
ကြယ်တွေကြည့်ရင်းထွက်ကျလာတဲ့ ခံစားချက်တစ်ခုပါ . .
" ကြယ် "
ကြယ်တွေကိုကြည့်ရတာ
မင်းနဲ့တူတူလာတယ်. . .
လက်တစ်ကမ်းအကွာမှလိုလိုနဲ့
တကယ်က အလင်းနှစ်ပေါင်းများစွာ ဝေးကွာနေတယ် . .
ငါကငေးကြည့်ရုံပဲ တတ်နိုင်တာပါ
နီးစပ်ဖို့ဆိုတာက မင်းကိုယ်တိုင်
ကြွေဆင်းလာမှပဲဖြစ်မှာ . .
အဲ့လိုဆိုပြန်တော့ မင်းကိုကြွေခိုင်းရမှာ အားနာတယ်
ဒီတော့က ငါ့ဝေဒနာငါပဲ ပြန်မျိုချလိုက်တယ်
ခါးလည်းခါးပစေတော့လေ . . . . ။ ။
