Wednesday, February 20, 2008

"အလွဲ"



ဒီကဗျာလေးကတော့ ရေးခဲ့သမျှထဲ အကြိုက်ဆုံးပါပဲ.. ခံစားနားလည်နိုင်ကြမယ်လို့လည်းမျှော်လင့်ပါတယ်.. ကဲအားပေးကြပါအုံးဗျာ .. :D



စိတ္တဇ. . . . .
ဒီခေါင်းစဉ်အောက် ငါ့အသွေးသားတွေလှည့်ပတ်ကြ
သံယောဇဉ်တွေ စီးဆင်းကြ . .
မထင်မှတ်ဘဲ လမ်းလွဲသွားတယ် . . သူသဘောကျတာ
နတ်ဆိုးတစ်ပါးရဲ့ အတွင်းသားတဲ့ . . . . ။ ။

Sunday, February 10, 2008

"အမှောင်နေ့ရက်များ"


ခပ်ပျပျအလင်းရောင် အရောင်တွေမှိန်သွားတာကြောင့်

အမှောင်ထဲမှာသုံးရက်လောက်နေရအုံးမယ်..

တစ်ခုခုမှားယွင်းသွားတဲ့ မင်းနဲ့ငါကြား

ဆက်ဆံရေးတွေတော့ ရေခဲမှတ်အောက်ရောက်နေခဲ့ပြီ

ဘယ်လိုလဲ..မနက်ဖြန်တွေက ဘာတွေများ ငါ့အတွက်သယ်လာမလဲ....။ ။