Monday, July 16, 2007

"သိမ်းထုပ်ထားသော ရင်ဝှက်စာများ(၁) "

အဲ့ဒီနေ့မှာမှကောင်းကင်ကလည်းလိုအပ်တာထက် ပိုမှိုင်းညို့နေတယ် .. ရင်ခွင်ချင်းအပ်ငိုကြွေးခဲ့ကြတာလည်းအဲ့ဒီနေ့မှာပဲ . .နောက်ဆုံးဆိုတဲ့အသိစိတ်တွေနဲ့ပေါ့ . .မဖြစ်နိုင်တော့ဘူး
ဆိုတဲ့ စကားလေးတစ်ခွန်းအတွက် နှစ်တွေလတွေကြိုးစားတည်ဆောက်လာခဲ့တဲ့သံယောဇဉ်တွေ မြေမြုပ်ခဲ့ရ
တာရင်နာစရာတောင်ကောင်းနေသေးတယ်..ရွေးချယ်စရာသိပ်များတဲ့ လူ့ဘ၀မှာ ငါတို့နှစ်ယောက်အတွက်
ရွေးချယ်စရာက ဒီတစ်ခုထဲတဲ့လား..
ဒါမှမဟုတ်တခြားရွေးချယ်စရာတွေ မမြင်ခဲ့ကြတာလား..အနေဝေးသွားလည်း သတိတရတော့ရှိနေပေးပါ ..မင်းပြောခဲ့တာပေါ့ အဲ့ဒီစကားတစ်ခွန်းကြောင့်ခုထက်ထိငါစိတ်ကိုငါလှောင်ပိတ်
ထားခဲ့တာ .. မင်းကြောင့်ပဲ 21%သာပါတဲ့ oxygen ကိုရူသွင်းရတာငါ့အတွက်ပိုခက်ခဲလာတယ်..ငါတို့နှစ်ယောက်ကြားပျော်ရွင်စရာတွေသိပ်များခဲ့တယ် .. ချည်နှောင်မှုတွေသိပ်များခဲ့တယ် ..မင်းလက်ကို
တွဲထားတုန်းက အသည်းကွဲ ဝေါဟာရကိုလှောင်ရီခဲ့တယ် .. အခုတော့ ပျော်ရွင်ခဲ့တာတွေကငါ့ကိုသတ်တယ်..
ချည်နှောင်မှုတွေက မြေမြုပ်သဂြိုဟ်တယ်.. အသည်းကွဲဝေါဟာရက ငါ့အရိုးပြာကိုလှောင်ရီတယ် .. အနှစ်နှစ်
အလလ ကြိုးစားခဲ့တာတွေရဲ့ရလာဒ်က ဒါပဲလား..ခွဲခွာချင်လို့မဟုတ်ပါဘူး မတတ်သာလို့ပါ .. အဲ့စကားတစ်
ခွန်းကိုဓါးသွားလိုစိုက်ချပြီး ငါ့ရပ်ဝန်းက မင်းထွက်ခွာသွားခဲ့တာကြာခဲ့ပြီဖြစ်တဲ့အတိတ်မှာ.. ဒါပေမယ့် စိုက်သွင်း
ခဲ့တဲ့ဓါးသွားက ပြန်နုတ်ဖို့ခက်နေတုန်း.. ဘာတဲ့ မတတ်သာလို့ပါ ..မတတ်သာလို့ပါ.ဘာလို့လဲဘာကြောင့်လဲ
မသိခဲ့ရဘဲ မတတ်သာလို့ပါ ဆိုတဲ့စကားတစ်ခွန်းကြောင့် ငါကိုယ်တိုင်ဆုတ်ဖြဲခဲ့တဲ့ သံယောဇဉ်က အခုထက်ထိ ဒဏ်ရာဗရပွနဲ့ အသွေးသားတွေထဲ စီးဆင်းနေတုန်းပဲ..နောက်ဆုံးရဲ့ ခက်ဆစ်က ဘာမှဆက်မဖြစ်တော့တာ
လို့ထင်နေပြီးမင်းကသက်သက်သာသာပဲနေတယ် .. ငါကမင်းမမြင်ခဲ့တဲ့ နောက်ဆုံးဆိုတဲ့နောက်ကွယ်ကမင်း
မမြင်ခဲ့တဲ့ခက်ဆစ်တွေနဲ့ အနည်ထိုင်နေခဲ့တာ .. ကောင်းကင်ပြိုကတည်းကဆိုပါတော့ .. မင်းသိလားနောက်
ဆုံးဆိုတဲ့နောက်ကွယ်က ခက်ဆစ်ရဲ့အဓိပ္ပါယ်ကဘာလဲဆိုတာ.. ကဲခင်ဗျားတို့ရောသိကြပါလား...။ ။