသက် ၁၄နှစ်အောက် ဖြစ်ပြီး အလွန်ဆုံးရှိလှ အလယ်တန်းအဆင့် ကလေးတွေ ဖြစ်ပါတယ်။ မြန်မာလူငယ်အသင်းရဲ့ အုပ်စုပွဲစဉ် အကုန်လုံးကို တီးမားဆက် ပိုလီကျောင်းကွင်းမှာ ကျင်းပတာပါ။ ပွဲအဖြေကတော့ အားလုံးသိတဲ့ အတိုင်း ပထမဦိးဆုံး မြန်မာနဲ့ တရုတ်(၃း၇)၊ မြန်မာနဲ့  ကိုရီးယား (၁း၅) ရှုံးတာပါ။ နောက်ဆုံးပွဲ ပါကစ္စတန် နဲ့  (၁း၁) သရေကျပါတယ်။ ပွဲတွေကို ကျွန်တော်မကြည့်ရပါဘူး။

အဲဒီပွဲအဖြေတွေကြည့်ပြီး ကျွန်တော်တို့  အလယ်တန်းကျောင်းသားဘဝ ၁၉၉၀ လောက်က ကျွန်တော်တို့  ကျောင်းမှာ ကျင်းပတဲ့ ကျောင်းဘောလုံးပွဲကို အမှတ်ရစေပါတယ်။ ကျွန်တော်တို့ ကျောင်းအကြောင်း အရင် ရှင်းပြဦးမှာပါ။ ကျွန်တော်တို့ ကျောင်းက အ.ထ.က(၃) တာမွေ ဖြစ်ပြီး ကျောင်းရဲ့ ဘေးမှာ ကျိုက္ကဆံကွင်းကြီး ရှိပါတယ်။

ကျွန်တော်တို့  ၈တန်းနှစ်မှာ ဒီဘောလုံးပွဲ ဖြစ်ပေါ်လာပါတယ်။ တစ်ပတ် တစ်ရက် နောက်ဆုံးချိန် သုံးချိန်ကို အားကစားအချိန် အဖြစ် သတ်မှတ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ပီတီဆရာက ကျွန်တော်တို့  ၈တန်းတွေကို ဘောလုံးကန်ဖို့  လိုက်ပြောပါလေရော။ မိန်းကလေးတွေက အဲဒီအချိန်မှာ ခေတ်စားနေတဲ့ အေရိုးဗစ်လေ့ကျင့်ခန်း လုပ်ရမှာ ဖြစ်တယ်။ ကျန်တဲ့အခန်းတွေ ပြဿနာမရှိပေမယ့် ကျွန်တော်တို့ အခန်းက ပြဿနာရှိပါလေရော။

ကျွန်တော်တို့ ကျောင်း ရဲ့စနစ်ကို အနည်းငယ် ရှင်းပြပါရစေ။ နှစ်တိုင်း အတန်းတင်စာမေးပွဲရဲ့ အမှတ်ပေါင်းကိုကြည့်ပြီး အတန်းခွဲပါတယ်။ ကျွန်တော်တို့  အခန်းက ၈ တန်း အေ ပါ (ကြုံတုန်းကြွှားတာပါ...........P)။ ဆိုတော့သိတဲ့အတိုင်း ယောက်ျားလေး အားလုံးပေါင်းမှ ၁၂ယောက်ပဲ ရှိပြီး တစ်ယောက်က စောစောစီးစီးကို ငြင်းထားတာပါ၊ ဘယ်လိုမှ ကန်လို့ မရတဲ့ အခြေအနေ၊ ရောဂါသည်။ ကျန်တဲ့ ၂၈ယောက်က မိန်းကလေးတွေဖြစ်ပြီး ကျွန်တော်တို့ ရဲ့အသင်းကို လုံးဝကို မမျှော်လင့်တာပါ။ နောက်တစ်ချက်က ဒီယောက်ျားလေး ၁၂ယောက်ထဲက ၃ပုံ ၂ပုံက စာဂျပိုးတွေကြီးပဲ။ ကျွန်တော်လား.....ဟိုစပ်စပ် ဒီစပ်စပ်ပေါ့။

ဒီလိုနဲ့  အုပ်စုတွေခွဲတော့ ကျွန်တော်တို့  အေ အခန်းရယ်၊ အီး အခန်းရယ်၊ အိုင် အခန်းရယ် တစ်အုပ်စုထဲ ကျပါလေရော။ အိုင် အခန်းဆိုတာ နောက်ဆုံးခန်းဖြစ်ပြီး နှစ်ကျတွေချည်းပဲ စုထားတဲ့ အခန်းပေါ့။ လူကောင်ချင်း ဘယ်လိုမှ ယှဉ်လို့  မရတဲ့ အနေအထား...။
ဒီလိုနဲ့  ကန်မယ့်နေ့ ရောက်လာတော့ ပထမဆုံးနေ့ မှာ ကျွန်တော်တို့  အေ နဲ့  အိုင် စကန်ရမယ့်နေ့ ။ တစ်ကျောင်းလုံးလည်း စိတ်ဝင်စားစွာနဲ့  ပွဲအဖြေကို နားစွင့်နေကြတယ်။ ကျန်တဲ့အခန်းတွေက စာဆက်သင်နေတယ်။ မိန်းကလေးတွေကတော့ အားကစားခန်းမထဲမှာ ပီတီ ဆရာမနဲ့  ကျန်ခဲ့တယ်။

ဒီလိုနဲ့  ကွင်းထဲမှာ စကန်တော့ ပထမပိုင်း ၁၀ မိနစ်မှာ ၃ဂိုး အသွင်းခံထားရတယ်။ ဒီလိုနဲ့  ဆက်ဆော့တာ ပွဲပြီးကာနီးတော့ အိုင် ခန်းက သူတို့ အချင်းချင်းနောက်ပြီး သူတို့ ဂိုး သူတို့ ပြန်သွင်းတာ ၂ ဂိုး....။ ပွဲပြီးတော့ တစ်ကျောင်းလုံး အံ့သြ နေတာ ကျွန်တော်တို့  အေ ခန်းက အိုင်ခန်း နဲ့ ကန်တာ ၃ ဂိုး ၂ ဂိုး ဆိုပြီး တကျောင်းလုံး ပြန့် သွားရော။ ကျွန်တော်တို့ လည်း ရှက်ရှက်နဲ့  ဘာမှမပြောဘဲ ဒီအတိုင်းထားလိုက်တယ်။

ဒီလိုနဲ့  နောက်တစ်ပွဲ အီး အခန်း နဲ့  ကန် ရ တဲ့အခါ အီး ခန်းက ကျွန်တော်တို့ ကို ရှိန်ပြီး သေချာကို ကန်တော့ ပါရော။ ပွဲပြီးတော့ အဖြေက ၁၃ ဂိုး ဂိုးမရှိ။ ဂိုးသမားပြောင်းပြောင်းပြီး စောင့်တာ ရှိသမျှ ၁၁ ယောက် ကုန်သွားရော။ ကျွန်တော်တို့  အခန်းလည်း နာမည်ကို တော်တော် ကြီးသွားတယ်။ ကျွန်တော်တို့ အခန်းက မိန်းကလေးတွေဆို ပွစိပွစိကို ဖြစ်ကုန်ရော။ကျွန်တော် ဘဝမှာလည်း ဒီဘောလုံးပွဲလေးဟာ တစ်သက် မမေ့နိုင်ဖြစ်ရော။

အခု ဒီအိုလံပစ် လူငယ် ဘောလုံးပွဲလည်း တရုတ်နဲ့  ပထမပွဲ မှာ ဆွေမျိုးပေါက်ဖော် ဖြစ်လို့  ဂိုးပြန်သွင်းနိုင်ပြီး ဒုတိယ ကိုရီးယား နဲ့ ပွဲက အပြတ်အသတ်ကို ရှုံးတော့တာပါပဲလို့  ကျွန်တော်ထင်ပြီး တစ်ချိန်တုန်းက ကျောင်းက သူငယ်ချင်းတွေကိုလည်း ပြန်ယောင် အောက်မေ့မိပါတယ်။
ဒီလို ငယ်ဘဝဆိုတာလည်း ပြန်ယူလို့ မှ မရတော့တာ၊ အဲဒီအတွက် ကျောင်းတုန်းက သူငယ်ချင်းတွေကို အောက်မေ့သတိရပြီး ကျွန်တော့်ဘလောဂ်ပေါ်မှာ မှတ်တမ်းတင်လိုက်ပါတယ်။

ငယ်သူငယ်ချင်းများ အားလုံ့းကို သတိရလျက်...........................

7.04.2009

နိုးထလာသော အာရှနဂါး (သို့ ) ရှန်ဟိုင်း (၁)

လွန်ခဲ့တဲ့ တစ်နှစ်ခန့်  ဇွန်လတုန်းက အလုပ်ကိစ္စတစ်ခုနဲ့  တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ကို သွားဘို့ အကြောင်းပေါ်လာတယ်။ သွားရမယ့်ကိစ္စကလည်း ကျွန်တော်တို့ ဆီကရောင်းထားတဲ့ ပစ္စည်းကို စမ်းသပ်ဘို့ အတွက် ကျွန်တော်ရယ်၊ ကိုရီးယား အင်ဂျင်နီယာ ၅ယောက်ရယ် သွားရမှာဖြစ်ပြီး ကိုရီးယား အင်ဂျင်နီယာတွေနဲ့  ရှန်ဟိုင်းလေဆိပ်မှာ ဆုံကြရမှာပါ။


ပြီးတော့ ရှန်ဟိုင်းကမှ ၂နာရီ ၄၅မိနစ် ကြာ ကားမောင်းရမဲ့ နန်တုန်း(Nang Tong) ဆိုတဲ့မြို့ ကို အတူတူ သွားကြရမှာပါ။ ခရီးစဉ်ကတော့ ကျွန်တော့်အတွက် ရှုပ်ထွေးစရာ ကောင်းပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ဒီအင်ဂျင်နီယာတွေကို တခါမှလည်းမတွေ့ ဖူးဘူး။ ဒါနဲ့ ပဲ စင်ကာပူဖလိုက်နဲ့  ညတစ်နာရီမှာ စင်ကာပူကနေ ကျွန်တော် ထွက်လာခဲ့တယ်။


စင်ကာပူကနေ ရှန်ဟိုင်းထိ ၅နာရီခွဲ လေယာဉ်စီးခဲ့ ရတယ်။ ရှန်ဟိုင်းကို နံက် ၆နာရီခွဲ မှာ ရောက်သွားတယ်။

စင်ကာပူနဲ့  တရုတ်နဲ့ က စံတော်ချိန် အတူတူပဲ။ ဒါနဲ့  လေဆိပ်က အင်မီဂရေးရှင်း ဖြတ်တော့ ကျွန်တော့်တို့  ရွှေမြန်မာတွေ ထုံးစံအတိုင်း နဲနဲ ကသိကအောက် ဖြစ်ခဲ့ရတယ်၊ မဗေဒါကို မေးကြည့်ပါ..........သူပိုသိတယ်............D)


ဒါနဲ့ ပဲ ကျွန်တော် ကိုရီးယား ဖလိုက်ကို စောင့်ရဦးမှာမို့  အချိန် စုံစမ်းကြည့်တော့ ၁၁နာရီခွဲမှ ရောက်မှာဖြစ်တယ်။ ကျွန်တော့်မှာ ၅နာရီ လုံးလုံး လေဆိပ်ထဲ နေရမယ့်ပုံ၊ ဘယ်မှလည်းမသွားရဲဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်မှ တရုတ်လို မပြောတက်တာ။ လေဆိပ်ထဲမှာတော့ အင်္ဂလိပ်လိုပြောလို့ ရတယ်။ ဒါနဲ့ ဘဲ လေဆိပ်မှာ ကျွန်တော်လည်း ဟိုလျှောက် ဒီလျှောက်နဲ့  ၁၁နာရီခွဲထိ စောင့်လိုက်ရတယ်။


ရှန်ဟိုင်းလေဆိပ်ရဲ့ ထူးခြားချက်က တစ်ခုခုကြော်ငြာရင် အဂ်လိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ဘာသာ၎မျိုးနဲ့  ကြော်ငြာတယ်။ ဒီလိုနဲ့  ၁၁နာရီခွဲတော့ ကိုရီးယားလေယာဉ် ဆိုက်ရော၊ ဒါနဲ့  ကျွန်တော်လည်း စာရွက်လွတ် မှာ သူတို နာမည်ရေးပြီး ထွက်ပေါက်ကနေ စောင့်နေလိုက်တယ်။


ကျွန်တော်တို့ စုမိကြပြီး နာရီဝက်လောက်ကြာတော့ တရုတ်တာဝန်ခံ ရောက်လာပါတော့တယ်။ သူကတော့ အီးလို နဲနဲ ရတယ်။ ဒီလိုနဲ့ ပဲ ကျွန်တော်တို့ အဖွဲ့  နန်တုန်း ကို ခရီးဆက်ခဲ့ကြပါတယ်။ ရှန်ဟိုင်းကနေ နန်တုန်းကို ကားစီးရတာ၂နာရီ ၄၅မိနစ် ကြာပြီး လမ်းမှာ မြို့ တွေအများကြီး ဖြတ်သွားရတယ်။


တစ်ခုသတိထားမိတာက သူတို့ ရဲ့ အဝေးပြေးလမ်းတွေ အကုန်လုံးက စလုံးက အဝေးပြေးလမ်းတွေပုံစံအတိုင်း ဆောက်လုပ်ထားတာပါ။ လမ်းဘယ်လောက် ကောင်းလည်းဆိုရင် ကားဟာတစ်ချိန်လုံး ကီလိုမီတာ ၁၁၀ အထက် ကနေမောင်းနေတာ ကျွန်တော်တောင် ဘုရားတယူရတယ်။ လမ်းတလျှောက် တိုးရ်ဂိတ်တွေကလည်း အများကြီးပဲ။ တိုးရ်ဂိတ်အကျော် လမ်းတစ်ဖက် တစ်ချက်ဟာလည်း လူတိုင်းလမ်းဘေးမှာ ဆီးသွားကြပြီး သေးစော်ဖုန်းလွှမ်းနေပါတော့တယ်။


လမ်းကမြို့ တွေ ဖြတ်တဲ့အခါမှာလည်း မြို့ တွင်းလမ်းကသွားစရာမလိုဘဲ မြို့ ပေါ်ကဖြတ်ဖောက်တားတဲ့ မိုးပျံလမ်းတွေကနေ ဖြတ်သန်းသွားရတာလည်း ထူးခြားမှူတစ်ခုပါပဲ။


ဒီလိုနဲ့ ပဲ ကျွန်တော်တို့ ကားလေးဟာ ညနေ ၆နာရီ ကျော်ကျော်လောက်မှာ နန်တုန်းမြို့ လေးထဲကို ဝင်ရောက်လာပါတော့တယ်။






နန်တုန်းမြို့ ရဲ့ ညနေခင်းအလှ


နန်တုန်းမြို့ ဟာဆိုရင် စင်ကာပူလောက် ရှိပြီး အံ့မခန်း တိုးတက်နေတာကို တွေ့ ရပါတယ်။ ကျွန်တော်ထင်တဲ့ အေးအေးဆေးဆေး နယ်မြို့ မဟုတ်ဘဲ ခေတ်မှီတိုးတက်လာတဲ့ မြို့ ပြတစ်ခုဖြစ်နေပါတယ်။ စက်မှုဇုံမြို့ ဖြစ်ပြီး ဂျပန်စက်ရုံ အမြောက်အများ လာရောက်ဖွင့်လှစ်ထားပါတယ်။

နန်တုန်းမြို့ လည်တစ်နေရာ

ဒီလိုနဲ့ ပဲ ကျွန်တော်တို့ တည်းရမယ့် ဟော်တယ်ကို ရောက်လာပါတော့တယ်.................။

ဆက်ပါဦးမည်..............။









7.03.2009

သတိ (နောက်ဆက်တွဲ)

မနေ့ ကတင်တယ့် spy cam ball pen အကြောင်းပိုစ့် မှာ အဲဒီ spy cam ဘောလ်ပင် အကြောင်းကို စိတ်ဝင်စားစွာဖြင့်မေးလာတယ့်အတွက် စလုံးမှာ ရှိကြတယ့် ရွှေညီအမတွေ သိသင့်တယ် ထင်လို့  အောက်မှာ
လင်ခ့်ပေးလိုက်ပါတယ်။ ရွှေကိုကိုတို့ လည်း စိတ်ဝင်စားရင် လေ့လာလို့ ရပါတယ်။

ကိုဘွိုင်း ကျေနပ်မယ်လို့ ထင်ပါတယ်............D)

http://shop.ebay.com.sg/?_from=R40&_trksid=p4634.m38.l1311&_nkw=spy+pen&_sacat=See-All-Categories

7.02.2009

သတိ

ဒီနေ့  စင်ကာပူထုတ် တူဒေးသတင်းစာမှာ ပါတယ့် အမှုတစ်ခုကတော့ မိန်းကလေးတွေအတွက် သတိထားရမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်၊ mini skirt ဝတ်တဲ့ မမတို့ ဂရုစိုက်ပါ။ အမှုအကျဉ်းချုံးကတော့ မိန်းကလေးတစ်ယောက် သူ့ ရုံးသွားဖို့  အငှါးကားငှါးစီးတာ အဲဒီကားဒရိုင်ဘာက spy cam နဲ့  မှတ်တမ်းတင်ထားလိုက်တာ ဖြစ်ပါတယ်။

နည်းပညာ တိုးတက်နေတဲ့ ဒီခေတ်မှာ spy cam ဆိုတာလည်း တော်ရုံလူ သတိမထားမိနိုင်ပါဘူး။ အဲဒီ spy cam ကလည်း ရိုးရိုးလေးပါပဲ၊ ဘောလ်ပင် လေးပါပဲ။

ကားသမားက အဲဒီဘောလ်ပင်ကို သူ့ ရဲ့ ဘယ်ဘက်ခြမ်း ရှေ့ထိုင်ခုံ နှစ်ခုံကြားမှာ ထောင်ထားတယ်၊ ကားပေါ်စတက်တော့ ကားမောင်းနေရင်းနဲ့  ဘောလ်ပင်ကို လှည့်ပြီး target ကို ချိန်တယ်။ ဒါပေမယ့် ကားသမားမှားသွားတဲ့ အချက်က ဒီမိန်းကလေးက ဒီဘောလ်ပင် အကြောင်းကို သိနေတယ်၊ ဒီဘောလ်ပင်ကို လည်း စလုံးက e-bay မှာ ကြောငြာထားတယ်။

ဒါကြောင့် သူ့ ရဲ့ ဟန်းဖုန်းထုတ်ပြီး ဓါတ်ပုံရိုက်၊ ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်။ သူမအနေနဲ့  အံ့သြတာကလည်း ကားသမားဟာ သူ့ အဖေအရွယ် ဖြစ်နေပြီး ဒီလို မလုပ်သင့်ဘူးလို့  သူမြင်တယ်။
ဒါ့ကြောင့် စလုံးမှာ နေထိုင်ကြတဲ့ ရွှေမြန်မာ ညီမတွေလည်း သိပ်မတို ကြပါနဲ့ လို့  သတိပေးခြင်တယ်။

တိုမယ်ဆိုလည်း သတိမလွတ်ကြပါနဲ့ .......

နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ ဘာကိုမှ ယုံလို့  မရပါဘူး။ ဒီသတင်းကို ရွှေညီအမတွေလည်း အချင်းချင်း လက်တို့ လိုက်ပါလို့ ပြောကြားရင်း....................။

(ဒီဇိုင်းနာ မမတို့ရေ ဖြစ်နိုင်ရင် မြန်မာ့ရိုးရာထမီကို ခေတ်ပေါ်ဒီဇိုင်းထွင်ပြီး penisula မှာတင်ရောင်းကြပါလို့ )

7.01.2009

ဂျင်ဆင်းကြက်စွပ်ပြုတ်

မနေ့ က သူငယ်ချင်းတစ်ယောက် နေမကောင်းဖြစ်တယ် ကြားတော့ ဒီနေ့ ရုံးကအပြန် သူနေတဲ့နေရာကို သွားပြီး လူနာသတင်း သွာမေးတယ်။ သူဖြစ်တာကလည်း အခု လတ်တလော စလုံးမှာ ခေတ်စားနေတဲ့ နှာစေး ချောင်းဆိုးပါ၊ သိပ် အကြီးအကျယ် မဟုတ်ပါဘူး။ ဒါပေမယ့် အခု စလုံးမှာ အဲ့ဒီဟာ မဖြစ်ရင် ခေတ်မမှီတော့ သလို ဖြစ်နေတယ်။

ဒါနဲ့ ဘဲ သူအိမ်ရောက်တော့ သူငယ်ချင်းနဲ့  ဆေးခန်းအတူသွား ပြီးတာ့ ညနေစာကို အဲ့ဒီနားက Tiongbaru Plaza အပေါ်မှာဖွင့်ထားတဲ့ Koppitian မှာ ညနေစာ အတူတူ စားကြတယ်၊ အဲဒီက ကိုရီးယား ဆိုင်မှာ ရရှိတဲ့ ဂျင်ဆင်းကြက်စွပ်ပြုတ်ရည် ကို ဘလောဂ်ဂါ မောင်နှမများအတွက် လမ်းညွှန်လိုက်ပါရစေ။ ကျွန်တော် ကိုရီးယားမှာ တခါစားခဲ့ရတယ်။

လူမမာများအတွက် အသင့်တော်ဆုံး အစားအစာလို့  ကျွန်တော်မြင်တယ်။ ကိုရီးယားလို ဘယ်လိုခေါ်လဲ ကျွန်တော်မသိပါ၊ မဗေဒါ သိမှာပါ ................D။ သူချက်ထားတဲ့ပုံက ၈လ နဲ့  ၆လ (တခုခု)ကြက်ကို ဂျင်ဆင်းနဲ့ ရောပြီး စွပ်ပြုတ် လုပ်ထားတာပါ၊ ကြက်ဗိုက်ထဲမှာ ထမင်းထည့်ထားတာပါ။

အောက်ကပုံကတော့ ကိုရီးယား မှာ စားခဲ့တုန်းက ရိုက်ခဲ့တာပါ၊
စားချင်စဖွယ်စွပ်ပြုတ်ပုံ


စားမဲ့ဝါးမယ့် ကျွန်တော်တို့ အဖွဲ့ 

ကိုရီးယားမှာ စားတုန်းကတော့ ဂျင်ဆင်း အရည်တစ်ခွက်ပါတိုက်တယ်၊ စလုံးမှာတော့ မပါဘူး။ စလုံးမှာတော့ ဈေးနှုန်း ၂မျိုးနဲ့  ရောင်းပြီး ကြက်တစ်ခြမ်းကို ၆ ဒေါ်လာ၊ တစ်ကောင်လုံးကို ၁၁ဒေါ်လာ ဖြစ်ပါတယ်။ အရမ်းကို အဟာရဖြစ်တဲ့ အစားအစာဖြစ်လို့  ဘလောဂ်ဂါ မောင်နှမတွေ အတွက် ကြော်ငြာခ တစ်ပြားမှ မရဘဲ ဝေမျှလိုက်ပါတယ်။

ဘလောဂ်ဂါ မောင်နှမများ ကျန်းမာ ဝဖြိုး အလှတိုးကြပါစေ...............P။