မွေးရပ်မြေနဲ့ ရိုးရာအစားအစာတွေဆိုတာ လွမ်းဆွတ်စရာတွေ မဟုတ်လားဗျာ။ ကျွန်တော်လွမ်းသလို ခင်ဗျားတို့လည်း လွမ်းနေကြမယ်ဆိုတာ မမေးလည်းသိနေတယ်လေ။ ကျွန်တော်တို့ မွေးရပ်မြေ ရှမ်းပြည်နယ်မှာ ငယ်ငယ်က ပျော်ပွဲရွှင်ပွဲတွေနဲ့ ပျော်ရွှင်ခဲ့ကြတာတွေ၊ ရိုးရာအစားအသောက်တွေ နဲ့ စိတ်ချမ်းသာဖွယ် အချိန်တွေကိုဖြတ်သန်းခဲ့ကြရတယ်မဟုတ်လား။ ကျွန်တော်ကတော့ ပြန်မရနိုင်တော့တဲ့ ငယ်ဘဝတွေကို အမြဲလွမ်းတယ်ဗျာ။ ခုလို မွေးရပ်မြေနဲ့ ဝေးကွာနေတဲ့ အချိန်မှာ ကျွန်တော့်တို့ သူငယ်ချင်းတွေ စုဝေးမိတိုင်း ငယ်ဘဝကပျော်စရာတွေကို လွမ်းဆွတ်တမ်းတရင်း ရိုးရာစာတွေကို မကြာခဏဆိုသလို ပျော်ရွှင်စွာ လုပ်စားဖြစ်တယ်။ ခုလုပ်စားဖြစ်တဲ့ အင်းသားရိုးရာ ဟင်းထုပ်အကြောင်းလေး ခင်းဗျားတို့ကို ဓာတ်ပုံလေးတွေနဲ့ ပြောပြပေးမယ်နော်။ ဟင်းထုပ်လို့ပြောရင် ရှမ်းပြည်တောင်ပိုင်းကလူတွေ ချက်ချင်းသိပြီး မျက်စိထဲ ဂျူးမြစ် နဲ့ ငရုပ်သီး ကြော်အနီတောင့်လေးတွေ ပြေးမြင်မိမယ်ဆိုတာ ကျွန်တော်အတတ်ပြောရဲတယ်။ ကျွန်တော်ပြောတာ ဟုတ်တယ်မလား။ ပြောရင်းဆိုရင်း ခုစာဖတ်နေရင်းနဲ့ကို ခင်းဗျားသွားရည်ယိုနေ ပါပြီဗျာ။ ရှမ်းပြည်တောင်ပိုင်းလို့ ဘာလို့သတ်သတ်ခွဲပြောရတာလဲဆိုတော့ ကျွန်တော့် သူငယ်ချင်း မြောက်ပိုင်းသားတွေက ဟင်းထုပ်ဆိုတာကို မသိလို့ဗျ။ သူတို့ဘာလို့မသိတာလဲ ခင်ဗျားသိလား။ ဟင်းထုပ်ဆိုတာ ရှမ်းပြည်တောင်ပိုင်းက အင်းသားရိုးရာစားစရာဖြစ်နေလို့ပဲဗျ။ ကဲပါလေ.. ပြောနေတာကြာပါတယ်၊ အောက်မှာ ဓာတ်ပုံလေးတွေနဲ့ ရှမ်းပြည်တောင်ပိုင်းက အင်းသားရိုးရာ ဟင်းထုပ်ကို တစ်ဆင့်ချင်း ဘယ်လိုလုပ်သလဲ ဆိုတာ ကြည့်ရင်း သွားရည်ယိုကြရအောင်လားဗျာ။
ကြက်သွန်မြိတ်ကို သေးသေးလေးတွေဖြစ်အောင်လှီး။
ဆန်နဲ့ကောက်ညှင်းကြိတ်ထားတာထဲကို ကြက်သွန်မြိတ်နဲ့ ဆီ၊ဆား ရော။
(ကြိတ်စက်မရှိရင် အဆင်သင့်ဝယ်လို့ရတဲ့ ဆန်မှုန့်နဲ့ကောက်ညှင်းမှုန့်ကိုရေနဲ့ရောလုပ်လည်းရတယ်။)
သမအောင်မွှေပြီး အပေါ့၊အငံမြည်း။
ပျော့ပြီးလုပ်ကိုင်ရလွယ်ကူအောင် ငှက်ပျောရွက်ကို မီးကင် (သို့) နေလှန်း။
ငှက်ပျောရွက်ထဲ ဒီလိုထည့်။
လှပအောင်ခေါက်ပြီး တုတ်တံလေးနဲ့ထိုး။
ပေါင်းအိုးနဲ့ နာရီဝက်ခန့်ပေါင်း။
ကြက်သွန်ဖြူဆီကျက်လေးကို အရောင်လှလှလေးလုပ်။
အနံမွှေးမွှေးလေးဖြစ်လာရင်ပေါင်းအိုး ကိုဖွင့်ကြည်လိုက်ဦး။
အိုးထဲက ထုတ်ထားတဲ့ ပူပူနွေးနွေး ဟင်းထုပ်။
ဆန်းလုံးစိကြော်လေးနဲ့ဆို လိုက်ဖက်တယ်။
ဂျူးမြစ်၊ ငရုတ်သီးကြော် နဲ့ နံနံပင်လေးထည့်။
မန်ကျည်းအချဉ်ရည်စပ်စပ်၊ ရေနွေးကြမ်းလေးနဲ့။
ကဲ...စားဖို့အဆင်သင့်ဖြစ်ပြီဗျာ။
အင်းလေးရိုးရာ ဟင်းထုပ် လုပ်နည်းကတော့ ရှင်းရှင်းလေးနဲ့ လွယ်လွယ်လေးပါပဲ။ အပေါ့၊ အငံ နဲ့ အပျော့အမာကတော ခင်ဗျားတို့ရဲ့တွေ့အဲကြုံနဲ့ လက်ဆပေါ်မှာမူတည်တယ်ခင်ဗျ။ မစားဖူးမကြားဖူးသူတွေ ဗဟုသုတနဲ့၊ စားဖူးပြီး မလုပ်တတ်တဲ့သူတွေကောအတွက် ကျွန်တော် ပြောပြတာလေး တွေက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ခင်ဗျားတို့လုပ်စားဖြစ်ရင်လည်း ကျွန်တော့်ကို ခေါ်ဖို့မမေ့နဲ့နော်။ ထပ်စားချင်သေးတယ်ဗျ။