![]() |
ရော့ပွန်းဂိ ဟေးလ်စ် မှ မြင်ရတဲ့ တိုကျိုတာဝါ |
မြန်မာနိုင်ငံကထွက်လာပြီးနောက်ပိုင်း၊ မြန်မာလိုစာရေးရဘို့နဲ့ စကားပြောရဘို့ အခြေအနေသိပ်မရှိပါဘူး။ ဒါကြောင့်စာရေးချင်လာပါတယ်။နောက်ပြီး စကားပြောရတာ ၀ါသနာပါတာကြောင့် ဒီဘလော့ဂ်ကို စရေးဖြစ်ခဲ့ပါတယ်။
November 27, 2010
November 23, 2010
၁၀နှစ်တောင်ကြာခဲ့တယ်
ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ (နိုဝင်ဘာ၂၃ရက်)မနက်မှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့
အင်္ဂလန်နိုင်ငံမှာနေထိုင်သူသားငယ် ကင်မ် အယ်လစ်စ် (၃၃နှစ်) နဲ့ ၁၀ကြာကွဲကွာနေရာက ပြန်လည်တွေ့ဆုံနိုင်ခဲ့ပါပြီ။
![]() |
ဓါတ်ပုံ AP |
November 16, 2010
ရှေ့ကို ဘယ်လိုလုပ်မလဲ
(၀ါရှင်တန်သတင်း) အမေရိကန်အစိုးရရုံး ရဲ့ လက်ထောက်အတွင်းရေးမှုး (သတင်းထုတ်ပြန်ရေးတာဝန်ခံ) ဖီးလစ် ခရိုးလီ က ၁၅ရက်နေ့မှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ အမေရိကန်အစိုးရအနေနဲ့ ရှေ့လာမယ့် ရက်သတ္တပါတ်များမှာ မြန်မာစစ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ဘို့ ပေါ်လစီချမှတ်ထားပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
November 14, 2010
မတွေ့ရတာကြာပြီ
![]() |
ဓါတ်ပုံ APသတင်းဌာန |
ဂျပန်နိုင်ငံသတင်းဌာန နိဟွန်းတယ်ရယ်ဗီ သတင်းဗီဒီယိုစာမျက်နှာ
ဂျပန်စံတော်ချိန် နိုဝင်ဘာလ ၁၃ရက်(စနေနေ့)၂၃း၅၈ ထုတ်လွှင့်မှု
http://headlines.yahoo.co.jp/videonews/nnn?a=20101113-00000044-nnn-int
ဂျပန်နိုင်ငံ TBSသတင်းဌာန သတင်းဗွီဒီယိုစာမျက်နှာ
ဂျပန်စံတော်ချိန် နိုဝင်ဘာလ ၁၄ရက်(တနင်္ဂနွေနေ့)၀၀း၀၂ ထုတ်လွှင့်မှု
http://headlines.yahoo.co.jp/videonews/jnn?a=20101114-00000001-jnn-int
November 13, 2010
တကယ်ပဲ ဒီနေ့လွတ်မြောက်ခဲ့တယ် ဆိုရင်တော့
မြန်မာစစ်အစိုးရနဲ့ နီးစပ်သူများက
ဒီနေ့ ၁၃ရက်နေ့ ညနေ၆နာရီလောက် (ဂျပန်စံတော်ချိန်
ည၈နာရီခွဲ ) လောက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ် ဟာ၊ နေအိမ်အကျယ်ချုပ်မှ
လွတ်မြောက်ပါမယ်လို့ ယော်မိအုရိ သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
တကယ်ပဲ ဒီနေ့လွတ်မြောက်ခဲ့တယ်ဆိုရင်တော့ ဒီလွတ်မြောက်မှုဟာ
၂၀၀၃ခုနှစ်မေလမှာချုပ်နှောင်ခံရပြီး ၇နှစ်ခွဲနီးပါးကြာခဲ့ရာကနေ လွတ်မြောက်မှုလို့ပြောရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့
အမျိုးသားဒီမိုကရေစီ အဖွဲ့နဲ့ ပတ်သက်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်လာပြီးရင် NLD ဗဟိုအလုပ်အမှုဆောင်ခေါင်းဆောင်အချို့နဲ့ ရှေ့ဆက်လုပ်မယ့် အစီအစဉ်များအတွက်
ဆွေးနွေးညှိနှိုင်းပြီး၊ ၇ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အကြောင်းကိုပြန်လည်ကြားယူမယ်လို့သိရပါတယ်။
အဲဒီနောက်မှာသတင်းစာရှင်းလင်းပွဲလုပ်ဘို့ အစီအစဉ်ရှိပါတယ်။
(၂၀၁၀၊နိုဝင်ဘာလ၊၁၃ရက်၊ဂျပန်စံတော်ချိန်၁၅း၅၂။ယော်မိအုရိရှင်းဘွန်း)
ကိုးကား
http://www.yomiuri.co.jp/world/news/20101113-OYT1T00531.htm?from=navr
ဓါတ်ပုံကို အင်တာနက်က ကူးယူပါတယ်။
November 7, 2010
ကျွန်မကတော့ သွားခဲ့ပါတယ်
၂၀၁၀၊နိုဝင်ဘာလ၊၇ရက်နေ့
November 6, 2010
အပေါ်ကပျော့၊ အောက်က ကြွပ်၊ အထဲက အချိုရည်အပြည့်
နိုင်ငံတစ်နိုင်ငံရဲ့
လူမှုပတ်ဝန်းကျင်မှာ ဓလေ့ထုံးစံ တစ်ခု သာမန်ဖြစ်ရိုးဖြစ်စဉ်အဖြစ် ၀င်ရောက်အသားကျလာတဲ့
တိုင်းတပါးရဲ့ မူလသဘာဝအလေ့အထ သတ်မှတ်မှုတွေကို အဲဒီနိုင်ငံရဲ့ subculture အထောက်အကူယဉ်ကျေးမှု
(ဒီမြန်မာပြန်က ကျွန်မစိတ်ကြိုက်သုံးထားတာပါ ) လို့ပြောဆိုကြပါတယ်။
ဂျပန်မှာ၊ အဲ
တိုကျိုမှာလို့ပြောရမလားပဲ။ အချို့သော အိန္ဒိယ အစားအစာဆိုင်တွေ၊ ထိုင်းအစားအစာ။ တူရကီအစားအစာ၊
အီတလီအစားအစာ စသည်ဖြင့်ပေါ့လေ အခြားတိုင်းတပါးကဆိုင်တွေ ဟာရောင်းကောင်းကြပြီး ဂျပန်လူမျိုးတွေကလည်း
တိုင်းတပါးအစားအသောက်တွေကို ခုံခုံမင်မင် စားသောက်ကြတာကို တွေ့ရပါတယ်။
![]() |
မိုးရွာထဲမှာလည်း စောင့်ဝယ်ကြတာပဲ |
Subscribe to:
Posts (Atom)